ကြယ်ပွင့်ကစားသမားနဲ့ စာချုပ်သစ်ဆွေးနွေးနေတာကို ရုတ်တရက်ရပ်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဒီရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျော်ဂျင်ညိုကို စာချုပ်ပါ အချက်အရ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းသွားမယ်လို့ သိရပါတယ်။
ဒီလအစောပိုင်းတုန်းက ဂျော်ဂျင်ညိုရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားအတွက် ကမ်းလှမ်းမှုတစ်ခုချင်းစီတိုင်းကို အကဲခတ်သွားမှာဖြစ်ပေမယ့်လည်း ဦးစားပေးက အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၃၂ နှစ်အရွယ် အီတလီကွင်းလယ်ကစားသမားရဲ့ အမ်းမရိတ်စ်က အနာဂတ်နဲ့ပတ်သက်ပြီး Calciomercato က နောက်ဆုံးရသတင်းကို အသိပေးခဲ့ပြီး စိတ်ဝင်စားနေတဲ့ အသင်းတွေအကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။
အာတီတာရဲ့အသင်းက ဂျော်ဂျင်ညိုကို ၂၀၂၅ ခုနှစ်အထိ ၁ နှစ်စာချုပ်သစ် ကမ်းလှမ်းခဲ့ပြီး ၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ စာချုပ်ကို အသစ်ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ တရားဝင်စတင်ခဲ့ပြီးနောက်မှာ အာဆင်နယ်ဟာ ရုတ်တရက် ဆွေးနွေးညှိနှိုင်းမှုတွေကို ရပ်တန့်လိုက်ပြီး ဘာကြောင့်လဲဆိုတာကို ရှင်းလင်းခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
နာပိုလီကြယ်ပွင့်ဟောင်းဟာ လက်ရှိမှာတော့ စီးရီးအေကို ပြန်သွားကစားဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်က အီတလီဝါရင့်ကွင်းလယ်ကစားသမားအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
စီးရီးအေထိပ်သီးအသင်းကြီးကလည်း ဂျော်ဂျင်ညိုကို ကမ်းလှမ်းဖို့အတွက် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေတာဖြစ်ပြီး အာဆင်နယ်ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် ၂၈ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ဒီရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ေဂ်ာ္ဂ်င္ညိဳကို စာခ်ဳပ္ပါ အခ်က္အရ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသက္သြင္းသြားမယ္လို႔ သိရပါတယ္။
ဒီလအေစာပိုင္းတုန္းက ေဂ်ာ္ဂ်င္ညိဳရဲ႕ ေအးဂ်င့္က သူ႔ရဲ႕ ကစားသမားအတြက္ ကမ္းလွမ္းမႈတစ္ခုခ်င္းစီတိုင္းကို အကဲခတ္သြားမွာျဖစ္ေပမယ့္လည္း ဦးစားေပးက အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အသက္ ၃၂ ႏွစ္အ႐ြယ္ အီတလီကြင္းလယ္ကစားသမားရဲ႕ အမ္းမရိတ္စ္က အနာဂတ္နဲ႔ပတ္သက္ၿပီး Calciomercato က ေနာက္ဆုံးရသတင္းကို အသိေပးခဲ့ၿပီး စိတ္ဝင္စားေနတဲ့ အသင္းေတြအေၾကာင္းကိုလည္း ေဖာ္ျပခဲ့ပါတယ္။
အာတီတာရဲ႕အသင္းက ေဂ်ာ္ဂ်င္ညိဳကို ၂၀၂၅ ခုႏွစ္အထိ ၁ ႏွစ္စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ၿပီး ၁ ႏွစ္သက္တမ္းတိုးခြင့္လည္း ပါဝင္တယ္လို႔ သိရပါတယ္။ ကစားသမားရဲ႕ စာခ်ဳပ္ကို အသစ္ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ တရားဝင္စတင္ခဲ့ၿပီးေနာက္မွာ အာဆင္နယ္ဟာ ႐ုတ္တရက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ရပ္တန႔္လိုက္ၿပီး ဘာေၾကာင့္လဲဆိုတာကို ရွင္းလင္းခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။
နာပိုလီၾကယ္ပြင့္ေဟာင္းဟာ လက္ရွိမွာေတာ့ စီးရီးေအကို ျပန္သြားကစားဖို႔ စဥ္းစားေနၿပီး ဂ်ဴဗင္တပ္က အီတလီဝါရင့္ကြင္းလယ္ကစားသမားအတြက္ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ရွိေနတာ ျဖစ္ပါတယ္။
စီးရီးေအထိပ္သီးအသင္းႀကီးကလည္း ေဂ်ာ္ဂ်င္ညိဳကို ကမ္းလွမ္းဖို႔အတြက္ အခြင့္အခါေကာင္းကို ေစာင့္ဆိုင္းေနတာျဖစ္ၿပီး အာဆင္နယ္ကြင္းလယ္ကစားသမားဟာ ဒီရာသီမွာ အသင္းအတြက္ ၂၈ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News