စပါး-မန်စီးတီးပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ်သတင်းများ
ဒီနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်လှုပ်ရှားနေကြပြီး ဒီပွဲရလဒ်ဟာ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီပွဲမတိုင်ခင် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ဖြစ်ပျက်နေတဲ့အရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
-အာဆင်နယ်ပရိသတ်တွေဟာ အင်္ဂါနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မန်ချက်စတာစီးတီးကစားသမားတွေ အနားယူနေတဲ့ မန်ချက်စတာဟိုတယ်အပြင်ဘက်မှာ တနင်္လာနေ့နံနက် ၂ နာရီလောက် မီးရှူးမီးပန်းတွေသွားဖောက်ပြီး အနှောက်အယှက်ပေးခဲ့ပါတယ်။
-အာဆင်နယ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်က ဘဝမှာ ပထမဆုံးအကြိမ် တော့တင်ဟမ်ဟော့စပါးကို ဒီနေ့ည အားပေးသွားမှာဖြစ်ပြီး ဒီပွဲမှာသာ မရှုံးအောင် ကစားနိုင်ခဲ့ရင် တသက်လုံး စပါးကို မလှောင်ပြောင်တော့ဘူးလို့ ကတိပေးခဲ့ပါတယ်။
-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ဒီရာသီမှာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို အလှပဆုံးသောကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။
“ကျွန်တော် ကြည့်ခဲ့သမျှ အာဆင်နယ်ပွဲတိုင်းမှာ သူက လှပတဲ့ ကစားသမားလို့ ထင်တယ်။ သူက အရာအားလုံးကို တစ်စုတစည်းတည်းဖြစ်အောင် ဆွဲချည်ထားနိုင်တယ်။ ကျွန်တော် ရိုက်ကို နှစ်သက်တယ်။ ဖိုဒန်ကိုလည်း နှစ်သက်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အော်ဒီဂွါဒ်က လုံးဝကို မယုံနိုင်စရာဘောလုံးသမားပဲ။
သူက ဒီရာသီ လိဂ်မှာ ကျွန်တော် မြင်ခဲ့သမျှထဲမှာ အကောင်းဆုံးကစားသမားပဲ။ သူက ဘောလုံးကို ယူပြီး ဆတ်ခနဲလှည့်တယ်။ မျှောထိုးပေးပို့မှုတွေနဲ့ ကစားဖို့ ကြိုးစားတယ်။ မှန်ကန်တဲ့ ပေးပို့မှုပုံစံပါ။ သူ့မှာသာ အဂွေရိုလိုမျိုး မြှားတစ်စင်းလို ပြေးလွှားသွားနိုင်တဲ့ တိုက်စစ်မှူးမျိုး ရှိရင် သူ ဖန်တီးပေးနေတဲ့ သွင်းဂိုးပမာဏက မယုံနိုင်စရာဖြစ်လာမှာပါ။ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်နေရတယ်လို့ ကျွန်တော် ထင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
-အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က တော့တင်ဟမ်ဟော့စပါးဟာ နိုင်ပွဲရခဲ့ရင် အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ပေးလိုက်ရမှာဖြစ်တာတောင်မှပဲ ဒီည မန်စီးတီးနဲ့ပွဲမှာ အနိုင်ရဖို့ ရှိသမျှ အားကုန်ထုတ်သွားမှာဖြစ်တယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
“စပါးအဆန်ဆုံးပွဲဖြစ်လာလိမ့်မယ်။ မန်စီးတီးကို မတော်တဆ အနိုင်ယူဖို့ဆိုတာတောင်မှ တော်တော်လေး မယုံနိုင်စရာအကောင်းဆုံးအရာဖြစ်လာမှာပါ။ ကျွန်တော့်အတွက်ကတော့ ဘယ်ဖက်ကဖြစ်ဖြစ် အရမ်းကောင်းတဲ့ရလဒ်ဖြစ်လာမှာပါ(စပါးအနိုင်ရရင် အာဆင်နယ်ဖလားရ၊ စပါးရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့်မရ)။ ခင်ဗျား မျှော်လင့်ချက်တော့ ထားရမှာပဲ။ စပါးအတွက် တစ်ခုခု ရှိနေတယ်။ သူတို့တွေက အဓိကကစားသမားတွေ ဒဏ်ရာပြဿနာတွေအများကြီးရှိနေခဲ့လို့ ခြေစွမ်းက တက်လိုက်ကျလိုက်ဖြစ်နေခဲ့တာပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဒီေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ မန္ခ်က္စတာစီးတီးတို႔ ကစားမယ့္ပြဲမတိုင္ခင္ အာဆင္နယ္ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး စိတ္လႈပ္ရွားေနၾကၿပီး ဒီပြဲရလဒ္ဟာ ဂန္းနားေတြရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ ဒီပြဲမတိုင္ခင္ ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ ျဖစ္ပ်က္ေနတဲ့အရာေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။
-အာဆင္နယ္ပရိသတ္ေတြဟာ အဂၤါေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားရမယ့္ မန္ခ်က္စတာစီးတီးကစားသမားေတြ အနားယူေနတဲ့ မန္ခ်က္စတာဟိုတယ္အျပင္ဘက္မွာ တနလၤာေန႔နံနက္ ၂ နာရီေလာက္ မီးရႉးမီးပန္းေတြသြားေဖာက္ၿပီး အေႏွာက္အယွက္ေပးခဲ့ပါတယ္။
-အာဆင္နယ္ၾကယ္ပြင့္ေဟာင္း မီဆြတ္ အိုေဇးလ္က ဘဝမွာ ပထမဆုံးအႀကိမ္ ေတာ့တင္ဟမ္ေဟာ့စပါးကို ဒီေန႔ည အားေပးသြားမွာျဖစ္ၿပီး ဒီပြဲမွာသာ မရႈံးေအာင္ ကစားႏိုင္ခဲ့ရင္ တသက္လုံး စပါးကို မေလွာင္ေျပာင္ေတာ့ဘူးလို႔ ကတိေပးခဲ့ပါတယ္။
-မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ဒီရာသီမွာ အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကို အလွပဆုံးေသာကစားသမားအျဖစ္ ေ႐ြးခ်ယ္ခဲ့ပါတယ္။
“ကြၽန္ေတာ္ ၾကည့္ခဲ့သမွ် အာဆင္နယ္ပြဲတိုင္းမွာ သူက လွပတဲ့ ကစားသမားလို႔ ထင္တယ္။ သူက အရာအားလုံးကို တစ္စုတစည္းတည္းျဖစ္ေအာင္ ဆြဲခ်ည္ထားႏိုင္တယ္။ ကြၽန္ေတာ္ ႐ိုက္ကို ႏွစ္သက္တယ္။ ဖိုဒန္ကိုလည္း ႏွစ္သက္တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ေအာ္ဒီဂြါဒ္က လုံးဝကို မယုံႏိုင္စရာေဘာလုံးသမားပဲ။
သူက ဒီရာသီ လိဂ္မွာ ကြၽန္ေတာ္ ျမင္ခဲ့သမွ်ထဲမွာ အေကာင္းဆုံးကစားသမားပဲ။ သူက ေဘာလုံးကို ယူၿပီး ဆတ္ခနဲလွည့္တယ္။ ေမွ်ာထိုးေပးပို႔မႈေတြနဲ႔ ကစားဖို႔ ႀကိဳးစားတယ္။ မွန္ကန္တဲ့ ေပးပို႔မႈပုံစံပါ။ သူ႔မွာသာ အေဂြ႐ိုလိုမ်ိဳး ျမႇားတစ္စင္းလို ေျပးလႊားသြားႏိုင္တဲ့ တိုက္စစ္မႉးမ်ိဳး ရွိရင္ သူ ဖန္တီးေပးေနတဲ့ သြင္းဂိုးပမာဏက မယုံႏိုင္စရာျဖစ္လာမွာပါ။ ဒီရာသီမွာ သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျမင္ေနရတယ္လို႔ ကြၽန္ေတာ္ ထင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
-အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ေတာ့တင္ဟမ္ေဟာ့စပါးဟာ ႏိုင္ပြဲရခဲ့ရင္ အာဆင္နယ္ကို ပရီးမီးယားလိဂ္ဖလား ေပးလိုက္ရမွာျဖစ္တာေတာင္မွပဲ ဒီည မန္စီးတီးနဲ႔ပြဲမွာ အႏိုင္ရဖို႔ ရွိသမွ် အားကုန္ထုတ္သြားမွာျဖစ္တယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။
“စပါးအဆန္ဆုံးပြဲျဖစ္လာလိမ့္မယ္။ မန္စီးတီးကို မေတာ္တဆ အႏိုင္ယူဖို႔ဆိုတာေတာင္မွ ေတာ္ေတာ္ေလး မယုံႏိုင္စရာအေကာင္းဆုံးအရာျဖစ္လာမွာပါ။ ကြၽန္ေတာ့္အတြက္ကေတာ့ ဘယ္ဖက္ကျဖစ္ျဖစ္ အရမ္းေကာင္းတဲ့ရလဒ္ျဖစ္လာမွာပါ(စပါးအႏိုင္ရရင္ အာဆင္နယ္ဖလားရ၊ စပါးရႈံးရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရ)။ ခင္ဗ်ား ေမွ်ာ္လင့္ခ်က္ေတာ့ ထားရမွာပဲ။ စပါးအတြက္ တစ္ခုခု ရွိေနတယ္။ သူတို႔ေတြက အဓိကကစားသမားေတြ ဒဏ္ရာျပႆနာေတြအမ်ားႀကီးရွိေနခဲ့လို႔ ေျခစြမ္းက တက္လိုက္က်လိုက္ျဖစ္ေနခဲ့တာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News