ချဲလ်ဆီးနဲ့အာဆင်နယ်တို့ပွဲအပြီး စည်းမျဉ်းပြောင်းဖို့ တောင်းဆိုခံခဲ့ရတဲ့ အက်ဖ်အေ
ပရီးမီးယားလိဂ်နည်းပြဟောင်း အလန် ပါဂျူးက ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်ထိဘောစည်းမျဉ်းကို ပြောင်းလဲဖို့ အက်ဖ်အေကို တောင်းဆိုခဲ့ပါတယ်။
နယူးကာဆယ်နည်းပြဟောင်းက ဂန်းနားနောက်ခံလူ ဝီလီယံ ဆာလီဘာဟာ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တဲ့အတွက် မမျှမတ အပြစ်ပေးခြင်း ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးဟာ မိုင်ခေလို မာဒရစ်ခ် ခေါင်းတိုက်ခဲ့ပြီးနောက် ဆာလီဘာရဲ့ လက်ကို ထိမှန်ခဲ့တာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး အာဆင်နယ်နောက်ခံလူကလည်း ဘောလုံးကို ခေါင်းတိုက်ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း ချဲလ်ဆီးကြယ်ပွင့်က ခေါင်းဦးသွားတာကြောင့် ဘောလုံးက ဆန့်ထုတ်ထားတဲ့ လက်နဲ့ထိသွားခဲ့တာဖြစ်ပါတယ်။
ဒိုင်လူကြီး ခရစ္စ ကက်ဗနာက ပွဲကစားချိန်အတွင်းမှာ ပင်နယ်တီလို့ မထင်ခဲ့ပေမယ့်လည်း VAR က ကွင်းဘေးမော်နီတာကို လာကြည့်ဖို့ ထောက်ခံချက်ပေးခဲ့တာကြောင့် နောက်ဆုံးမှာတော့ ချဲလ်ဆီးကို ပင်နယ်တီ ပေးခဲ့တာဖြစ်ပါတယ်။ ပါဂျူးက လက်ရှိ ဥပဒေအရဆိုရင် ပင်နယ်တီပေးတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း ပုံမှန်မဟုတ်တဲ့ လက်အနေအထားဆိုတဲ့ စကားလုံးကို ပြောင်းလဲပစ်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပါဂျူးက လက်ရွေ့လျားမှုက ပုံမှန်ဟုတ်၊ မဟုတ်ဆိုတာကို အတိအကျ ဆုံးဖြတ်ဖို့ဆိုတာက မဖြစ်နိုင်သလောက် နီးပါးဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်အမြင်က ဒါက ပုံမှန်မဟုတ်တဲ့ လက်ရွေ့လျားမှုပါ။ ကျွန်တော် ဒီ တွေးဆချက်တစ်ခုလုံးနဲ့ပတ်သက်ပြီး ပြဿနာရှိပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်မဟုတ်တဲ့ လက်ရွေ့လျားမှုဆိုတာက အကဲဖြတ်ဖို့ အရမ်းကို ခက်ခဲလို့ပါ။ ကျွန်တော် နှစ်ပေါင်း ၃၀ လောက် ကစားသမားတွေကို နည်းပြခဲ့ပြီး သူတို့တွေ ခုခံတဲ့အချိန်တိုင်း သူတို့ခန္ဓာကိုယ်ကို ပစ်ဝင်လိုက်တဲ့အချိန်တိုင်း သူတို့တွေ ဘောလုံးကို ပိတ်ဆို့ဖို့ ကြိုးပမ်းတဲ့အချိန်တိုင်း သူတို့တွေ ဟန်ချက်ပျက်နေပြီး သူတို့တွေ ဟန်ချက်ပြန်ညီအောင် လုပ်ရတဲ့အခါမှာ သူတို့လက်တွေက ပုံမှန်မဟုတ်တဲ့ အနေအထားမှာ အမြဲတမ်းရှိနေပါတယ်။ ဒါပေမယ့် အဲဒါက ဘောလုံးက သူတို့လက်ကို မထိမချင်းတော့ ပုံမှန်မဟုတ်တဲ့ပုံမပေါ်ပါဘူး။ ဆာလီဘာက အဲဒီအနေအထားမှာ ခုန်လိုက်ပြီး သူ ဘောလုံးကို တကယ်ပဲ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တာပါ။ ဘောလုံးက သူ့လက်ကို လာမှန်တာပါ။ ဟုတ်ပြီ။ စည်းမျဉ်းအရ အဲဒါက ပင်နယ်တီပဲ။ ကျွန်တော် အဲဒါကို နားလည်တယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်တဲ့ စည်းမျဉ်းပဲ။ ပရိသတ်တွေက ငတုံးတွေမဟုတ်ဘူး။ သူတို့တွေက ပါးနပ်တဲ့သူတွေပါ။ အဲဒီကွင်းထဲမှာ ရှိတဲ့ ချဲလ်ဆီးပရိသတ်တိုင်းက ဘောလုံး သူ့လက်ကို ထိသွားတဲ့အချိန်မှာ မတ်တပ်ထရပ်ကြတယ်။ သူတို့တွေ ထိသွားတယ်ဆိုတာ သိတယ်။ သူတို့တွေ ဒိုင်လူကြီးကို ဖိအားပေးကြတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပြီး သီအိုရီတွေနဲ့ အခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေ အများကြီးရှိမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ဒါပေမယ့် ဒါကတော့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ပါ”လို့ ပြောကြားခဲ့ပါတယ်။
ပင်နယ်တီ ဆုံးဖြတ်ချက်ဟာ ဂန်းနားတွေကို ဒုက္ခရောက်စေလုနီးပါးဖြစ်ခဲ့ပြီး ချဲလ်ဆီးက ဒုတိယပိုင်းအစောပိုင်းမှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း ဒီကလန် ရိုက်နဲ့ ထရော့ဆာ့ဒ်တို့ရဲ့ ချေပဂိုးတွေကြောင့်သာ သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။
အာတီတာက ပွဲအပြီးမှာ ပင်နယ်တီပေးခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မထင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပြီး “အင်း။ ဘောလုံးက လုပ်ဆောင်ချက်နဲ့ဆက်စပ်ရမယ်ဆိုတဲ့နေရာမှာလည်း ဥပဒေက ရှင်းလင်းပါတယ်။ အဲဒါက အရမ်းကို နီးစပ်ပါတယ်။ ခင်ဗျားရဲ့ လက်ကို မမြှောက်ဘဲ ခုန်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာ တွေးစရာတောင် မလိုပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ပရီးမီးယားလိဂ္နည္းျပေဟာင္း အလန္ ပါဂ်ဴးက ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ လက္ထိေဘာစည္းမ်ဥ္းကို ေျပာင္းလဲဖို႔ အက္ဖ္ေအကို ေတာင္းဆိုခဲ့ပါတယ္။
နယူးကာဆယ္နည္းျပေဟာင္းက ဂန္းနားေနာက္ခံလူ ဝီလီယံ ဆာလီဘာဟာ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့တဲ့အတြက္ မမွ်မတ အျပစ္ေပးျခင္း ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ေဘာလုံးဟာ မိုင္ေခလို မာဒရစ္ခ္ ေခါင္းတိုက္ခဲ့ၿပီးေနာက္ ဆာလီဘာရဲ႕ လက္ကို ထိမွန္ခဲ့တာ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရၿပီး အာဆင္နယ္ေနာက္ခံလူကလည္း ေဘာလုံးကို ေခါင္းတိုက္ရွင္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးၾကယ္ပြင့္က ေခါင္းဦးသြားတာေၾကာင့္ ေဘာလုံးက ဆန႔္ထုတ္ထားတဲ့ လက္နဲ႔ထိသြားခဲ့တာျဖစ္ပါတယ္။
ဒိုင္လူႀကီး ခရစၥ ကက္ဗနာက ပြဲကစားခ်ိန္အတြင္းမွာ ပင္နယ္တီလို႔ မထင္ခဲ့ေပမယ့္လည္း VAR က ကြင္းေဘးေမာ္နီတာကို လာၾကည့္ဖို႔ ေထာက္ခံခ်က္ေပးခဲ့တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးကို ပင္နယ္တီ ေပးခဲ့တာျဖစ္ပါတယ္။ ပါဂ်ဴးက လက္ရွိ ဥပေဒအရဆိုရင္ ပင္နယ္တီေပးတာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္ဆိုေပမယ့္လည္း ပုံမွန္မဟုတ္တဲ့ လက္အေနအထားဆိုတဲ့ စကားလုံးကို ေျပာင္းလဲပစ္ရမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
ပါဂ်ဴးက လက္ေ႐ြ႕လ်ားမႈက ပုံမွန္ဟုတ္၊ မဟုတ္ဆိုတာကို အတိအက် ဆုံးျဖတ္ဖို႔ဆိုတာက မျဖစ္ႏိုင္သေလာက္ နီးပါးျဖစ္တယ္လို႔ ေထာက္ျပေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ့္အျမင္က ဒါက ပုံမွန္မဟုတ္တဲ့ လက္ေ႐ြ႕လ်ားမႈပါ။ ကြၽန္ေတာ္ ဒီ ေတြးဆခ်က္တစ္ခုလုံးနဲ႔ပတ္သက္ၿပီး ျပႆနာရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ပုံမွန္မဟုတ္တဲ့ လက္ေ႐ြ႕လ်ားမႈဆိုတာက အကဲျဖတ္ဖို႔ အရမ္းကို ခက္ခဲလို႔ပါ။ ကြၽန္ေတာ္ ႏွစ္ေပါင္း ၃၀ ေလာက္ ကစားသမားေတြကို နည္းျပခဲ့ၿပီး သူတို႔ေတြ ခုခံတဲ့အခ်ိန္တိုင္း သူတို႔ခႏၶာကိုယ္ကို ပစ္ဝင္လိုက္တဲ့အခ်ိန္တိုင္း သူတို႔ေတြ ေဘာလုံးကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းတဲ့အခ်ိန္တိုင္း သူတို႔ေတြ ဟန္ခ်က္ပ်က္ေနၿပီး သူတို႔ေတြ ဟန္ခ်က္ျပန္ညီေအာင္ လုပ္ရတဲ့အခါမွာ သူတို႔လက္ေတြက ပုံမွန္မဟုတ္တဲ့ အေနအထားမွာ အၿမဲတမ္းရွိေနပါတယ္။ ဒါေပမယ့္ အဲဒါက ေဘာလုံးက သူတို႔လက္ကို မထိမခ်င္းေတာ့ ပုံမွန္မဟုတ္တဲ့ပုံမေပၚပါဘူး။ ဆာလီဘာက အဲဒီအေနအထားမွာ ခုန္လိုက္ၿပီး သူ ေဘာလုံးကို တကယ္ပဲ ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့တာပါ။ ေဘာလုံးက သူ႔လက္ကို လာမွန္တာပါ။ ဟုတ္ၿပီ။ စည္းမ်ဥ္းအရ အဲဒါက ပင္နယ္တီပဲ။ ကြၽန္ေတာ္ အဲဒါကို နားလည္တယ္။ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး ဘာျပႆနာမွ မရွိပါဘူး။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔ ေျပာင္းလဲဖို႔ လိုအပ္တဲ့ စည္းမ်ဥ္းပဲ။ ပရိသတ္ေတြက ငတုံးေတြမဟုတ္ဘူး။ သူတို႔ေတြက ပါးနပ္တဲ့သူေတြပါ။ အဲဒီကြင္းထဲမွာ ရွိတဲ့ ခ်ဲလ္ဆီးပရိသတ္တိုင္းက ေဘာလုံး သူ႔လက္ကို ထိသြားတဲ့အခ်ိန္မွာ မတ္တပ္ထရပ္ၾကတယ္။ သူတို႔ေတြ ထိသြားတယ္ဆိုတာ သိတယ္။ သူတို႔ေတြ ဒိုင္လူႀကီးကို ဖိအားေပးၾကတယ္။ အဲဒီေတာ့ ဒါနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြ အမ်ားႀကီးရွိေနၿပီး သီအိုရီေတြနဲ႔ အျခားလူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြ အမ်ားႀကီးရွိမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ ဒါေပမယ့္ ဒါကေတာ့ ကြၽန္ေတာ့္ရဲ႕ ထင္ျမင္ယူဆခ်က္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ပင္နယ္တီ ဆုံးျဖတ္ခ်က္ဟာ ဂန္းနားေတြကို ဒုကၡေရာက္ေစလုနီးပါးျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးက ဒုတိယပိုင္းအေစာပိုင္းမွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ေပမယ့္လည္း ဒီကလန္ ႐ိုက္နဲ႔ ထေရာ့ဆာ့ဒ္တို႔ရဲ႕ ေခ်ပဂိုးေတြေၾကာင့္သာ သေရတစ္မွတ္ရခဲ့တာျဖစ္ပါတယ္။
အာတီတာက ပြဲအၿပီးမွာ ပင္နယ္တီေပးခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ မထင္ေၾကာင္း အရိပ္အႁမြက္ ေျပာဆိုခဲ့ၿပီး “အင္း။ ေဘာလုံးက လုပ္ေဆာင္ခ်က္နဲ႔ဆက္စပ္ရမယ္ဆိုတဲ့ေနရာမွာလည္း ဥပေဒက ရွင္းလင္းပါတယ္။ အဲဒါက အရမ္းကို နီးစပ္ပါတယ္။ ခင္ဗ်ားရဲ႕ လက္ကို မေျမႇာက္ဘဲ ခုန္ဖို႔ဆိုတာက မျဖစ္ႏိုင္ပါဘူး။ မျဖစ္ႏိုင္ဘူးဆိုတာ ေတြးစရာေတာင္ မလိုပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News