ဂန်းနားကြယ်ပွင့်သစ်နဲ့ပတ်သက်ပြီး အာတီတာကို သတိပေးခဲ့တဲ့ ပေါလ် မာဆန် 1024 504 coyg

ဂန်းနားကြယ်ပွင့်သစ်နဲ့ပတ်သက်ပြီး အာတီတာကို သတိပေးခဲ့တဲ့ ပေါလ် မာဆန်

ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကြီးမားတဲ့အပြောင်းအရွှေ့အပြီးမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က ဘာတွေ လုပ်ပြမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

အများစုကတော့ ဒီကလန် ရိုက်အနေနဲ့ အာဆင်နယ်မှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်မှန်းနေကြပေမယ့် ဂန်းနားဂန္တဝင် ပေါလ် မာဆန်ကတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားဆီကနေ ကြီးမားတဲ့အရာတွေကို မမျှော်လင့်ထားတာဖြစ်ပါတယ်။

ပေါလ် မာဆန်က ဒီကလန် ရိုက်အနေနဲ့ အမ်းမရိတ်စ်မှာ ရုန်းကန်ရနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းက ကစားဟန်နဲ့ တော်တော်လေး ကွဲပြားခြားနားတဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူတဲ့ အာဆင်နယ်ရဲ့ ကစားဟန်ကြောင့် အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် အမ်းမရိတ်စ်မှာ အောင်မြင်မှုရဖို့ ခက်ခဲလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်မှာ သူ့ရဲ့ ပုံစံအတိုင်းကစားဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ဝက်စ်ဟမ်းမှာ ကစားတဲ့အခါမှာ ခင်ဗျား ဘောလုံးများများစားစား မရဘူး။ ခင်ဗျား ဘောလုံးရတဲ့အခါမှာ ခင်ဗျားရဲ့ ခံစစ်ကို အသက်ရှူချိန်ရအောင် ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းရုံပဲ။ အာဆင်နယ်မှာကျတော့ ဘောလုံး ပြန်ရတဲ့အခါမှာ သူတို့တွေ တိုက်စစ်ဆင်ပြီး အဲဒါကို ပေါက်ကရသွားလုပ်လို့မရဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet