ဂွါဒီယိုလာ ခေါ်ယူမယ့် အာဆင်နယ်ကြယ်ပွင့်ကို ပြောပြလိုက်တဲ့ နဗီး 1024 504 coyg

ဂွါဒီယိုလာ ခေါ်ယူမယ့် အာဆင်နယ်ကြယ်ပွင့်ကို ပြောပြလိုက်တဲ့ နဗီး

တနင်္ဂနွေနေ့ညနေက အဲဗာတန်ကို ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ် ရရှိခဲ့တဲ့ပွဲအပြီးမှာ ဂယ်ရီ နဗီးက အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ပွဲကစားချိန် ၆၉ မိနစ်မှာ လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ အလွန်လှပတဲ့ ဂိုးကန်သွင်းချက်ကြောင့် ဂွတ်ဒီဆင်ပါ့ခ်မှာ ရှားရှားပါးပါး နိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကတော့ ရာသီသစ် အစ ၅ ပွဲမှာ ၄ ပွဲမြောက် နိုင်ပွဲရရှိအောင် အဓိက ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး အာတီတာက နော်ဝေကြယ်ပွင့်ကို စာချုပ်သစ် မကြာမီ ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ဘာကြောင့် အာဆင်နယ်နည်းပြက အော်ဒီဂွါဒ်ကို အသင်းမှာ ကာလရှည် ဆက်လက် ထိန်းသိမ်းထားချင်နေလဲဆိုတာ နားလည်နေပြီး ကြယ်ပွင့်ကစားသမားတွေပြည့်နှက်နေတဲ့ မန်စီးတီးလူစာရင်းထဲမှာတောင် ကစားကွက်ဖန်တီးရှင် နည်းပါးနေတာကြောင့် ဂွါဒီယိုလာက ဂန်းနားတွေဆီကနေ ကစားသမားတစ်ဦးပြန်ခေါ်ရမယ်ဆိုရင် နော်ဝေကွင်းလယ်ကြယ်ပွင့်ကို ပထမဆုံးခေါ်ယူလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အော်ဒီဂွါဒ်။ ဒီလိုမျိုး ပြောဖို့က အချိန်အများကြီးယူရတယ်။ ဒါပေမယ့် ခင်ဗျား ပြီးခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ကြည့်ရှုခဲ့တဲ့ အလှပဆုံးဘောလုံးသမားတွေကို စဉ်းစားလိုက်ရင် ဒေးဗစ် ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့အကြောင်းပဲ အမြဲတမ်းတွေးမိလိမ့်မယ်။ ဘောလုံးကို အဲဒီလို ကစားတာမျိုး ခင်ဗျား နှစ်သက်မိမှာပါ။ အော်ဒီဂွါဒ်က ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့လောက် ကောင်းနေပြီလို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ သူက သူ့ကစားသမားဘဝမှာ ဆက်သွားစရာနည်းနည်းလိုသေးတယ်။ ဒါပေမယ့်သူ ကစားတာကို ကျွန်တော် ကြည့်ရတာ အရမ်းချောမွေ့ပြီး နူးညံ့တယ်။သူ အရည်အချင်းရှိတဲ့ကစားသမားဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကွဲပြားခြားနားပြီး အရမ်း အရည်အချင်းရှိတဲ့တစ်စုံတရာအကြောင်းကို ပြောနေတာပါ။ ဒါက တကယ့်ကို အဆင့်အတန်းစစ်စစ်ပဲ”

“သူ့ကို ဒီအဝန်းအဝိုင်းထဲမှာ စပြီးတော့ ထည့်ပြောရမယ်လို့ ထင်ပါတယ်။ ပက် ဂွါဒီယိုလာကိုသာ ဒီအာဆင်နယ်အသင်းထဲက တစ်ယောက်ကို ခေါ်ပါလို့ ပြောရင် သူက အော်ဒီဂွါဒ်ကို ချက်ချင်းခေါ်မယ်လို့ ထင်ပါတယ်။ သူက မန်စီးတီးအသင်းထဲကို တန်းဝင်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက စောင့်ကြည့်ဖို့အတွက် လှပတဲ့ကစားသမားဖြစ်နေလို့ပါ။ ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့တဲ့အချိန်တိုင်း ကောင်းပြီးရင်း ကောင်းလာတယ်။ အာဆင်နယ်က သူတို့မှာ ရှိတာကို အသိအမှတ်ပြုရမယ်။ ကျွန်တော် သူ့ကို တတ်နိုင်သလောက် ဘောလုံးပေးပို့ရမယ့် အာဆင်နယ်ကစားသမားတွေအကြောင်း ပြောနေတာပါ။ သူ တိုက်စစ်ဧရိယာမှာ ဘောလုံးရလေလေ သူတို့ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှုနဲ့ သွင်းဂိုးတွေ ပိုရလေလေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: တနဂၤေႏြေန႔ညေနက အဲဗာတန္ကို က်ဥ္းေျမာင္းတဲ့ အႏိုင္ရလဒ္ ရရွိခဲ့တဲ့ပြဲအၿပီးမွာ ဂယ္ရီ နဗီးက အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ပြဲကစားခ်ိန္ ၆၉ မိနစ္မွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ရဲ႕ အလြန္လွပတဲ့ ဂိုးကန္သြင္းခ်က္ေၾကာင့္ ဂြတ္ဒီဆင္ပါ့ခ္မွာ ရွားရွားပါးပါး ႏိုင္ပြဲကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

ဂန္းနားအသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ ရာသီသစ္ အစ ၅ ပြဲမွာ ၄ ပြဲေျမာက္ ႏိုင္ပြဲရရွိေအာင္ အဓိက ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာက ေနာ္ေဝၾကယ္ပြင့္ကို စာခ်ဳပ္သစ္ မၾကာမီ ခ်ဳပ္ဆိုႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ဘာေၾကာင့္ အာဆင္နယ္နည္းျပက ေအာ္ဒီဂြါဒ္ကို အသင္းမွာ ကာလရွည္ ဆက္လက္ ထိန္းသိမ္းထားခ်င္ေနလဲဆိုတာ နားလည္ေနၿပီး ၾကယ္ပြင့္ကစားသမားေတြျပည့္ႏွက္ေနတဲ့ မန္စီးတီးလူစာရင္းထဲမွာေတာင္ ကစားကြက္ဖန္တီးရွင္ နည္းပါးေနတာေၾကာင့္ ဂြါဒီယိုလာက ဂန္းနားေတြဆီကေန ကစားသမားတစ္ဦးျပန္ေခၚရမယ္ဆိုရင္ ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ကို ပထမဆုံးေခၚယူလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ေအာ္ဒီဂြါဒ္။ ဒီလိုမ်ိဳး ေျပာဖို႔က အခ်ိန္အမ်ားႀကီးယူရတယ္။ ဒါေပမယ့္ ခင္ဗ်ား ၿပီးခဲ့တဲ့ ၇ ႏွစ္၊ ၈ ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔ ၾကည့္ရႈခဲ့တဲ့ အလွပဆုံးေဘာလုံးသမားေတြကို စဥ္းစားလိုက္ရင္ ေဒးဗစ္ ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔အေၾကာင္းပဲ အၿမဲတမ္းေတြးမိလိမ့္မယ္။ ေဘာလုံးကို အဲဒီလို ကစားတာမ်ိဳး ခင္ဗ်ား ႏွစ္သက္မိမွာပါ။ ေအာ္ဒီဂြါဒ္က ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔ေလာက္ ေကာင္းေနၿပီလို႔ ကြၽန္ေတာ္ ေျပာေနတာမဟုတ္ပါဘူး။ သူက သူ႔ကစားသမားဘဝမွာ ဆက္သြားစရာနည္းနည္းလိုေသးတယ္။ ဒါေပမယ့္သူ ကစားတာကို ကြၽန္ေတာ္ ၾကည့္ရတာ အရမ္းေခ်ာေမြ႕ၿပီး ႏူးညံ့တယ္။သူ အရည္အခ်င္းရွိတဲ့ကစားသမားဆိုတာ ကြၽန္ေတာ္ သိခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အရမ္းကြဲျပားျခားနားၿပီး အရမ္း အရည္အခ်င္းရွိတဲ့တစ္စုံတရာအေၾကာင္းကို ေျပာေနတာပါ။ ဒါက တကယ့္ကို အဆင့္အတန္းစစ္စစ္ပဲ”

“သူ႔ကို ဒီအဝန္းအဝိုင္းထဲမွာ စၿပီးေတာ့ ထည့္ေျပာရမယ္လို႔ ထင္ပါတယ္။ ပက္ ဂြါဒီယိုလာကိုသာ ဒီအာဆင္နယ္အသင္းထဲက တစ္ေယာက္ကို ေခၚပါလို႔ ေျပာရင္ သူက ေအာ္ဒီဂြါဒ္ကို ခ်က္ခ်င္းေခၚမယ္လို႔ ထင္ပါတယ္။ သူက မန္စီးတီးအသင္းထဲကို တန္းဝင္ႏိုင္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက ေစာင့္ၾကည့္ဖို႔အတြက္ လွပတဲ့ကစားသမားျဖစ္ေနလို႔ပါ။ ကြၽန္ေတာ္ သူ႔ကို ေစာင့္ၾကည့္ခဲ့တဲ့အခ်ိန္တိုင္း ေကာင္းၿပီးရင္း ေကာင္းလာတယ္။ အာဆင္နယ္က သူတို႔မွာ ရွိတာကို အသိအမွတ္ျပဳရမယ္။ ကြၽန္ေတာ္ သူ႔ကို တတ္ႏိုင္သေလာက္ ေဘာလုံးေပးပို႔ရမယ့္ အာဆင္နယ္ကစားသမားေတြအေၾကာင္း ေျပာေနတာပါ။ သူ တိုက္စစ္ဧရိယာမွာ ေဘာလုံးရေလေလ သူတို႔ပြဲစဥ္ေတြမွာ ဂိုးဖန္တီးမႈနဲ႔ သြင္းဂိုးေတြ ပိုရေလေလပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet