စောစောစီးစီးလူစားလဲခံခဲ့ရတဲ့ ဟာဗတ်ဇ်ရဲ့ စွမ်းဆောင်ရည်ကို တုံ့ပြန်ခဲ့တဲ့ ဂျာမန်မီဒီယာများ 1024 649 coyg

စောစောစီးစီးလူစားလဲခံခဲ့ရတဲ့ ဟာဗတ်ဇ်ရဲ့ စွမ်းဆောင်ရည်ကို တုံ့ပြန်ခဲ့တဲ့ ဂျာမန်မီဒီယာများ

အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်ဟာ ဟန်ဂေရီကို အနိုင်ရခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့် ရခဲ့ပြီး နာဂယ်စ်မန်းရဲ့အသင်းဟာ အိမ်ရှင်အသင်းဖြစ်တာကြောင့် ဖိအားတွေအောက်မှာတောင် ကောင်းကောင်း ကစားပြနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

စကော့တလန်နဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပြီးနောက် ဂျာမနီက ဟန်ဂေရီနဲ့ပွဲမှာ နောက်ထပ် နိုင်ပွဲတစ်ပွဲ ထပ်မံ ရယူနိုင်ခဲ့တာဖြစ်ပြီး ကိုင် ဟာဗတ်ဇ်ဟာ စကော့တလန်နဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

ဂန်းနားကြယ်ပွင့်ဟာ အဲဒီပွဲမှာ တိုက်စစ်မှူးအဖြစ် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် စကော့တလန်ကို နိုင်ခဲ့တဲ့ပွဲအပြီးမှာ ဂျာမန်မီဒီယာတွေဆီကနေ ချီးကျူးထောပနာပြုသံတွေ အများကြီး ရရှိခဲ့ပေမယ့်လည်း ဟန်ဂေရီနဲ့ပွဲကတော့ ကိုင် ဟာဗတ်ဇ်အတွက် အများကြီးပိုပြီး ခက်ခဲတဲ့ ညနေခင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ကိုင် ဟာဗတ်ဇ်ဟာ နောက်ထပ်တစ်ကြိမ် တိုက်စစ်မှူးအဖြစ်နဲ့ ပွဲထွက်ခဲ့ရာမှာ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ပထမပိုင်း ၅ မိနစ်မှာပဲ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဝီလီ အော်ဘန်ကို ကျော်ဖြတ်ပြီး ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟန်ဂေရီ ဂိုးသမား ပီတာ ဂူလာစီက ဟာဗတ်ဇ်ရဲ့ အနီးကပ်ကန်ချက်ကို အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး အာဆင်နယ်ကြယ်ပွင့်ဟာ ပင်နယ်တီဧရိယာထဲမှာ နောက်ထပ် ခြိမ်းခြောက်မှု များများစားစား မပြုလုပ်နိုင်တော့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ဟန်ဂေရီ နောက်တန်းကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားခဲ့ပေမယ့်လည်း ပြိုင်ဘက် နောက်ခံလူတွေက ဂျာမန်တိုက်စစ်မှူးကို သက်တောင့်သက်သာ ရင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၅၈ မိနစ်မှာ နာဂယ်စ်မန်းက ကိုင် ဟာဗတ်ဇ်ကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးဟာ အဲဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့တာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။

ဟန်ဂေရီနဲ့ပွဲက အာဆင်နယ်ကြယ်ပွင့်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ဂျာမန်နာမည်ကျော် သတင်းဌာနကြီးတွေက အဆင့်သတ်မှတ်ခဲ့ကြပြီး Sky Sports Germany က ၅ မှတ်မှာ ၄ မှတ်အထိ ပေးခဲ့တာဖြစ်ပါတယ်။

“ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ၁၁ မိနစ်အတွင်း ဟန်ဂေရီ ပင်နယ်တီဧရိယာအစွန်မှာ ဝီလီ အော်ဘန်နဲ့ ရင်ဆိုင်ပြီး ထပ်ခါထပ်ခါ ကျော်ဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့ ကန်ချက်က ဂူလာစီကြောင့် ဂိုးရဖို့ သီသီလေး လွဲချော်ခဲ့တယ်။ ဒါပေမယ့် ကစားချိန် တိုးလာတာနဲ့အမျှ သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက လျော့သွားတယ်”လို့ ဖော်ပြခဲ့ပါတယ်။

RAN ကတော့ ကိုင်ဟာဗတ်ဇ်ရဲ့ ခြေစွမ်းကို ၅ မှတ်မှာ ၃ မှတ်သာ ပေးခဲ့ပြီး “ပထမဆုံးအခွင့်အရေးရခဲ့ပေမယ့် အဲဒီမတိုင်ခင် အချိန်တိုအတွင်းမှာ ဂိုးရသင့်တဲ့အခြေအနေမျိုး ပိုရှိခဲ့တယ်။ ၁၁ မိနစ်အပြီးမှာ သူက အော်ဘန်နဲ့ ရင်ဆိုင်ရာမှာ အရမ်းအားကောင်းခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာ အရမ်း မတိကျခဲ့ဘူး။ အဲဒီအပြီးမှာ အမြဲတမ်း ဘောလုံးလိုချင်ခဲ့ပေမယ့် အခြေအနေအချို့မှာ သူမှားယွင်းတဲ့ ဘောလုံးပေးပို့မှု ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ တစ်နာရီနီးပါးအကြာမှာ ဖားခရုဂျ်အတွက် သူ နေရာပေးခဲ့ရတယ်”လို့ ပြောဆိုခဲ့ပါတယ်။

GOAL Germany ကတော့ ၅ မှတ်မှာ ၄ မှတ်အထိ ပေးခဲ့ပြီး “၅ မိနစ်မှာ အထိအခိုက်မရှိတဲ့ အဆုံးသတ်ဖြစ်ခဲ့ပြီး ၁၂ မိနစ်မှာ အများကြီးပိုပြီး အန္တရာယ်ရှိတဲ့ အဆုံးသတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်မှာ နောက်ထပ် များများစားစား ထပ်ပြီး မလုပ်နိုင်တော့ဘူး။ ပွဲစစချင်း အချိန်တွေမှာ ဟာဗတ်ဇ်က ပေါင်းစပ်ကစားပုံမှာ ကောင်းကောင်း ပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြာလာလေ သူ့ရဲ့ အရည်အချင်းတွေကို ဆုံးရှုံးလေဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဖလိုရီယန် ဗာ့ဇ်လည်း သူ့နောက်လိုက်ခဲ့ရတယ်”လို့ ရေးသားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ၾကယ္ပြင့္ ကိုင္ ဟာဗတ္ဇ္ဟာ ဟန္ေဂရီကို အႏိုင္ရခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ ရခဲ့ၿပီး နာဂယ္စ္မန္းရဲ႕အသင္းဟာ အိမ္ရွင္အသင္းျဖစ္တာေၾကာင့္ ဖိအားေတြေအာက္မွာေတာင္ ေကာင္းေကာင္း ကစားျပႏိုင္ဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

စေကာ့တလန္နဲ႔ ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္ကို ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့ၿပီးေနာက္ ဂ်ာမနီက ဟန္ေဂရီနဲ႔ပြဲမွာ ေနာက္ထပ္ ႏိုင္ပြဲတစ္ပြဲ ထပ္မံ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ကိုင္ ဟာဗတ္ဇ္ဟာ စေကာ့တလန္နဲ႔ပြဲမွာ အလြန္ေကာင္းမြန္တဲ့ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။

ဂန္းနားၾကယ္ပြင့္ဟာ အဲဒီပြဲမွာ တိုက္စစ္မႉးအျဖစ္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ သြင္းဂိုး တစ္ဂိုး သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအတြက္ စေကာ့တလန္ကို ႏိုင္ခဲ့တဲ့ပြဲအၿပီးမွာ ဂ်ာမန္မီဒီယာေတြဆီကေန ခ်ီးက်ဴးေထာပနာျပဳသံေတြ အမ်ားႀကီး ရရွိခဲ့ေပမယ့္လည္း ဟန္ေဂရီနဲ႔ပြဲကေတာ့ ကိုင္ ဟာဗတ္ဇ္အတြက္ အမ်ားႀကီးပိုၿပီး ခက္ခဲတဲ့ ညေနခင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ကိုင္ ဟာဗတ္ဇ္ဟာ ေနာက္ထပ္တစ္ႀကိမ္ တိုက္စစ္မႉးအျဖစ္နဲ႔ ပြဲထြက္ခဲ့ရာမွာ ပြဲကို ေကာင္းေကာင္း စတင္ႏိုင္ခဲ့ၿပီး ပထမပိုင္း ၅ မိနစ္မွာပဲ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ၿပီးေနာက္ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ဝီလီ ေအာ္ဘန္ကို ေက်ာ္ျဖတ္ၿပီး ဂိုးေပါက္ကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟန္ေဂရီ ဂိုးသမား ပီတာ ဂူလာစီက ဟာဗတ္ဇ္ရဲ႕ အနီးကပ္ကန္ခ်က္ကို အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစၿပီး အာဆင္နယ္ၾကယ္ပြင့္ဟာ ပင္နယ္တီဧရိယာထဲမွာ ေနာက္ထပ္ ၿခိမ္းေျခာက္မႈ မ်ားမ်ားစားစား မျပဳလုပ္ႏိုင္ေတာ့တာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ဟန္ေဂရီ ေနာက္တန္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ခ်ိတ္ဆက္ကစားခဲ့ေပမယ့္လည္း ၿပိဳင္ဘက္ ေနာက္ခံလူေတြက ဂ်ာမန္တိုက္စစ္မႉးကို သက္ေတာင့္သက္သာ ရင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ၅၈ မိနစ္မွာ နာဂယ္စ္မန္းက ကိုင္ ဟာဗတ္ဇ္ကို လူစားလဲလွယ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ဂ်ာမန္တိုက္စစ္မႉးဟာ အဲဒီ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့တာ ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရပါတယ္။

ဟန္ေဂရီနဲ႔ပြဲက အာဆင္နယ္ၾကယ္ပြင့္ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ဂ်ာမန္နာမည္ေက်ာ္ သတင္းဌာနႀကီးေတြက အဆင့္သတ္မွတ္ခဲ့ၾကၿပီး Sky Sports Germany က ၅ မွတ္မွာ ၄ မွတ္အထိ ေပးခဲ့တာျဖစ္ပါတယ္။

“ပြဲကို ေကာင္းေကာင္း စတင္ႏိုင္ခဲ့ၿပီး ၁၁ မိနစ္အတြင္း ဟန္ေဂရီ ပင္နယ္တီဧရိယာအစြန္မွာ ဝီလီ ေအာ္ဘန္နဲ႔ ရင္ဆိုင္ၿပီး ထပ္ခါထပ္ခါ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ သူ႔ရဲ႕ ကန္ခ်က္က ဂူလာစီေၾကာင့္ ဂိုးရဖို႔ သီသီေလး လြဲေခ်ာ္ခဲ့တယ္။ ဒါေပမယ့္ ကစားခ်ိန္ တိုးလာတာနဲ႔အမွ် သူ႔ရဲ႕ ၿခိမ္းေျခာက္ႏိုင္စြမ္းက ေလ်ာ့သြားတယ္”လို႔ ေဖာ္ျပခဲ့ပါတယ္။

RAN ကေတာ့ ကိုင္ဟာဗတ္ဇ္ရဲ႕ ေျခစြမ္းကို ၅ မွတ္မွာ ၃ မွတ္သာ ေပးခဲ့ၿပီး “ပထမဆုံးအခြင့္အေရးရခဲ့ေပမယ့္ အဲဒီမတိုင္ခင္ အခ်ိန္တိုအတြင္းမွာ ဂိုးရသင့္တဲ့အေျခအေနမ်ိဳး ပိုရွိခဲ့တယ္။ ၁၁ မိနစ္အၿပီးမွာ သူက ေအာ္ဘန္နဲ႔ ရင္ဆိုင္ရာမွာ အရမ္းအားေကာင္းခဲ့တယ္။ ဒါေပမယ့္ အဆုံးသတ္ပိုင္းမွာ အရမ္း မတိက်ခဲ့ဘူး။ အဲဒီအၿပီးမွာ အၿမဲတမ္း ေဘာလုံးလိုခ်င္ခဲ့ေပမယ့္ အေျခအေနအခ်ိဳ႕မွာ သူမွားယြင္းတဲ့ ေဘာလုံးေပးပို႔မႈ ဆုံးျဖတ္ခ်က္ေတြ ခ်ခဲ့တယ္။ တစ္နာရီနီးပါးအၾကာမွာ ဖားခ႐ုဂ်္အတြက္ သူ ေနရာေပးခဲ့ရတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

GOAL Germany ကေတာ့ ၅ မွတ္မွာ ၄ မွတ္အထိ ေပးခဲ့ၿပီး “၅ မိနစ္မွာ အထိအခိုက္မရွိတဲ့ အဆုံးသတ္ျဖစ္ခဲ့ၿပီး ၁၂ မိနစ္မွာ အမ်ားႀကီးပိုၿပီး အႏၲရာယ္ရွိတဲ့ အဆုံးသတ္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ အဲဒီေနာက္မွာ ေနာက္ထပ္ မ်ားမ်ားစားစား ထပ္ၿပီး မလုပ္ႏိုင္ေတာ့ဘူး။ ပြဲစစခ်င္း အခ်ိန္ေတြမွာ ဟာဗတ္ဇ္က ေပါင္းစပ္ကစားပုံမွာ ေကာင္းေကာင္း ပါဝင္ႏိုင္ခဲ့ေပမယ့္ ပြဲၾကာလာေလ သူ႔ရဲ႕ အရည္အခ်င္းေတြကို ဆုံးရႈံးေလျဖစ္ခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ဖလိုရီယန္ ဗာ့ဇ္လည္း သူ႔ေနာက္လိုက္ခဲ့ရတယ္”လို႔ ေရးသားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet