ဂန်းနားကြယ်ပွင့်ရဲ့ကိုယ်အမူအရာ မူမမှန်တာကို ထောက်ပြလိုက်တဲ့ ဘောလုံးဝေဖန်သူ 1024 578 coyg

ဂန်းနားကြယ်ပွင့်ရဲ့ကိုယ်အမူအရာ မူမမှန်တာကို ထောက်ပြလိုက်တဲ့ ဘောလုံးဝေဖန်သူ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုဟာ ထူးခြားဆန်းကြယ်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ယခုရာသီမှာတော့ ဂိုးရှေ့က စွမ်းဆောင်ရည်ကြောင့် ပြစ်တင်ဝေဖန်မှုတွေ အများအပြားခံနေရသူဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ သွင်းဂိုးတွေ လုံလုံလောက်လောက် သွင်းယူပေးနိုင်ခြင်းမရှိဘဲ မခိုမကပ်ပြေးလွှားပြီး ချိတ်ဆက်ကစားနိုင်ပေမယ့် တိုက်စစ်မှူးတိုင်းအတွက် အရေးအကြီးဆုံးက သွင်းဂိုးတွေဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးပြီး အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေတဲ့အသင်းတစ်သင်းအတွက် ကစားပေးနေတဲ့အချိန်မှာ ဒီလောက်သွင်းဂိုးပမာဏက လုံလောက်ခြင်းမရှိတာဖြစ်ပါတယ်။

Premier League Productions မှာ စကားပြောဆိုရာမှာ လီယွန် အော့စ်မန်းက လက်ရှိအချိန် ဂျေးဇုရဲ့ ပွဲစဉ်အတွင်းက ပြဿနာအချို့ကို အဖြေရှာဖို့ ကြိုးပမ်းခဲ့ရာမှာ ဂန်းနားကြယ်ပွင့်ရဲ့ ပင်နယ်တီဧရိယာအတွင်းက ကိုယ်အမူအရာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။

အော့စ်မန်းက ဂျေးဇုဟာ ဘယ်တုန်းကမှ ပြန်လျှံထွက်လာမယ့်ဘောလုံးတွေကို စိတ်ဝင်တစား စောင့်ကြည့်ခြင်းမရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး ကျောနံပါတ် ၉ ကစားသမားတစ်ယောက်အတွက်ဆိုရင် ဒီလို မဖြစ်သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

“သူတို့တွေက အခွင့်အရေးတိုင်းကို ဂိုးသမားက ကာကွယ်နိုင်မယ်လို့ ထင်နေကြတယ်။ အခွင့်အရေးတွေက ရှိနေပေမယ့် အာဆင်နယ်က အဲဒီအခွင့်အရေးတွေကို အနံ့ခံနိုင်ခြင်းမရှိပါဘူး။ ဂျေးဇုရဲ့ ကိုယ်ဟန်အမူအရာကို ကြည့်လိုက်ပါ။ သူက ပြန်လျှံထွက်လာမယ့်ဘောလုံးတွေကို စိတ်ဝင်တစားမရှိပါဘူး။ အာဆင်နယ်က ဒီလိုအရာမျိုးကို မမျှော်လင့်ထားဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇုဟာ ထူးျခားဆန္းၾကယ္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း ယခုရာသီမွာေတာ့ ဂိုးေရွ႕က စြမ္းေဆာင္ရည္ေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ အမ်ားအျပားခံေနရသူျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ သြင္းဂိုးေတြ လုံလုံေလာက္ေလာက္ သြင္းယူေပးႏိုင္ျခင္းမရွိဘဲ မခိုမကပ္ေျပးလႊားၿပီး ခ်ိတ္ဆက္ကစားႏိုင္ေပမယ့္ တိုက္စစ္မႉးတိုင္းအတြက္ အေရးအႀကီးဆုံးက သြင္းဂိုးေတြျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ဟာ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားႏိုင္ေသးၿပီး အမွတ္ေပးဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့အသင္းတစ္သင္းအတြက္ ကစားေပးေနတဲ့အခ်ိန္မွာ ဒီေလာက္သြင္းဂိုးပမာဏက လုံေလာက္ျခင္းမရွိတာျဖစ္ပါတယ္။

Premier League Productions မွာ စကားေျပာဆိုရာမွာ လီယြန္ ေအာ့စ္မန္းက လက္ရွိအခ်ိန္ ေဂ်းဇုရဲ႕ ပြဲစဥ္အတြင္းက ျပႆနာအခ်ိဳ႕ကို အေျဖရွာဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဂန္းနားၾကယ္ပြင့္ရဲ႕ ပင္နယ္တီဧရိယာအတြင္းက ကိုယ္အမူအရာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။

ေအာ့စ္မန္းက ေဂ်းဇုဟာ ဘယ္တုန္းကမွ ျပန္လွ်ံထြက္လာမယ့္ေဘာလုံးေတြကို စိတ္ဝင္တစား ေစာင့္ၾကည့္ျခင္းမရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့ၿပီး ေက်ာနံပါတ္ ၉ ကစားသမားတစ္ေယာက္အတြက္ဆိုရင္ ဒီလို မျဖစ္သင့္ဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

“သူတို႔ေတြက အခြင့္အေရးတိုင္းကို ဂိုးသမားက ကာကြယ္ႏိုင္မယ္လို႔ ထင္ေနၾကတယ္။ အခြင့္အေရးေတြက ရွိေနေပမယ့္ အာဆင္နယ္က အဲဒီအခြင့္အေရးေတြကို အနံ႔ခံႏိုင္ျခင္းမရွိပါဘူး။ ေဂ်းဇုရဲ႕ ကိုယ္ဟန္အမူအရာကို ၾကည့္လိုက္ပါ။ သူက ျပန္လွ်ံထြက္လာမယ့္ေဘာလုံးေတြကို စိတ္ဝင္တစားမရွိပါဘူး။ အာဆင္နယ္က ဒီလိုအရာမ်ိဳးကို မေမွ်ာ္လင့္ထားဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet