ဆက်စ်ကို မရခဲ့တဲ့နောက် အာဆင်နယ်တို့ ခေါ်ယူဖို့ အာရုံစိုက်ရတော့မယ့် တိုက်စစ်မှူး ၅ ဦး 1024 576 coyg

ဆက်စ်ကို မရခဲ့တဲ့နောက် အာဆင်နယ်တို့ ခေါ်ယူဖို့ အာရုံစိုက်ရတော့မယ့် တိုက်စစ်မှူး ၅ ဦး

အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ဟာ ဒီနွေရာသီထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘန်ဂျမင် ဆက်စ်ကိုရဲ့ ဆုံးဖြတ်ချက်ကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပေမယ့်လည်း ဆက်စ်ကိုက လိုက်ပ်ဇစ်နဲ့ စာချုပ်သစ် ချုပ်ဆိုပြီး လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့် အဓိကပစ်မှတ်ကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ ဂန်းနားတွေအနေနဲ့ ဒီနွေရာသီမှာ အရခေါ်ယူဖို့ အာရုံစိုက်သင့်တဲ့ နောက်ထပ်တိုက်စစ်မှူး ၅ ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိုင်ဗန် တိုနီ

၈ လပွဲပယ်ပြည့်လို့ ပြန်လာပြီးကတည်းက ရာသီကို ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ အိုင်ဗန် တိုနီကို ဒီနွေမှာ ခေါ်ယူချင်တဲ့အသင်းတွေက တော်တော်လေး များနေပါတယ်။ အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ပထမဆုံးပရီးမီးယားလိဂ် ၂ ရာသီမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့အသင်းမှာသာ ကစားရင် ဒီထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်မှာပါ။
တိုနီရဲ့ ဘက်ပေါင်းစုံကောင်းမွန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းတွေဟာ တိုက်စစ်မှူးကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေဖြစ်ပြီး ဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၄ လူစာရင်းထဲမှာ ရွေးချယ်ခံခဲ့ရပြီးနောက် ပိုမိုကောင်းမွန်တဲ့အသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေးက ပိုများလာပြီဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်က သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ဇန်နဝါရီလတုန်းက ပေါင်သန်း ၈၀ ဝန်းကျင်လောက်နဲ့ ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဒီနွေရာသီမှာတော့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တဲ့ကစားသမားကို အဲဒီထက် အများကြီးပိုနည်းတဲ့စျေးနဲ့ပဲ ရောင်းထုတ်ရတော့မှာပါ။

၂။ အလက်ဇန်းဒါး အီဆက်ခ်

ဒဏ်ရာကြောင့် ၁၀ ပွဲအထိ လွဲချော်ခဲ့ပေမယ့်လည်း အီဆက်ခ်ဟာ ငှက်ကျားတွေအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အထင်ကြီးဖွယ် ရာသီကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့ မြန်နှုန်းနဲ့ နေရာစုံကစားနိုင်စွမ်းက ဘယ်လိုထိပ်တန်းအသင်းတွေအတွက်မဆို သဘောကျစရာအရည်အချင်းတွေအဖြစ်ရှိနေပြီး တော်ရုံတန်ရုံစျေးနဲ့လည်း ခေါ်ဖို့ မလွယ်ကူစေတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ပီအက်စ်အာငြိမှာ စိုးရိမ်နေရတာကြောင့် သူတို့ရဲ့ထိပ်တန်းကစားသမားတွေထဲက တစ်ဦးကို ဒီနွေမှာ မဖြစ်မနေ ထုတ်ရောင်းရမှာပါ။ ဒါပေမယ့်လည်း နယူးကာဆယ်က ဆွီဒင်တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၀၀ ကျော် စျေးသတ်မှတ်ထားပြီး အဲဒီပမာဏက ခေါ်ယူချင်တဲ့အသင်းတော်တော်များများကို လက်တွန့်သွားစေနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

၃။ ဗစ်တာ ဂယော်ကီရက်စ်

အင်္ဂလိပ်ဘောလုံးပရိသတ်အချို့ဟာ ကိုဗင်ထရီစီးတီးမှာ ၃ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဂယော်ကီရက်စ်ရဲ့ အစွမ်းအစကို သိရှိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့်လည်း ဆွီဒင်တိုက်စစ်မှူးဟာ စပို့တင်းလစ္စဘွန်းက ပွဲဦးထွက်ရာသီမှာ ၃၃ ပွဲအတွင်း သွင်းဂိုး ၂၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဂယော်ကီရက်စ်ဟာ စပို့တင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ ကို ထည့်သွင်းချုပ်ဆိုထားပြီး ရုပ်ပိုင်းဆိုင်ရာအားကောင်းသလို အဆုံးသတ်သေချာပြီး ဂိုးဖန်တီးနိုင်စွမ်းလည်းရှိတဲ့ ကစားသမားတစ်ယောက်အတွက် စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူချင်တဲ့အသင်းတွေရှိနေမှာ သံသယဖြစ်စရာမရှိပါဘူး။

၄။ ဒေါမနစ် ဆိုလန်ကီ

ဆိုလန်ကီရဲ့ အရည်အချင်းဟာ ၂၀၁၇ ခုနှစ် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရပြီးကတည်းက မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ကြပြီးသားဖြစ်ပြီး ဘုန်းမောက်ကြယ်ပွင့်ဟာ ၂၀၂၃-၂၀၂၄ ရာသီမှာ ချယ်ရီတွေအတွက် နောက်ဆုံးကစားပေးခဲ့တာဖြစ်နိုင်တယ်လို့ ခံစားရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဆိုလန်ကီဟာ ၂၀၁၇ ခုနှစ်မှာ လီဗာပူးလ်အကယ်ဒမီကနေ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ထိပ်တန်းကလပ်အသင်းအများအပြားအတွက် အလေးအနက်ထည့်သွင်းစဉ်းစားရမယ့်ကစားသမားပါ။ အန်ဒိုနီ အီရာအိုလာရဲ့ အပြင်းအထန် ဖိအားပေးကစားတဲ့ နည်းဗျူဟာအောက်မှာ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိနေတဲ့ ဆိုလန်ကီရဲ့ နည်းဗျူဟာပိုင်း အသားကျအောင် ကစားနိုင်စွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့အရည်အချင်းတွေက လက်မလွှတ်သင့်တဲ့ပစ်မှတ်ဖြစ်လာစေခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့ ဘုန်းမောက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၆၅ သန်းရှိတယ်လို့ သိရပြီး ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းတွေ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ တိုက်စစ်မှူးတစ်ယောက်ဆိုရင်တော့ တန်တယ်လို့ ပြောရမှာပါ။

ဆာဟူ ဂီရက်ဆီ

ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဘွန်ဒက်စ်လီဂါကနေ ကစားသမားသစ်ခေါ်ယူတဲ့အခါတိုင်း ထီထိုးသလို ကောင်းချင်ရင်လည်း အရမ်းကောင်းပြီး သုံးမရလို့ ပစ်လိုက်ရတဲ့ ကစားသမားတွေလည်း ရှိခဲ့တာ အားလုံးလည်း အသိပါပဲ။ ဥပမာပြောရရင် ချဲလ်ဆီးက တီမို ဗာနာဖြစ်ပြီး ဂျာမနီပြန်ရောက်မှပဲ ပုံမှန်ခြေစွမ်း ပြန်ရသွားတာပါ။ ဒါပေမယ့်လည်း ဂီရက်ဆီကို စျေးသက်သက်သာသာနဲ့ ရမှာကလည်း ပရီးမီးယားလိဂ်ကလပ်တွေအတွက် အရဲစွန့်ချင်စရာဖြစ်လာစေပြီး ကစားသမားဘဝ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ ရွှေဖိနပ်ဆုအတွက် ဟာရီ ကိန်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
ဂီနီယာလက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၁၅ သန်းလောက်သာ ရှိပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းတဟုန်ထိုးတက်လာပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်လာနိုင်တဲ့ ကစားသမားတစ်ယောက်အတွက်တော့ တော်တော်လေးစျေးတန်တယ်လို့ ဆိုရမှာပါ။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂီရက်ဆီဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီလိုနည်းပါးတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ခေါ်ယူနိုင်မှာက ဘယ်အသင်းအတွက်မဆို ငြင်းရခက်တဲ့အနေအထားဖြစ်နေမှာ သေချာပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ဒီေႏြရာသီထိပ္တန္းပစ္မွတ္ျဖစ္တဲ့ ဘန္ဂ်မင္ ဆက္စ္ကိုရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြအပါအဝင္ ဥေရာပထိပ္တန္းအသင္းႀကီးေတြက စိတ္ဝင္စားေနခဲ့ၾကတာျဖစ္ေပမယ့္လည္း ဆက္စ္ကိုက လိုက္ပ္ဇစ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး လာမယ့္ရာသီ အသင္းမွာ ဆက္ရွိေနဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဒါေၾကာင့္ အဓိကပစ္မွတ္ကို လက္လႊတ္လိုက္ရၿပီျဖစ္တဲ့ ဂန္းနားေတြအေနနဲ႔ ဒီေႏြရာသီမွာ အရေခၚယူဖို႔ အာ႐ုံစိုက္သင့္တဲ့ ေနာက္ထပ္တိုက္စစ္မႉး ၅ ဦးက ဘယ္သူေတြျဖစ္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိုင္ဗန္ တိုနီ

