ဂန်းနားတွေရဲ့ လာမယ့်ပရီးမီးယားလိဂ် ၅ ပွဲနဲ့ လီဗာပူးလ်၊ စပါးစ်၊ မန်စီးတီးတို့နဲ့နှိုင်းယှဉ်ကြည့်ခြင်း
အာဆင်နယ်ဟာ စနေနေ့ညက ဘုန်းမောက်အိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပြီးနောက် ယခုရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ခဲ့ပြီး ဂန်းနားတွေဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပက် ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့ညက ဝုလ်ဗ်စ်ကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ယခုရာသီ ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာကြောင့် လာမယ့်အပတ် အာဆင်နယ်နဲ့တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲအတွက် ပိုပြီး အာရုံစိုက်သွားတော့မှာ ဖြစ်ပါတယ်။ စပါးစ်ကလည်း လီဗာပူးလ်ကို အငြင်းပွားဖွယ် ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် မြောက်လန်ဒန်ကလပ် ၂ သင်းတည်းသာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရှိနေတော့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ချန်ပီယံလိဂ်ဘက်ကို အာရုံပြန်စိုက်ရတော့မယ့် အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့မှာ လွန်းစ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုအဖွင့် ၂ ပွဲဆက်တိုက် အနိုင်ရရှိဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ရဲ့ လာမယ့်ပွဲစဉ် ၅ ပွဲနဲ့ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ စပါးစ်၊ မန်စီးတီးတို့ရဲ့ ပွဲစဉ်တွေကို နှိုင်းယှဉ်ကြည့်ရအောင်…
မန်စီးတီး(အိမ်)-အောက်တိုဘာ ၈
အာဆင်နယ်ရဲ့ ယခုရာသီ အကြီးမားဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဟာ မန်စီးတီးက အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်တဲ့အခါမှာ ကစားသွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကို အိမ်ကွင်းရော အဝေးကွင်းပါ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိချန်ပီယံတွေဟာ စိတ်ဓာတ်ပိုင်း ယိမ်းယိုင်နေမှာဖြစ်ပါတယ်။
ချဲလ်ဆီး(အဝေး)-အောက်တိုဘာ ၂၁
အောက်တိုဘာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး အာဆင်နယ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာရဲ့အသင်းက ခြင်္သေ့ပြာတွေကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ပိုချက်တီနို လက်အောက်မှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးဟာ တနင်္လာနေ့ညနေမှာ ဖူလ်ဟမ်နဲ့ နောက်ထပ် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ခရာဗင် ကော့တေ့ဂျ်ကို သွားရောက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
ရှက်ဖီး(အိမ်)-အောက်တိုဘာ ၂၈
အာဆင်နယ်ဟာ ပြီးတဲ့နောက်မှာ ချန်ပီယံရှစ်ကို ချက်ချင်း ပြန်မဆင်းရအောင် ကြိုးစားနေတဲ့ ရှက်ဖီးယူနိုက်တက်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဓားသွားတွေဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် စနေနေ့ည ဝက်စ်ဟမ်းအိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြန်တာဖြစ်ပါတယ်။
နယူးကာဆယ်(အဝေး)-နိုဝင်ဘာ ၄
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ စိန့် ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို အနိုင်ယူနိုင်ခဲ့တဲ့ လက်တစ်ဆုပ်စာအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး နိုဝင်ဘာလအစ တွေ့ဆုံမှုမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်လုပ်နိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ အက်ဒီဟောင်းရဲ့အသင်းဟာ ရှက်ဖီးကို ၈-၀၊ ဘန်လေကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် ရာသီသစ်ကို ဆိုးရွားစွာစတင်ခဲ့မှုကို ချန်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘန်လေ(အိမ်)-နိုဝင်ဘာ ၁၁
အာဆင်နယ်ဟာ ပြီးတဲ့နောက် နောက်ထပ် တန်းတက်အသင်းကို မြောက်လန်ဒန်ဒါဘီမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗင်းဆင့် ကွန်ပနီရဲကအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးကတည်းက အကောင်းဆုံးပုံစံမရသေးပေမယ့်လည်း အချိန်တော်တော်များများမှာ တောက်ပနေပုံပေါ်ခဲ့ပါတယ်။ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် ဘန်လေဟာ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရဖို့ စောင့်ဆိုင်းရဦးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲမှာ အဲဒီစောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မန်စီးတီး
အာဆင်နယ်(အဝေး)-အောက်တိုဘာ ၈
ဘရိုက်တန်(အိမ်)-အောက်တိုဘာ ၂၁
မန်ယူနိုက်တက်(အဝေး)-အောက်တိုဘာ ၂၉
ဘုန်းမောက်(အိမ်)-နိုဝင်ဘာ ၄
ချဲလ်ဆီး(အဝေး)-နိုဝင်ဘာ ၁၂
စပါးစ်
လူတန်(အဝေး)-အောက်တိုဘာ ၇
ဖူလ်ဟမ်(အိမ်)-အောက်တိုဘာ ၂၃
ပဲလေ့စ်(အဝေး)-အောက်တိုဘာ ၂၇
ချဲလ်ဆီး(အိမ်)-နိုဝင်ဘာ ၆
ဝုလ်ဗ်စ်(အဝေး)-နိုဝင်ဘာ ၁၁
လီဗာပူးလ်
ဘရိုက်တန်(အဝေး)-အောက်တိုဘာ ၈
အဲဗာတန်(အိမ်)-အောက်တိုဘာ ၂၁
နော်တင်ဟမ်ဖောရက်စ်(အိမ်)- အောက်တိုဘာ ၂၉
လူတန်တောင်း(အဝေး)-နိုဝင်ဘာ ၅
ဘရန့်တ်ဖို့ဒ်(အိမ်)-နိုဝင်ဘာ ၁၂
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညက ဘုန္းေမာက္အိမ္ကြင္းမွာ ၄-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲ ရရွိခဲ့ၿပီးေနာက္ ယခုရာသီ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္တိုးျမႇင့္ႏိုင္ခဲ့ၿပီး ဂန္းနားေတြဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ၁ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
ပက္ ဂြါဒီယိုလာရဲ႕အသင္းဟာ စေနေန႔ညက ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ၿပီး ယခုရာသီ ပထမဆုံး ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာေၾကာင့္ လာမယ့္အပတ္ အာဆင္နယ္နဲ႔ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲအတြက္ ပိုၿပီး အာ႐ုံစိုက္သြားေတာ့မွာ ျဖစ္ပါတယ္။ စပါးစ္ကလည္း လီဗာပူးလ္ကို အျငင္းပြားဖြယ္ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကလပ္ ၂ သင္းတည္းသာ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့အသင္းအျဖစ္ ရွိေနေတာ့တယ္ဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။
လက္ရွိမွာ ခ်န္ပီယံလိဂ္ဘက္ကို အာ႐ုံျပန္စိုက္ရေတာ့မယ့္ အာဆင္နယ္ဟာ ဗုဒၶဟူးေန႔မွာ လြန္းစ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အုပ္စုအဖြင့္ ၂ ပြဲဆက္တိုက္ အႏိုင္ရရွိဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အာဆင္နယ္ရဲ႕ လာမယ့္ပြဲစဥ္ ၅ ပြဲနဲ႔ ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္၊ စပါးစ္၊ မန္စီးတီးတို႔ရဲ႕ ပြဲစဥ္ေတြကို ႏႈိင္းယွဥ္ၾကည့္ရေအာင္…
မန္စီးတီး(အိမ္)-ေအာက္တိုဘာ ၈
အာဆင္နယ္ရဲ႕ ယခုရာသီ အႀကီးမားဆုံးပရီးမီးယားလိဂ္ပြဲစဥ္ဟာ မန္စီးတီးက အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာ ကစားသြားရမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးကို အိမ္ကြင္းေရာ အေဝးကြင္းပါ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဝုလ္ဗ္စ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ လက္ရွိခ်န္ပီယံေတြဟာ စိတ္ဓာတ္ပိုင္း ယိမ္းယိုင္ေနမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီး(အေဝး)-ေအာက္တိုဘာ ၂၁
ေအာက္တိုဘာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး အာဆင္နယ္ရဲ႕ ပထမဆုံးပြဲစဥ္အျဖစ္ လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အာတီတာရဲ႕အသင္းက ျခေသၤ့ျပာေတြကို အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ပိုခ်က္တီႏို လက္ေအာက္မွာ ႐ုန္းကန္ေနရတဲ့ ခ်ဲလ္ဆီးဟာ တနလၤာေန႔ညေနမွာ ဖူလ္ဟမ္နဲ႔ ေနာက္ထပ္ လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ခရာဗင္ ေကာ့ေတ့ဂ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရဦးမွာ ျဖစ္ပါတယ္။
ရွက္ဖီး(အိမ္)-ေအာက္တိုဘာ ၂၈
အာဆင္နယ္ဟာ ၿပီးတဲ့ေနာက္မွာ ခ်န္ပီယံရွစ္ကို ခ်က္ခ်င္း ျပန္မဆင္းရေအာင္ ႀကိဳးစားေနတဲ့ ရွက္ဖီးယူႏိုက္တက္ကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဓားသြားေတြဟာ နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ စေနေန႔ည ဝက္စ္ဟမ္းအိမ္ကြင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ျပန္တာျဖစ္ပါတယ္။
နယူးကာဆယ္(အေဝး)-ႏိုဝင္ဘာ ၄
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ နယူးကာဆယ္ကို အႏိုင္ယူႏိုင္ခဲ့တဲ့ လက္တစ္ဆုပ္စာအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ႏိုဝင္ဘာလအစ ေတြ႕ဆုံမႈမွာလည္း ေနာက္ထပ္တစ္ႀကိမ္ထပ္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ အက္ဒီေဟာင္းရဲ႕အသင္းဟာ ရွက္ဖီးကို ၈-၀၊ ဘန္ေလကို ၂-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ ရာသီသစ္ကို ဆိုး႐ြားစြာစတင္ခဲ့မႈကို ခ်န္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဘန္ေလ(အိမ္)-ႏိုဝင္ဘာ ၁၁
အာဆင္နယ္ဟာ ၿပီးတဲ့ေနာက္ ေနာက္ထပ္ တန္းတက္အသင္းကို ေျမာက္လန္ဒန္ဒါဘီမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဗင္းဆင့္ ကြန္ပနီရဲကအသင္းဟာ ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီးကတည္းက အေကာင္းဆုံးပုံစံမရေသးေပမယ့္လည္း အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေတာက္ပေနပုံေပၚခဲ့ပါတယ္။ နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ ဘန္ေလဟာ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရဖို႔ ေစာင့္ဆိုင္းရဦးမယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး အာဆင္နယ္နဲ႔ ပြဲမွာ အဲဒီေစာင့္ဆိုင္းေနရမႈကို အဆုံးသတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
မန္စီးတီး
အာဆင္နယ္(အေဝး)-ေအာက္တိုဘာ ၈
ဘ႐ိုက္တန္(အိမ္)-ေအာက္တိုဘာ ၂၁
မန္ယူႏိုက္တက္(အေဝး)-ေအာက္တိုဘာ ၂၉
ဘုန္းေမာက္(အိမ္)-ႏိုဝင္ဘာ ၄
ခ်ဲလ္ဆီး(အေဝး)-ႏိုဝင္ဘာ ၁၂
စပါးစ္
လူတန္(အေဝး)-ေအာက္တိုဘာ ၇
ဖူလ္ဟမ္(အိမ္)-ေအာက္တိုဘာ ၂၃
ပဲေလ့စ္(အေဝး)-ေအာက္တိုဘာ ၂၇
ခ်ဲလ္ဆီး(အိမ္)-ႏိုဝင္ဘာ ၆
ဝုလ္ဗ္စ္(အေဝး)-ႏိုဝင္ဘာ ၁၁
လီဗာပူးလ္
ဘ႐ိုက္တန္(အေဝး)-ေအာက္တိုဘာ ၈
အဲဗာတန္(အိမ္)-ေအာက္တိုဘာ ၂၁
ေနာ္တင္ဟမ္ေဖာရက္စ္(အိမ္)- ေအာက္တိုဘာ ၂၉
လူတန္ေတာင္း(အေဝး)-ႏိုဝင္ဘာ ၅
ဘရန႔္တ္ဖို႔ဒ္(အိမ္)-ႏိုဝင္ဘာ ၁၂
Arsenal Myanmar
Ref: Internet
- Posted In:
- Team News