ချဲလ်ဆီးကိုပဲ ပြောင်းဖို့ တိုက်တွန်းခံခဲ့ရတဲ့ မဖြစ်မနေ ခေါ်ယူရမယ့် ဂန်းနားပစ်မှတ်
ချဲလ်ဆီးနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒန်နီရယ် စတားရစ်ချ်က အိုင်ဗန် တိုနီကို အာဆင်နယ်နဲ့ စပါးစ်တို့အစား ချဲလ်ဆီးကိုသာ ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပြီး ဘရန့်တ်ဖို့ဒ်ကြယ်ပွင့်ရဲ့ကစားပုံက စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အိုင်ဗန် တိုနီဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်စေ့မှာဖြစ်ပြီး ပြန်ကစားပေးနိုင်တော့မှာဖြစ်တဲ့အတွက် အသင်းအများအပြားက ဘရန့်တ်ဖို့ဒ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း စျေးကွက်ထဲမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရှာဖွေနေကြပြီး စပါးစ်ကလည်း ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားတဲ့ ဟာရီ ကိန်းရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ပြုလုပ်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလည်း နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို အကူအညီပေးနိုင်မယ့် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အိုင်ဗန် တိုနီကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
တိုနီဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရွေးချယ်စရာအသင်းတွေ အများအပြားရှိနေချိန်မှာ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒန်နီရယ် စတားရစ်ချ်က အနောက်လန်ဒန်ကို ပြောင်းတာက ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးအတွက် အကျိုးအရှိဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူက ချဲလ်ဆီးနဲ့ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ သူ စပါးစ်အတွက်လည်း သူ ကစားပေးနိုင်ပါတယ်။ သူ့ကို ဘယ်သူက အလိုအပ်ဆုံးဖြစ်မလဲတော့ ကျွန်တော် သေချာမသိပေမယ့် သူတို့အားလုံး လိုချင်နေကြပါတယ်။ သူက ထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
စတားရစ်ချ်နဲ့အတူ ချဲလ်ဆီးက တော့တင်ဟမ်ဟော့စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာ စီစဉ်တင်ဆက်နေခဲ့တဲ့ ကာရေဂါကလည်း အာဆင်နယ်အနေနဲ့ မန်စီးတီးကို အမီလိုက်ချင်တယ်ဆိုရင် ဇန်နဝါရီကမှာ တိုနီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံလို့မရဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ သူ ပြောင်းနိုင်ပါတယ်(အာဆင်နယ်ကို)။ သူက မတူညီတဲ့ တိုက်စစ်မှူးအမျိုးအစားတစ်မျိုးပါ။ သူ့ရဲ့ အမာခံပရိသတ်ဖြစ်ပေမယ့်လည်း အသင်းကြီးတစ်သင်းကို ခုန်ကူးလိုက်ရင် ပြင်းထန်တဲ့ အကဲဖြတ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဘရန့်တ်ဖို့ဒ်မှာကျတော့ မျှော်မှန်းချက်တွေက ရှိမနေပါဘူး။ အရည်အသွေးရှိတဲ့ တိုက်စစ်မှူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် အာဆင်နယ်ကို ဆုဖလားရယူပေးနိုင်မှာလား။ အာဆင်နယ်က ဒီအခွင့်အရေးကို အရယူဖို့လိုတယ်။ ဒီ တိုက်စစ်မှူးနေရာနဲ့ ဂိုးသမားအခြေအနေကို မပြင်ဆင်နိုင်ရင်တော့ မန်စီးတီးကို ကျော်ဖြတ်ဖို့က ခက်ခဲသွားပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒန္နီရယ္ စတားရစ္ခ်္က အိုင္ဗန္ တိုနီကို အာဆင္နယ္နဲ႔ စပါးစ္တို႔အစား ခ်ဲလ္ဆီးကိုသာ ေျပာင္းေ႐ႊ႕ဖို႔ ေတာင္းဆိုခဲ့ၿပီး ဘရန႔္တ္ဖို႔ဒ္ၾကယ္ပြင့္ရဲ႕ကစားပုံက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အသင့္ေတာ္ဆုံးျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အိုင္ဗန္ တိုနီဟာ ဇန္နဝါရီလ ၁၇ ရက္ေန႔မွာ ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ ခ်မွတ္ထားတဲ့ ပြဲပယ္ျပစ္ဒဏ္ေစ့မွာျဖစ္ၿပီး ျပန္ကစားေပးႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ အသင္းအမ်ားအျပားက ဘရန႔္တ္ဖို႔ဒ္ၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ကလည္း ေစ်းကြက္ထဲမွာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ရွာေဖြေနၾကၿပီး စပါးစ္ကလည္း ယခုေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းသြားတဲ့ ဟာရီ ကိန္းရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ျပဳလုပ္ဖို႔ ရွာေဖြေနတာ ျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကလည္း ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရာ့စ္မြတ္ ဟြိဳင္လြန္းကို အကူအညီေပးႏိုင္မယ့္ အေတြ႕အႀကဳံရွိ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ အိုင္ဗန္ တိုနီကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။
တိုနီဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေ႐ြးခ်ယ္စရာအသင္းေတြ အမ်ားအျပားရွိေနခ်ိန္မွာ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒန္နီရယ္ စတားရစ္ခ်္က အေနာက္လန္ဒန္ကို ေျပာင္းတာက ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးအတြက္ အက်ိဳးအရွိဆုံးျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“သူက ခ်ဲလ္ဆီးနဲ႔ အသင့္ေတာ္ဆုံးျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ သူ စပါးစ္အတြက္လည္း သူ ကစားေပးႏိုင္ပါတယ္။ သူ႔ကို ဘယ္သူက အလိုအပ္ဆုံးျဖစ္မလဲေတာ့ ကြၽန္ေတာ္ ေသခ်ာမသိေပမယ့္ သူတို႔အားလုံး လိုခ်င္ေနၾကပါတယ္။ သူက ထိပ္တန္းတိုက္စစ္မႉးျဖစ္ၿပီး ဒီအခြင့္အေရးနဲ႔ ထိုက္တန္ပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
စတားရစ္ခ်္နဲ႔အတူ ခ်ဲလ္ဆီးက ေတာ့တင္ဟမ္ေဟာ့စပါးကို အႏိုင္ရခဲ့တဲ့ပြဲမွာ စီစဥ္တင္ဆက္ေနခဲ့တဲ့ ကာေရဂါကလည္း အာဆင္နယ္အေနနဲ႔ မန္စီးတီးကို အမီလိုက္ခ်င္တယ္ဆိုရင္ ဇန္နဝါရီကမွာ တိုနီကို ေခၚယူႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခံလို႔မရဘူးလို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။
“ဟုတ္ပါတယ္။ သူ ေျပာင္းႏိုင္ပါတယ္(အာဆင္နယ္ကို)။ သူက မတူညီတဲ့ တိုက္စစ္မႉးအမ်ိဳးအစားတစ္မ်ိဳးပါ။ သူ႔ရဲ႕ အမာခံပရိသတ္ျဖစ္ေပမယ့္လည္း အသင္းႀကီးတစ္သင္းကို ခုန္ကူးလိုက္ရင္ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြနဲ႔ ရင္ဆိုင္ေျဖရွင္းႏိုင္မွာမဟုတ္ပါဘူး။ ဘရန႔္တ္ဖို႔ဒ္မွာက်ေတာ့ ေမွ်ာ္မွန္းခ်က္ေတြက ရွိမေနပါဘူး။ အရည္အေသြးရွိတဲ့ တိုက္စစ္မႉးဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္ အာဆင္နယ္ကို ဆုဖလားရယူေပးႏိုင္မွာလား။ အာဆင္နယ္က ဒီအခြင့္အေရးကို အရယူဖို႔လိုတယ္။ ဒီ တိုက္စစ္မႉးေနရာနဲ႔ ဂိုးသမားအေျခအေနကို မျပင္ဆင္ႏိုင္ရင္ေတာ့ မန္စီးတီးကို ေက်ာ္ျဖတ္ဖို႔က ခက္ခဲသြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News