ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ လီဗာပူးလ်ကို တဖန်ပြန်ကြုံးခဲ့တဲ့ ဂန်းနားပရိသတ်များ 644 429 coyg

ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ လီဗာပူးလ်ကို တဖန်ပြန်ကြုံးခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ဘန်လေကို စနေနေ့ညက ၃-၁ နဲ့ လီဗာပူးလ်က အနိုင်ရခဲ့ပြီးနောက် ယာဂန် ကလော့ပ်ရဲ့ အောင်ပွဲခံဟန်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

လီဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးကို ၂ မှတ်ပြန်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဂျိုတာ၊ လူးဝစ္စ ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်ဇ်တို့က အန်းဖီးမှာ ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ပြီးခဲ့တဲ့အပတ်က အမ်းမရိတ်စ်မှာ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အရေးကြီးတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ကလော့ပ်က အန်းဖီးက ပရိသတ်တွေရှေ့မှာ လက်သီး ၃ ကြိမ်အထိ ထိုးပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်ရဲ့ အောင်ပွဲခံမှုဟာ လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေရဲ့ ဝေဖန်မှုကနေ မလွတ်မြောက်ခဲ့ဘဲ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက မာတင် အော်ဒီဂွါဒ်နဲ့ အာဆင်နယ်အသင်းသားတွေကို ပြောခဲ့တဲ့စကားအတိုင်း တန်းဆင်းဖို့များနေတဲ့ ဘန်လေကို အနိုင်ရပြီးနောက် ဥမင်ထဲကို တန်းဝင်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်က အမှတ်ပေးဇယားထိပ်က လီဗာပူးလ်ကို အမ်းမရိတ်စ်မှာ ကြီးမားတဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့မှုအတွက် ဝေဖန်ခံခဲ့ရတဲ့ အာတီတာဘက်ကနေ ကာကွယ်ခဲ့ပြီး ဒီအပတ်မှာတော့ လီဗာပူးလ်ကို ပြန်လည်လက်စားချေခဲ့ကြတာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ဘန္ေလကို စေနေန႔ညက ၃-၁ နဲ႔ လီဗာပူးလ္က အႏိုင္ရခဲ့ၿပီးေနာက္ ယာဂန္ ကေလာ့ပ္ရဲ႕ ေအာင္ပြဲခံဟန္ကို ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။

လီဗာပူးလ္ဟာ ဒီႏိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္စီးတီးကို ၂ မွတ္ျပန္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂ်ိဳတာ၊ လူးဝစၥ ဒီယက္ဇ္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔က အန္းဖီးမွာ ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ ၿပီးခဲ့တဲ့အပတ္က အမ္းမရိတ္စ္မွာ ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အေရးႀကီးတဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး ကေလာ့ပ္က အန္းဖီးက ပရိသတ္ေတြေရွ႕မွာ လက္သီး ၃ ႀကိမ္အထိ ထိုးၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္ရဲ႕ ေအာင္ပြဲခံမႈဟာ လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြရဲ႕ ေဝဖန္မႈကေန မလြတ္ေျမာက္ခဲ့ဘဲ ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက မာတင္ ေအာ္ဒီဂြါဒ္နဲ႔ အာဆင္နယ္အသင္းသားေတြကို ေျပာခဲ့တဲ့စကားအတိုင္း တန္းဆင္းဖို႔မ်ားေနတဲ့ ဘန္ေလကို အႏိုင္ရၿပီးေနာက္ ဥမင္ထဲကို တန္းဝင္ဖို႔ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ ၿပီးခဲ့တဲ့အပတ္က အမွတ္ေပးဇယားထိပ္က လီဗာပူးလ္ကို အမ္းမရိတ္စ္မွာ ႀကီးမားတဲ့ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့မႈအတြက္ ေဝဖန္ခံခဲ့ရတဲ့ အာတီတာဘက္ကေန ကာကြယ္ခဲ့ၿပီး ဒီအပတ္မွာေတာ့ လီဗာပူးလ္ကို ျပန္လည္လက္စားေခ်ခဲ့ၾကတာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet