ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုအတွက် သတိပေးလိုက်တဲ့ အာဆင်ဝင်းဂါး 1024 504 coyg

ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုအတွက် သတိပေးလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ရမှုက ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုကို နှောင့်နှေးစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်တာကြောင့် ၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည် ရရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ယခုရာသီသစ်မှာ အဖွင့် ၄ ပွဲကနေ ၁၀ မှတ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်ဝင်းဂါးက ချန်ပီယံလိဂ်ပြိုင်ပွဲက ၎င်းရဲ့အသင်းဟောင်းအတွက် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အခက်တွေ့စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပေမယ့်လည်း ဒီဘရိုင်းနား ဒဏ်ရာရရှိနေမှုနဲ့ ဂန်ဒိုဝမ် ထွက်ခွာသွားမှုက ယခုရာသီမှာ စီးတီးကို ပိုမိုအင်အားနည်းသွားစေလိမ့်မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ(အာဆင်နယ်)က ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ သူတို့တွေ ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒါပေမယ့် သူတို့တွေ ကောင်းကောင်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကျွန်တော် ပြောရမှာပါ။ သူတို့တွေက ငယ်ရွယ်တဲ့အသင်းနဲ့ အရည်အချင်းရှိတဲ့အသင်းကို ပိုင်ဆိုင်ထားဆဲပါ။ သူတို့တွေ မနှစ်က ဖြစ်ခဲ့တာတွေကနေ လေ့လာသင်ယူခဲ့တယ်လို့ ထင်ပါတယ်။ သူတို့တွေ အဲဒါနဲ့ပတ်သက်ပြီး ကောင်းကောင်း ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ပါဘူး။ စိတ်ဓာတ်ပိုင်းအရ အဲဒါက အရမ်းခက်ခဲပါတယ်။ သူတို့တွေ အဲဒီကနေ လေ့လာသင်ယူခဲ့ကြလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ စီးတီးကလည်း ဒီဘရိုင်းနားကို ကာလရှည်ဆုံးရှုံးခဲ့ရပြီး ဂန်ဒိုဝမ်ကိုလည်း လက်လွှတ်ခဲ့ရတာကြောင့် သူတို့တွေက ထိပ်တန်းအသင်းဖြစ်တယ်ဆိုပြီး ပြောရင်တောင် ကျွန်တော် သဘောမတူပါဘူး။ ဒါပေမယ့် သူတို့တွေ အဲဒါကနေ အခွင့်ကောင်းယူနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားရမှာနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမှာပါ။ အဲဒီပြိုင်ပွဲက ရမှတ်တွေလည်း လျော့ကျစေနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးက ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ပါဝင္ယွဥ္ၿပိဳင္ရမႈက ဂန္းနားေတြရဲ႕ ပရီးမီးယားလိဂ္ဖလားစိန္ေခၚမႈကို ေႏွာင့္ေႏွးေစလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာ ဒုတိယေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္တာေၾကာင့္ ၆ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ ရရွိခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ယခုရာသီသစ္မွာ အဖြင့္ ၄ ပြဲကေန ၁၀ မွတ္အထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္ဝင္းဂါးက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ၎ရဲ႕အသင္းေဟာင္းအတြက္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အခက္ေတြ႕ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ေပမယ့္လည္း ဒီဘ႐ိုင္းနား ဒဏ္ရာရရွိေနမႈနဲ႔ ဂန္ဒိုဝမ္ ထြက္ခြာသြားမႈက ယခုရာသီမွာ စီးတီးကို ပိုမိုအင္အားနည္းသြားေစလိမ့္မယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ(အာဆင္နယ္)က ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္းမွာ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ခံစားခဲ့ရတယ္။ သူတို႔ေတြ ေငြေတြအမ်ားႀကီး ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြ ေကာင္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္လို႔ ကြၽန္ေတာ္ ေျပာရမွာပါ။ သူတို႔ေတြက ငယ္႐ြယ္တဲ့အသင္းနဲ႔ အရည္အခ်င္းရွိတဲ့အသင္းကို ပိုင္ဆိုင္ထားဆဲပါ။ သူတို႔ေတြ မႏွစ္က ျဖစ္ခဲ့တာေတြကေန ေလ့လာသင္ယူခဲ့တယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ အဲဒါနဲ႔ပတ္သက္ၿပီး ေကာင္းေကာင္း ကိုင္တြယ္မေျဖရွင္းႏိုင္ခဲ့ပါဘူး။ စိတ္ဓာတ္ပိုင္းအရ အဲဒါက အရမ္းခက္ခဲပါတယ္။ သူတို႔ေတြ အဲဒီကေန ေလ့လာသင္ယူခဲ့ၾကလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ စီးတီးကလည္း ဒီဘ႐ိုင္းနားကို ကာလရွည္ဆုံးရႈံးခဲ့ရၿပီး ဂန္ဒိုဝမ္ကိုလည္း လက္လႊတ္ခဲ့ရတာေၾကာင့္ သူတို႔ေတြက ထိပ္တန္းအသင္းျဖစ္တယ္ဆိုၿပီး ေျပာရင္ေတာင္ ကြၽန္ေတာ္ သေဘာမတူပါဘူး။ ဒါေပမယ့္ သူတို႔ေတြ အဲဒါကေန အခြင့္ေကာင္းယူႏိုင္ပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားရမွာနဲ႔ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းရမွာပါ။ အဲဒီၿပိဳင္ပြဲက ရမွတ္ေတြလည္း ေလ်ာ့က်ေစႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet