ဂန်းနားကြယ်ပွင့်ကို ပြီးပြည့်စုံလုနီးပါးကစားသမားလို့ ချီးကျူးခဲ့တဲ့ ပီအက်စ်ဗွီနည်းပြ 1024 512 coyg

ဂန်းနားကြယ်ပွင့်ကို ပြီးပြည့်စုံလုနီးပါးကစားသမားလို့ ချီးကျူးခဲ့တဲ့ ပီအက်စ်ဗွီနည်းပြ

ပီအက်စ်ဗွီနည်းပြ ပီတာဘော့ဇ်က ကိုင် ဟာဗတ်ဇ်ဟာ တကယ်ကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး နည်းစနစ်ပိုင်း ပြီးပြည့်စုံလုနီးပါးကစားသမားဖြစ်တယ်လို့ အာဆင်နယ်နဲ့ ၁-၁ သရေကျခဲ့တဲ့ အင်္ဂါနေ့ညနေပွဲစဉ်အပြီးမှာ ချီးကျူး ပြောဆိုခဲ့ပါတယ်။

အက်ဒီ အန်ကီးတီးယားဟာ အာဆင်နယ်အတွက် အလွန်သေသပ်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပထမပိုင်း မပြီးဆုံးခင်မှာ အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း အုပ်စု ဒုတိယအဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဗွီအတွက် ဒုတိယပိုင်း မိနစ် ၅၀ မှာ ဗာတက်ဆန်က ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဟာဗတ်ဇ်ဟာ လေဗာကူဆင်မှာ ၂ နှစ်နီးပါး အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ ဘော့ဇ်နဲ့ ပြန်လည် ဆုံစည်းခဲ့တာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်ဟာ ၂၀၂၀ မှာ ပေါင် ၇၁ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ အတူတူ ရှိနေခဲ့တဲ့အချိန်အတွင်း ဒီလောက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရလိမ့်မယ်လို့ ထင်ခဲ့လားလို့ မေးမြန်းခဲ့ရာမှာ ဘော့ဇ်က “ခင်ဗျား ဘောလုံးမှာ ဒါကို သိနိုင်ဖို့အတွက် သိပ္ပံပညာရှင်လောက် တော်နေတတ်နေစရာလိုပါဘူး။ သူက ကြီးမားတဲ့ အရည်အချင်းလုံးဝရှိတဲ့သူပါ။ တစ်ခုတည်းသောအရာက သူက တကယ်ကို အကျိုးနွံဆုံးလူတစ်ယောက်ပါ။ အဲဒါက မတူညီတဲ့ နိုင်ငံက ထိပ်တန်းကလပ်မှာ အောင်မြင်မှု ရနိုင်ပါ့မလား။ ဒါပေမယ့် သူ လုပ်နိုင်ခဲ့တယ်။ ချဲလ်ဆီးတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တကယ်ကို အရေးကြီးတဲ့ဂိုးကို သွင်းယူခဲ့တယ်။ အခု သူ အာဆင်နယ်မှာ ပွဲထွက်ခွင့်ရကစားသမားဖြစ်နေပါပြီ။ သူက ထူးချွန်တဲ့ ကစားသမားပါ။”

ဘော့ဇ်က အာဆင်နယ်မှာ ဟာဗတ်ဇ်အနေနဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားရင် ခြေစွမ်းပိုင်း အတိုးတက်ဆုံးဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် လေဗာကူဆင်ကို သွားခဲ့တဲ့အချိန်တုန်းက သူက ညာတောင်ပံကစားသမားအဖြစ် ကစားနေတာပါ။ ဒါပေမယ့် သူ့ကို ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်နဲ့ပဲ ကျွန်တော် မြင်ခဲ့တယ်။ အဲဒီတော့ သူ့ကို အဲဒီကစားကွက်ထဲမှာ ထည့်လိုက်တယ်။ ကွင်းလယ်အထိုင်ကစားသမားက တစ်ယောက်၊ ကွင်းလယ်တိုက်စစ်က ၂ ယောက်၊ လိုတိုးပိုလျှော့ပေါ့။ ဘရန့်တ်က နောက်ထပ် ကွင်းလယ်တိုက်စစ်ကစားသမားပါ။ သူက အဲဒီနေရာမှာ ထူးထူးချွန်ချွန် ကစားနိုင်ခဲ့တယ်။ အဆုံးမှာ ကျွန်တော်သူ့ကို ကျောနံပါတ် ၉ အဖြစ်နဲ့ အသုံးပြုခဲ့တယ်။ ရူဒီ ဗော်လာက ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောမတူခဲ့ဘူး။ ဒါပေမယ့် သူ အဲဒီမှာလည်း ကစားနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူ ချဲလ်ဆီးမှာ လုပ်ခဲ့တာလည်း အဲဒါပဲ။ အခု သူ ပိုပြီးတော့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်နဲ့ ထပ်ကစားနေရပြီ။ သူက အဲဒီလိုနေရာတွေမှာ ကစားနိုင်သလို တောင်ပံတွေမှာလည်း ကစားနိုင်ပါတယ်။ဒါက သူဟာ တကယ်ကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ကစားသမားလို့ ဆိုလိုတာဖြစ်ပြီး နည်းစနစ်ပိုင်းမှာ သူ့လို အရပ်ရှည်တဲ့ကစားသမားတစ်ယောက်အတွက်ဆိုရင် ပြီးပြည့်စုံလုနီးပါးပါပဲ။ သူက ဂိုးတွေသွင်းယူနိုင်တယ်။ သူက နေရာတစ်ခုထက် ပိုပြီး ကစားနိုင်တယ်။ ဒါပေမယ့် သူ အခု ကစားနေတဲ့နေရာက သူ့ရဲ့ အကောင်းဆုံးနေရာပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ပီအက္စ္ဗြီနည္းျပ ပီတာေဘာ့ဇ္က ကိုင္ ဟာဗတ္ဇ္ဟာ တကယ္ကို ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္ၿပီး နည္းစနစ္ပိုင္း ၿပီးျပည့္စုံလုနီးပါးကစားသမားျဖစ္တယ္လို႔ အာဆင္နယ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ အဂၤါေန႔ညေနပြဲစဥ္အၿပီးမွာ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

အက္ဒီ အန္ကီးတီးယားဟာ အာဆင္နယ္အတြက္ အလြန္ေသသပ္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ပထမပိုင္း မၿပီးဆုံးခင္မွာ အဖြင့္ဂိုးကို သြင္းယူသြားခဲ့ေပမယ့္လည္း အုပ္စု ဒုတိယအျဖစ္ ရႈံးထြက္အဆင့္ တက္ေရာက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဗြီအတြက္ ဒုတိယပိုင္း မိနစ္ ၅၀ မွာ ဗာတက္ဆန္က ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ဟာဗတ္ဇ္ဟာ ေလဗာကူဆင္မွာ ၂ ႏွစ္နီးပါး အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးတဲ့ ေဘာ့ဇ္နဲ႔ ျပန္လည္ ဆုံစည္းခဲ့တာျဖစ္ၿပီး ဂ်ာမန္ၾကယ္ပြင့္ဟာ ၂၀၂၀ မွာ ေပါင္ ၇၁ သန္းနဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အမ္းမရိတ္စ္ကို ေပါင္ ၆၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ဘြန္ဒက္စ္လီဂါမွာ အတူတူ ရွိေနခဲ့တဲ့အခ်ိန္အတြင္း ဒီေလာက္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ရလိမ့္မယ္လို႔ ထင္ခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ ေဘာ့ဇ္က “ခင္ဗ်ား ေဘာလုံးမွာ ဒါကို သိႏိုင္ဖို႔အတြက္ သိပၸံပညာရွင္ေလာက္ ေတာ္ေနတတ္ေနစရာလိုပါဘူး။ သူက ႀကီးမားတဲ့ အရည္အခ်င္းလုံးဝရွိတဲ့သူပါ။ တစ္ခုတည္းေသာအရာက သူက တကယ္ကို အက်ိဳးႏြံဆုံးလူတစ္ေယာက္ပါ။ အဲဒါက မတူညီတဲ့ ႏိုင္ငံက ထိပ္တန္းကလပ္မွာ ေအာင္ျမင္မႈ ရႏိုင္ပါ့မလား။ ဒါေပမယ့္ သူ လုပ္ႏိုင္ခဲ့တယ္။ ခ်ဲလ္ဆီးတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ တကယ္ကို အေရးႀကီးတဲ့ဂိုးကို သြင္းယူခဲ့တယ္။ အခု သူ အာဆင္နယ္မွာ ပြဲထြက္ခြင့္ရကစားသမားျဖစ္ေနပါၿပီ။ သူက ထူးခြၽန္တဲ့ ကစားသမားပါ။”

ေဘာ့ဇ္က အာဆင္နယ္မွာ ဟာဗတ္ဇ္အေနနဲ႔ ကြင္းလယ္တိုက္စစ္ေနရာမွာ ကစားရင္ ေျခစြမ္းပိုင္း အတိုးတက္ဆုံးျဖစ္လာလိမ့္မယ္လို႔လည္း ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေလဗာကူဆင္ကို သြားခဲ့တဲ့အခ်ိန္တုန္းက သူက ညာေတာင္ပံကစားသမားအျဖစ္ ကစားေနတာပါ။ ဒါေပမယ့္ သူ႔ကို ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္နဲ႔ပဲ ကြၽန္ေတာ္ ျမင္ခဲ့တယ္။ အဲဒီေတာ့ သူ႔ကို အဲဒီကစားကြက္ထဲမွာ ထည့္လိုက္တယ္။ ကြင္းလယ္အထိုင္ကစားသမားက တစ္ေယာက္၊ ကြင္းလယ္တိုက္စစ္က ၂ ေယာက္၊ လိုတိုးပိုေလွ်ာ့ေပါ့။ ဘရန႔္တ္က ေနာက္ထပ္ ကြင္းလယ္တိုက္စစ္ကစားသမားပါ။ သူက အဲဒီေနရာမွာ ထူးထူးခြၽန္ခြၽန္ ကစားႏိုင္ခဲ့တယ္။ အဆုံးမွာ ကြၽန္ေတာ္သူ႔ကို ေက်ာနံပါတ္ ၉ အျဖစ္နဲ႔ အသုံးျပဳခဲ့တယ္။ ႐ူဒီ ေဗာ္လာက ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို သေဘာမတူခဲ့ဘူး။ ဒါေပမယ့္ သူ အဲဒီမွာလည္း ကစားႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ ခ်ဲလ္ဆီးမွာ လုပ္ခဲ့တာလည္း အဲဒါပဲ။ အခု သူ ပိုၿပီးေတာ့ ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္နဲ႔ ထပ္ကစားေနရၿပီ။ သူက အဲဒီလိုေနရာေတြမွာ ကစားႏိုင္သလို ေတာင္ပံေတြမွာလည္း ကစားႏိုင္ပါတယ္။ဒါက သူဟာ တကယ္ကို ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္တဲ့ကစားသမားလို႔ ဆိုလိုတာျဖစ္ၿပီး နည္းစနစ္ပိုင္းမွာ သူ႔လို အရပ္ရွည္တဲ့ကစားသမားတစ္ေယာက္အတြက္ဆိုရင္ ၿပီးျပည့္စုံလုနီးပါးပါပဲ။ သူက ဂိုးေတြသြင္းယူႏိုင္တယ္။ သူက ေနရာတစ္ခုထက္ ပိုၿပီး ကစားႏိုင္တယ္။ ဒါေပမယ့္ သူ အခု ကစားေနတဲ့ေနရာက သူ႔ရဲ႕ အေကာင္းဆုံးေနရာပဲလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet