ကွန်မြူနတီဒိုင်းလုပွဲမတိုင်ခင် မန်စီးတီးကို သတိပေးလိုက်တဲ့ အာတီတာ
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ သောကြာနေ့က နည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်မှုဟာ ဇွဲမလျှော့တတ်တဲ့ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရာသီနှောင်းပိုင်းမှာ ဂွါဒီယိုလာရဲ့အသင်းက ရလဒ်ကောင်းတွေ ပုံမှန်ရယူပြီးနောက် ၃ ကြိမ်ဆက် အမှတ်ပေးချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ယနေ့ည ဝင်ဘလေကွင်းမှာ မန်ချက်စတာစီးတီးကို လက်စားချေပြီး ပရီးမီးယားလိဂ်ရာသီသစ်ကို ကန့်လန့်ကာဖွင့်ဖို့ စောင့်မျှော်နေပြီဖြစ်ပြီး အာတီတာက ပြီးခဲ့တဲ့ရာသီ အရှိန်အဟုန်အပေါ်မှာ အသင်းကို ဆက်လက်တည်ဆောက်သွားရင်း နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဆုဖလားတစ်လုံးရရှိဖို့ ဗိုလ်လုပွဲတစ်ပွဲကစားရမှာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့က အနိုင်ယူရမယ့်အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာပါ။ ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါ။ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ အဲဒါကို သက်သေပြရမယ်။ ကျွန်တော်တို့ မနှစ်က လုပ်ခဲ့တာတွေက ကြီးမားတဲ့ဆုဖလားရဖို့ မလုံလောက်ခဲ့ဘူး။ ကျွန်တော်တို့ ပိုကောင်းမွန်နေရမှာပါ။ ကျွန်တော်တို့ ခြေစွမ်းအဆင့်အတန်းကို ထိန်းသိမ်းထားဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ပရိသတ်တွေအတွက် ခြေစွမ်းပိုင်း တိုးတက်အောင် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ယနေ့ည မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်းလုပွဲမှာ အားကောင်းတဲ့လူစာရင်းကို ပွဲထုတ်သွားမှာဖြစ်ပြီး နောက်ခံတောင်ပံမှာ ဘန် ဝှိုက်နဲ့ တင်းဘား၊ ဗဟိုခံစစ်မှာ ဂါဘရီယဲလ်နဲ့ ဆာလီဘာ၊ ကွင်းလယ်မှာ ပါတေး၊ ဒီကလန် ရိုက်၊ အော်ဒီဂွါဒ်၊ တိုက်စစ်မှာ ဆာကာ၊ ထရော့ဆာ့ဒ်နဲ့ အန်ကီးတီးယားတို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- Team News