ဂန္တဝင်ကစားသမား ၃ နှစ်ကြာတောင်းဆိုခဲ့တဲ့ ဆန္ဒဖြည့်ပေးခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း အီမန်နျူရယ် ပီတစ်က ဂန်းနားတွေရဲ့ နွေရာသီစံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်ကို ချစ်မြတ်နိုးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ယခုနွေရာသီမှာ ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့ပြီးနောက် ဒီကလန် ရိုက်ဟာ အမ်းမရိတ်စ်ကို ရောက်ရောက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး ဩဂုတ်လရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပီတစ်က အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပြီး အသင်းဟောင်းက ယခုနွေရာသီမှာ ဝက်စ်ဟမ်းကြယ်ပွင့်ကို မခေါ်ယူခင်ကတည်းက ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဒီကောင်လေးကို နှစ်သက်မိတယ်။ သူ အာဆင်နယ်ကို မရောက်လာခင်ကတည်းက ကျွန်တော် အာဆင်နယ်ကို သူ့ကို ခေါ်ပေးဖို့ တောင်းပန်ခဲ့တာ ၂ နှစ်၊ ၃ နှစ်ရှိပါပြီ။ ဒီကောင်လေးက မွေးရာပါ ခေါင်းဆောင်လို့ထင်ပြီး သူ့မှာ အရည်အသွေးတွေ အများကြီးရှိပါတယ်။ သူက ရင့်ကျက်မှုနဲ့ စိတ်တည်ငြိမ်မှု အများကြီး ပြသခဲ့ပြီး ဒါက အာဆင်နယ်နှစ်ပေါင်းများစွာ လိုအပ်နေခဲ့တဲ့အရာပဲ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ”
“ဆာကာနဲ့ ပါတေးတို့က ပြီးခဲ့တဲ့ရာသီမှာ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်က ကြီးမားတဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ပြီး ဆုဖလားတွေကို အနိုင်ရနေကျဖြစ်ခဲ့တဲ့အချိန်တွေကို ကျွန်တော် မှတ်မိသေးတယ်။ အဲဒီတုန်းက အမြဲတမ်း အရမ်းကောင်းတဲ့ ကွင်းလယ်အထိုင်ကစားသမားတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ ဒီကလန် ရိုက်က အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ကစားသမားလို့ ကျွန်တော် ထင်တယ် ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္း အီမန္န်ဴရယ္ ပီတစ္က ဂန္းနားေတြရဲ႕ ေႏြရာသီစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ဒီကလန္ ႐ိုက္ကို ခ်စ္ျမတ္ႏိုးကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္ဟာ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ယခုေႏြရာသီမွာ ဝက္စ္ဟမ္းကေန ေပါင္ ၁၀၅ သန္းနဲ႔ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးၿပီး ေခၚယူခဲ့ၿပီးေနာက္ ဒီကလန္ ႐ိုက္ဟာ အမ္းမရိတ္စ္ကို ေရာက္ေရာက္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့ၿပီး ဩဂုတ္လရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ပီတစ္က အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားရဲ႕ အက်ိဳးသက္ေရာက္မႈကို ခ်ီးက်ဴးခဲ့ၿပီး အသင္းေဟာင္းက ယခုေႏြရာသီမွာ ဝက္စ္ဟမ္းၾကယ္ပြင့္ကို မေခၚယူခင္ကတည္းက ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္ ဒီေကာင္ေလးကို ႏွစ္သက္မိတယ္။ သူ အာဆင္နယ္ကို မေရာက္လာခင္ကတည္းက ကြၽန္ေတာ္ အာဆင္နယ္ကို သူ႔ကို ေခၚေပးဖို႔ ေတာင္းပန္ခဲ့တာ ၂ ႏွစ္၊ ၃ ႏွစ္ရွိပါၿပီ။ ဒီေကာင္ေလးက ေမြးရာပါ ေခါင္းေဆာင္လို႔ထင္ၿပီး သူ႔မွာ အရည္အေသြးေတြ အမ်ားႀကီးရွိပါတယ္။ သူက ရင့္က်က္မႈနဲ႔ စိတ္တည္ၿငိမ္မႈ အမ်ားႀကီး ျပသခဲ့ၿပီး ဒါက အာဆင္နယ္ႏွစ္ေပါင္းမ်ားစြာ လိုအပ္ေနခဲ့တဲ့အရာပဲ။ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီ”
“ဆာကာနဲ႔ ပါေတးတို႔က ၿပီးခဲ့တဲ့ရာသီမွာ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တယ္။ ဒါေပမယ့္ အာဆင္နယ္က ႀကီးမားတဲ့ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ၿပီး ဆုဖလားေတြကို အႏိုင္ရေနက်ျဖစ္ခဲ့တဲ့အခ်ိန္ေတြကို ကြၽန္ေတာ္ မွတ္မိေသးတယ္။ အဲဒီတုန္းက အၿမဲတမ္း အရမ္းေကာင္းတဲ့ ကြင္းလယ္အထိုင္ကစားသမားေတြ အမ်ားႀကီးရွိခဲ့တယ္။ အဲဒီေတာ့ ဒီကလန္ ႐ိုက္က အာဆင္နယ္အတြက္ ၿပီးျပည့္စုံတဲ့ကစားသမားလို႔ ကြၽန္ေတာ္ ထင္တယ္ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News