ဂန်းနားတွေ ဒီရာသီ ပရီးမီးယားလိဂ်ရနိုင်မယ့်အခြေအနေတစ်ခုကို ပြောပြခဲ့တဲ့ ဆားဗေ့ဂျ်
ပရီးမီးယားလိဂ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ဂျ်က ယခုရာသီမှာ ရှုံးပွဲမရှိသေးဘဲ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ် မန်ချက်စတာယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ဂျေးဇု၊ ဒီကလန် ရိုက်တို့ရဲ့ အံ့အားသင့်ဖွယ် နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်ပတ်ဝန်းကျင်မှာ ယခုရာသီ ချန်ပီယံစိန်ခေါ်နိုင်စွမ်းနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေ မြင့်တက်လာနေတာဖြစ်ပါတယ်။
ယခုရာသီမှာ အာတီတာရဲ့ အံ့အားသင့်ဖွယ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ ဂါဘရီယဲလ်ဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ချန်လှပ်ထားခဲ့လို့ မရတဲ့ကစားသမားဆိုတာကို သက်သေထပ်မံ ပြသခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစားပြီးချိန်မှာ စုစုပေါင်း ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာကနေ စက်တင်ဘာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကို ဖြတ်သန်းသွားရတော့မှာဖြစ်ပြီး ဆားဗေ့ဂျ်က ဂန်းနားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဖလားရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားမရနိုင်ဘူးလို့ အံ့အားသင့်ဖွယ် ပြောကြားခဲ့ပေမယ့် ဖလားရနိုင်မယ့်အခြေအနေတစ်ခုတော့ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒီကလန် ရိုက်ကို ရခဲ့တာတောင်မှ အာဆင်နယ်က လိဂ်ဖလားအနိုင်ရရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရှင်းပါတယ်။ မန်စီးတီးရှိနေတာကြောင့်ပါ။ စီးတီးသာ ပရီးမီးယားလိဂ်မှာ မရှိဘူးဆိုရင်တော့ အာဆင်နယ်က ဖလားရနိုင်မယ်လို့ ကျွန်တော် တွေးမိမှာပါ။ ဒါပေမယ့် အာဆင်နယ်အတွက် ကံဆိုးတာက မန်စီးတီးက ပရီးမီးယားလိဂ်မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ပရီးမီးယားလိဂ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္း ေရာ္ဘီ ဆားေဗ့ဂ်္က ယခုရာသီမွာ ရႈံးပြဲမရွိေသးဘဲ ၃ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ပိုင္ဆိုင္ထားတဲ့ အာဆင္နယ္ရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေဟာကိန္းထုတ္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အပတ္ မန္ခ်က္စတာယူႏိုက္တက္ကို အမ္းမရိတ္စ္မွာ ေဂ်းဇု၊ ဒီကလန္ ႐ိုက္တို႔ရဲ႕ အံ့အားသင့္ဖြယ္ နာက်င္အခ်ိန္ပိုသြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္ပတ္ဝန္းက်င္မွာ ယခုရာသီ ခ်န္ပီယံစိန္ေခၚႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး အေကာင္းျမင္စိတ္ေတြ ျမင့္တက္လာေနတာျဖစ္ပါတယ္။
ယခုရာသီမွာ အာတီတာရဲ႕ အံ့အားသင့္ဖြယ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရတဲ့ ဂါဘရီယဲလ္ဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ ရင္သပ္ရႈေမာဖြယ္စြမ္းေဆာင္ရည္ေတြ ျပသခဲ့ၿပီး ပြဲထြက္လူစာရင္းမွာ ခ်န္လွပ္ထားခဲ့လို႔ မရတဲ့ကစားသမားဆိုတာကို သက္ေသထပ္မံ ျပသခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၄ ပြဲကစားၿပီးခ်ိန္မွာ စုစုေပါင္း ရမွတ္ ၁၀ မွတ္နဲ႔ အဆင့္ ၅ ေနရာကေန စက္တင္ဘာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ကို ျဖတ္သန္းသြားရေတာ့မွာျဖစ္ၿပီး ဆားေဗ့ဂ်္က ဂန္းနားေတြအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ဖလားရဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားမရႏိုင္ဘူးလို႔ အံ့အားသင့္ဖြယ္ ေျပာၾကားခဲ့ေပမယ့္ ဖလားရႏိုင္မယ့္အေျခအေနတစ္ခုေတာ့ရွိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
“ဒီကလန္ ႐ိုက္ကို ရခဲ့တာေတာင္မွ အာဆင္နယ္က လိဂ္ဖလားအႏိုင္ရရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ရွင္းပါတယ္။ မန္စီးတီးရွိေနတာေၾကာင့္ပါ။ စီးတီးသာ ပရီးမီးယားလိဂ္မွာ မရွိဘူးဆိုရင္ေတာ့ အာဆင္နယ္က ဖလားရႏိုင္မယ္လို႔ ကြၽန္ေတာ္ ေတြးမိမွာပါ။ ဒါေပမယ့္ အာဆင္နယ္အတြက္ ကံဆိုးတာက မန္စီးတီးက ပရီးမီးယားလိဂ္မွာ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News