ဆာကာရဲ့ ကြံ့ခိုင်မှုကို အဖြေပေးခဲ့တဲ့ အာတီတာ
မီခေးလ် အာတီတာက ဘူကာယို ဆာကာက အဆင်ပြေတယ်လို့ ပြောခဲ့ပေမယ့်လည်း လူတန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ယနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နိုင်မှုအပေါ်မှာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်တောင်ပံကြယ်ပွင့်ဟာ နောက်ထပ် ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်နေပေမယ့်လည်း ရက်သတ္တပတ်အတော်ကြာ ဒဏ်ရာရနေလျက်နဲ့ ကစားနေခဲ့ရတာ ဖြစ်ပါတယ်။
ဆာကာဟာ မတ်လနိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ပေးခဲ့ပေမယ့်လည်း အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ဘဲ ပွဲပြီးခါနီး ၁၂ မိနစ်အလိုမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ဆာကာကို မန်စီးတီးနဲ့ပွဲမှာ လူစားလဲခဲ့တဲ့ အာတီတာက မနက်ဖြန်ည လူတန်နဲ့ပွဲမတိုင်ခင်မှာ “သူ အဆင်ပြေပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေး မလုပ်ခဲ့ဘူး။ အနားပဲ ယူခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အချိန်ပိုင်း အပေ့ါစား လေ့ကျင့်ရေးပဲ လုပ်မှာပါ။ သူက ပွဲထွက်ကစားဖို့ အကောင်းဆုံးအခြေအနေမှာ ရှိ၊ မရှိ ကြည့်မှာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:

- Posted In:
- Team News