၈ လပြဲပယ္ျပည့္လို႔ ျပန္လာၿပီးကတည္းက ရာသီကို ေကာင္းမြန္တဲ့ပုံစံနဲ႔ အဆုံးသတ္ႏိုင္ခဲ့တဲ့ အိုင္ဗန္ တိုနီကို ဒီေႏြမွာ ေခၚယူခ်င္တဲ့အသင္းေတြက ေတာ္ေတာ္ေလး မ်ားေနပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ပထမဆုံးပရီးမီးယားလိဂ္ ၂ ရာသီမွာ ၃၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ပိုမိုေကာင္းမြန္တဲ့အသင္းမွာသာ ကစားရင္ ဒီထက္ပိုၿပီး ဂိုးေတြသြင္းယူႏိုင္မွာပါ။
တိုနီရဲ႕ ဘက္ေပါင္းစုံေကာင္းမြန္မႈနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းေတြဟာ တိုက္စစ္မႉးေကာင္းတစ္ေယာက္မွာ ရွိသင့္တဲ့အရည္အခ်င္းေတြျဖစ္ၿပီး ေဆာက္ဂိတ္ရဲ႕ ယူ႐ို ၂၀၂၄ လူစာရင္းထဲမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီးေနာက္ ပိုမိုေကာင္းမြန္တဲ့အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အေရးက ပိုမ်ားလာၿပီျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္က သူတို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးကို ဇန္နဝါရီလတုန္းက ေပါင္သန္း ၈၀ ဝန္းက်င္ေလာက္နဲ႔ ေရာင္းထုတ္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ဒီေႏြရာသီမွာေတာ့ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ေတာ့တဲ့ကစားသမားကို အဲဒီထက္ အမ်ားႀကီးပိုနည္းတဲ့ေစ်းနဲ႔ပဲ ေရာင္းထုတ္ရေတာ့မွာပါ။

၂။ အလက္ဇန္းဒါး အီဆက္ခ္

ဒဏ္ရာေၾကာင့္ ၁၀ ပြဲအထိ လြဲေခ်ာ္ခဲ့ေပမယ့္လည္း အီဆက္ခ္ဟာ ငွက္က်ားေတြအတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ အထင္ႀကီးဖြယ္ ရာသီကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားရဲ႕ ျမန္ႏႈန္းနဲ႔ ေနရာစုံကစားႏိုင္စြမ္းက ဘယ္လိုထိပ္တန္းအသင္းေတြအတြက္မဆို သေဘာက်စရာအရည္အခ်င္းေတြအျဖစ္ရွိေနၿပီး ေတာ္႐ုံတန္႐ုံေစ်းနဲ႔လည္း ေခၚဖို႔ မလြယ္ကူေစတာျဖစ္ပါတယ္။ နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ပီအက္စ္အာၿငိမွာ စိုးရိမ္ေနရတာေၾကာင့္ သူတို႔ရဲ႕ထိပ္တန္းကစားသမားေတြထဲက တစ္ဦးကို ဒီေႏြမွာ မျဖစ္မေန ထုတ္ေရာင္းရမွာပါ။ ဒါေပမယ့္လည္း နယူးကာဆယ္က ဆြီဒင္တိုက္စစ္မႉးအတြက္ ေပါင္သန္း ၁၀၀ ေက်ာ္ ေစ်းသတ္မွတ္ထားၿပီး အဲဒီပမာဏက ေခၚယူခ်င္တဲ့အသင္းေတာ္ေတာ္မ်ားမ်ားကို လက္တြန႔္သြားေစႏိုင္တဲ့ ပမာဏျဖစ္ပါတယ္။

၃။ ဗစ္တာ ဂေယာ္ကီရက္စ္

အဂၤလိပ္ေဘာလုံးပရိသတ္အခ်ိဳ႕ဟာ ကိုဗင္ထရီစီးတီးမွာ ၃ ရာသီၾကာ ကစားခဲ့ဖူးတဲ့ ဂေယာ္ကီရက္စ္ရဲ႕ အစြမ္းအစကို သိရွိထားၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္လည္း ဆြီဒင္တိုက္စစ္မႉးဟာ စပို႔တင္းလစၥဘြန္းက ပြဲဦးထြက္ရာသီမွာ ၃၃ ပြဲအတြင္း သြင္းဂိုး ၂၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းအသင္းေတြရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဂေယာ္ကီရက္စ္ဟာ စပို႔တင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၁၀၀ ကို ထည့္သြင္းခ်ဳပ္ဆိုထားၿပီး ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းသလို အဆုံးသတ္ေသခ်ာၿပီး ဂိုးဖန္တီးႏိုင္စြမ္းလည္းရွိတဲ့ ကစားသမားတစ္ေယာက္အတြက္ စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူခ်င္တဲ့အသင္းေတြရွိေနမွာ သံသယျဖစ္စရာမရွိပါဘူး။

၄။ ေဒါမနစ္ ဆိုလန္ကီ

ဆိုလန္ကီရဲ႕ အရည္အခ်င္းဟာ ၂၀၁၇ ခုႏွစ္ ဖီဖာယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေ႐ႊေဘာလုံးဆုရၿပီးကတည္းက မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ခဲ့ၾကၿပီးသားျဖစ္ၿပီး ဘုန္းေမာက္ၾကယ္ပြင့္ဟာ ၂၀၂၃-၂၀၂၄ ရာသီမွာ ခ်ယ္ရီေတြအတြက္ ေနာက္ဆုံးကစားေပးခဲ့တာျဖစ္ႏိုင္တယ္လို႔ ခံစားရပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ သြင္းဂိုး ၁၉ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဆိုလန္ကီဟာ ၂၀၁၇ ခုႏွစ္မွာ လီဗာပူးလ္အကယ္ဒမီကေန ေခၚယူျခင္းခံခဲ့ရတာျဖစ္ၿပီး ထိပ္တန္းကလပ္အသင္းအမ်ားအျပားအတြက္ အေလးအနက္ထည့္သြင္းစဥ္းစားရမယ့္ကစားသမားပါ။ အန္ဒိုနီ အီရာအိုလာရဲ႕ အျပင္းအထန္ ဖိအားေပးကစားတဲ့ နည္းဗ်ဴဟာေအာက္မွာ ကစားသမားဘဝ အေကာင္းဆုံးပုံစံကို ရရွိေနတဲ့ ဆိုလန္ကီရဲ႕ နည္းဗ်ဴဟာပိုင္း အသားက်ေအာင္ ကစားႏိုင္စြမ္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့အရည္အခ်င္းေတြက လက္မလႊတ္သင့္တဲ့ပစ္မွတ္ျဖစ္လာေစခဲ့တာပါ။ အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားရဲ႕ ဘုန္းေမာက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၆၅ သန္းရွိတယ္လို႔ သိရၿပီး ပရီးမီးယားလိဂ္မွာ ေကာင္းမြန္တဲ့ ဂိုးသြင္းမွတ္တမ္းေတြ ပိုင္ဆိုင္ထားၿပီးျဖစ္တဲ့ တိုက္စစ္မႉးတစ္ေယာက္ဆိုရင္ေတာ့ တန္တယ္လို႔ ေျပာရမွာပါ။

ဆာဟူ ဂီရက္ဆီ

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဘြန္ဒက္စ္လီဂါကေန ကစားသမားသစ္ေခၚယူတဲ့အခါတိုင္း ထီထိုးသလို ေကာင္းခ်င္ရင္လည္း အရမ္းေကာင္းၿပီး သုံးမရလို႔ ပစ္လိုက္ရတဲ့ ကစားသမားေတြလည္း ရွိခဲ့တာ အားလုံးလည္း အသိပါပဲ။ ဥပမာေျပာရရင္ ခ်ဲလ္ဆီးက တီမို ဗာနာျဖစ္ၿပီး ဂ်ာမနီျပန္ေရာက္မွပဲ ပုံမွန္ေျခစြမ္း ျပန္ရသြားတာပါ။ ဒါေပမယ့္လည္း ဂီရက္ဆီကို ေစ်းသက္သက္သာသာနဲ႔ ရမွာကလည္း ပရီးမီးယားလိဂ္ကလပ္ေတြအတြက္ အရဲစြန႔္ခ်င္စရာျဖစ္လာေစၿပီး ကစားသမားဘဝ အေကာင္းဆုံးရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဘြန္ဒက္စ္လီဂါမွာ ေ႐ႊဖိနပ္ဆုအတြက္ ဟာရီ ကိန္းရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာပါ။
ဂီနီယာလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၁၅ သန္းေလာက္သာ ရွိၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ ေျခစြမ္းတဟုန္ထိုးတက္လာၿပီး ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉး ျဖစ္လာႏိုင္တဲ့ ကစားသမားတစ္ေယာက္အတြက္ေတာ့ ေတာ္ေတာ္ေလးေစ်းတန္တယ္လို႔ ဆိုရမွာပါ။ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂီရက္ဆီဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဒီလိုနည္းပါးတဲ့ ေျပာင္းေ႐ႊ႕ေၾကးပမာဏနဲ႔ ေခၚယူႏိုင္မွာက ဘယ္အသင္းအတြက္မဆို ျငင္းရခက္တဲ့အေနအထားျဖစ္ေနမွာ ေသခ်ာပါတယ္။

Arsenal Myanmar

Ref: Internet