စျေးကွက်မပိတ်ခင် အာတီတာ အပြီးသတ်နိုင်ဖွယ်ရှိတဲ့ ပစ်မှတ် ၅ ခု
အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ကစားသမားခေါ်ယူမှု ၃ ခုအထိ ပြုလုပ်ထားပြီးဖြစ်ပေမယ့်လည်း ငွေကြေးသုံးစွဲမှုတွေက မပြီးဆုံးသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ကစားသမားသစ်ခေါ်ယူမှုထက် ကစားသမားထွက်ခွာမှုအပေါ်မှာ အာရုံစိုက်နေတယ်ဆိုပေမယ့်လည်း မြန်မြန်ရောင်းထုတ်နိုင်မယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ ပစ်မှတ်တွေကို အနှေးနဲ့အမြန်ဆိုသလို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်စဖို့ကလည်း ၃ ပတ်တောင်မလိုတော့တာကြောင့် အာဆင်နယ်အနေနဲ့ ပစ်မှတ်ကစားသမားတွေကို ဘယ်လောက်အထိ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိလဲဆိုတာကို Bet365 က တွက်ချက်ခဲ့ပါတယ်။
မိုဟာမက် ကူးဒက်စ်- ၅ လေး ၁ လေး
အာဆင်နယ်ဟာ အိုင်းယက်ကြယ်ပွင့် မိုဟာမက် ကူးဒက်စ်ကို ခေါ်ယူချင်တယ်ဆိုရင် တိုက်ပွဲဝင်ရမှာဖြစ်ပြီး ကစားသမားဟာ ချဲလ်ဆီးနဲ့ သဘောတူညီမှုရခါနီးဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိမှာ အိုင်းယက်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း အာဆင်နယ်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့လတုန်းက ရေပန်းစားခဲ့ရာကနေ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ အိုင်းယက်အသင်းက ကူးဒက်စ်အတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားတာကြောင့် ကစားသမားရောင်းချမှု မြန်မြန်မလုပ်နိုင်ရင် လက်လွှတ်ရနိုင်ပါတယ်။
ဂျာအို ကန်ဆယ်လို- ၆ လေး ၁ လေး
အာတီတာရဲ့အသင်းဟာ မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့ ဇဝေဇဝါဖြစ်နေဆဲဖြစ်ပြီး အာတီတာက ပေါ်တူဂီနောက်ခံလူနဲ့ အစ်တီဟတ်မှာ အလုပ်အတူတူလုပ်ခဲ့ဖူးတာကြောင့် အမ်းမရိတ်စ်မှာ ပြန်လည်ဆုံစည်းနိုင်တယ်လို့ အရင်ကတည်းက သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂွါဒီယိုလာရဲ့လူစာရင်းထဲမှာ ကန်ဆယ်လို ပြန်လည်ပါဝင်နိုင်(၆ လေး ၄ လေး)၊ ဘာစီလိုနာကို ပြောင်းနိုင်(၉ လေး ၄ လေး) ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့နိုင်(၁၁ လေး ၂ လေး)တို့ရဲ့ နောက်မှာ ရှိနေပေမယ့်လည်း အခွင့်အရေးတော့ ရှိနေသေးတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အတွေ့အကြုံရှိပြီး အာတီတာရဲ့ ကစားကွက်နဲ့ ဆင်တူတဲ့ ဂွါဒီယိုလာလက်အောက်မှာ ကစားနေတဲ့ ကစားမသားဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်နိုင်ခြေရှိပေမယ့်လည်း ဘိုင်ယန်မြူးနစ်က ခေါ်ခွင့်ရတာတောင် မခေါ်ဘဲ နေခဲ့တာက စျေးပေါပေါနဲ့ မရနိုင်ဘူးဆိုတာ သက်သေဖြစ်ပါတယ်။
ရိုမီယို လာဗီယာ- ၁၂ လေး ၁ လေး
ခြေစွမ်းပိုင်း အမြင့်တက်လာဆုံးကစားသမားဖြစ်ပြီး အာဆင်နယ်ဟာ ဆောက်သမ်တန်ကွင်းလယ်လူကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ နောက်ကောက်ကျနေပုံပေါ်ပေမယ့်လည်း လက်မလျှော့သေးဘဲ ဆောက်သမ်တန်က လီဗာပူးလ်ရဲ့ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းပယ်ခဲ့သလို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်က လက်ရှိအချိန်အထိတော့ လာဗီယာကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ဦးဆောင်ထားပေမယ့်လည်း အာဆင်နယ်က ချာကာထွက်ခွာသွားပြီးနောက်ပိုင်း ပါတေးလည်း မရေမရာဖြစ်နေတာကြောင့် ကွင်းလယ်ကို အင်အားဖြည့်တင်းချင်နေပြီး ချဲလ်ဆီးအသင်းက ဆောက်သမ်တန်ကြယ်ပွင့်ကို ခေါ်ယူသွားနိုင်ခြေက ၇ လေး ၁ လေးရှိနေပါတယ်။
အူးမရစ် လာပေါ့တ်- ၂၅ လေး ၁ လေး
ကန်ဆယ်လိုရဲ့အပြောင်းအရွှေ့လိုပဲ အာတီတာနဲ့ ရင်းနှီးပြီး စပိန်သားအချင်းချင်းဖြစ်တာကြောင့် လာပေါ့တ်အတွက်တော့ အမ်းမရိတ်စ်က ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်နေပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်မှာ ဂွါဒီယိုလာက ခံစစ် ၄ ဦးကစားကွက်ကို သုံးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ၉၉၃ မိနစ်သာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ လာပေါ့တ်ဟာ အက်သလက်တစ် ဘီလ်ဘာအိုကို ပြန်သွားဖို့ ၁၀ လေး ၃ လေး၊ ဂျူဗင်တပ်ကို ပြောင်းဖို့ ၄ လေး ၁ လေး၊ ဆော်ဒီ အာရေဗျကို ပြောင်းဖို့ ၉ လေး ၁ လေး၊ စပါးစ်ကို ပြောင်းဖို့ ၁၄ လေး ၁ လေး ရှိနေပါတယ်။
ကိုင်လီယန် အမ်ဘာပေ- ၅၀ လေး ၁ လေး
ဘယ်လိုမှ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့လို့ ပရိသတ်တွေ ယူဆထားပေမယ့်လည်း ပီအက်စ်ဂျီကိုယ်တိုင်က အမ်ဘာပေကို အရောင်းစာရင်းထဲ ထည့်ထားတာကြောင့် ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ၂ လေး ၅ လေးနဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း ၂၀၂၄ နွေရာသီကျမှသာ အလွတ်နဲ့ ခေါ်ဖို့ စောင့်နေတာဖြစ်ပြီး ပီအက်စ်ဂျီမှာ ဆက်နေဖို့က ၂ လေး ၁ လေးရှိပါတယ်။ ဆော်ဒီ အာရေဗျကို ပြောင်းဖို့က ၁၂ လေး ၁ လေးရှိပေမယ့်လည်း အမ်ဘာပေက ဥရောပအပြင်ဘက်ကို မသွားချင်ဘဲ ပြင်သစ်မှာပဲ ဆက်နေချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ အမ်ဘာပေကို ခေါ်ယူမယ့်စာရင်းထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း တော်တော်လေး နည်းပေမယ့်လည်း ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့လည်း ဂန်းနားတွေအနေအထားလောက်ပဲ ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးအသင်းဆိုရင် ၁၀၀ လေး ၁ လေးသာ ရှိနေတာဖြစ်ပါတယ်
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News