ဆော်ဒီပရိုလိဂ်ကြယ်ပွင့်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ် ဟီလာလ်ကွင်းလယ်ကစားသမား ရူဘင် နက်ဗက်စ်ကို အရခေါ်ယူပေးဖို့ အသင်းကို အခိုင်အမာ တောင်းဆိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်စ်နဲ့ ရှိနေခဲ့တဲ့ ကာလတုန်းက တောက်ပခဲ့သူဖြစ်ပြီး ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက် ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်လို အသင်းမျိုးမှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့်ကိစ္စဖြစ်လာမှာဖြစ်ပါတယ်။
နက်ဗက်စ်ဟာ အာဆင်နယ်လိုအသင်းမျိုးအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးရှိတဲ့ ကစားသမားဆိုတာတော့ သေချာပြီး အာတီတာက အဲဒါကြောင့်လည်း အသက် ၂၆ နှစ်အရွယ်ကစားသမားကို ခေါ်ပေးဖို့ တောင်းဆိုခဲ့တာလို့ Sport က ဖော်ပြခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်မှာ အလုပ်လုပ်ဖို့ အလွန်ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ယခုနွေရာသီမှာ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ တင်းဘားတို့လို ကစားသမားတွေ ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဒီဆောင်းရာသီ စျေးကွက်မှာ လူအင်အားဖြည့်တင်းချင်နေသေးတာဖြစ်ပါတယ်။
သောမတ်စ် ပါတေးရဲ့ ဒဏ်ရာပြဿနာက နက်ဗက်စ်လိုမျိုး အသင်းလူစာရင်းကို နောက်ထပ် အရည်အသွေးတွေ ထပ်ဖြည့်ပေးနိုင်မယ့်သူမျိုး ခေါ်ယူသင့်တယ်လို့ ထောက်ခံနေပြီး ဒီအပြောင်းအရွှေ့ တကယ်ဖြစ်လာမလားဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အယ္လ္ ဟီလာလ္ကြင္းလယ္ကစားသမား ႐ူဘင္ နက္ဗက္စ္ကို အရေခၚယူေပးဖို႔ အသင္းကို အခိုင္အမာ ေတာင္းဆိုေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္မွာ ဝုလ္ဗ္စ္နဲ႔ ရွိေနခဲ့တဲ့ ကာလတုန္းက ေတာက္ပခဲ့သူျဖစ္ၿပီး ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဆုဖလားစိန္ေခၚေနတဲ့ အာဆင္နယ္လို အသင္းမ်ိဳးမွာ ဘာလုပ္ျပႏိုင္မလဲဆိုတာ စိတ္ဝင္တစား ေစာင့္ၾကည့္ရမယ့္ကိစၥျဖစ္လာမွာျဖစ္ပါတယ္။
နက္ဗက္စ္ဟာ အာဆင္နယ္လိုအသင္းမ်ိဳးအတြက္ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳးရွိတဲ့ ကစားသမားဆိုတာေတာ့ ေသခ်ာၿပီး အာတီတာက အဲဒါေၾကာင့္လည္း အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားကို ေခၚေပးဖို႔ ေတာင္းဆိုခဲ့တာလို႔ Sport က ေဖာ္ျပခဲ့ပါတယ္။
စပိန္လူမ်ိဳးနည္းျပဟာ အာဆင္နယ္မွာ အလုပ္လုပ္ဖို႔ အလြန္ေကာင္းမြန္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး ယခုေႏြရာသီမွာ ဒီကလန္ ႐ိုက္၊ ကိုင္ ဟာဗတ္ဇ္၊ တင္းဘားတို႔လို ကစားသမားေတြ ေခၚယူႏိုင္ခဲ့ေပမယ့္လည္း ဒီေဆာင္းရာသီ ေစ်းကြက္မွာ လူအင္အားျဖည့္တင္းခ်င္ေနေသးတာျဖစ္ပါတယ္။
ေသာမတ္စ္ ပါေတးရဲ႕ ဒဏ္ရာျပႆနာက နက္ဗက္စ္လိုမ်ိဳး အသင္းလူစာရင္းကို ေနာက္ထပ္ အရည္အေသြးေတြ ထပ္ျဖည့္ေပးႏိုင္မယ့္သူမ်ိဳး ေခၚယူသင့္တယ္လို႔ ေထာက္ခံေနၿပီး ဒီအေျပာင္းအေ႐ႊ႕ တကယ္ျဖစ္လာမလားဆိုတာပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News