ကိုင် ဟာဗတ်ဇ်ကို ရုန်းကန်နေရတဲ့ ဂန်းနားကြယ်ပွင့်နေရာမှာ ထည့်ခဲ့သင့်တယ်ဆိုတဲ့ အီယန် ရိုက် 600 450 coyg

ကိုင် ဟာဗတ်ဇ်ကို ရုန်းကန်နေရတဲ့ ဂန်းနားကြယ်ပွင့်နေရာမှာ ထည့်ခဲ့သင့်တယ်ဆိုတဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာစီးတီးနဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ကိုင် ဟာဗတ်ဇ်အနေနဲ့ အာဆင်နယ် ပွဲထွက်လူစာရင်းထဲက အန်ကီးတီးယားရဲ့နေရာမှာ အစားထိုးခြင်း ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာဗတ်ဇ်ဟာ ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှသာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ဂါဘရီယဲလ် မာတီနယ်လီရဲ့ နောက်ကျ အနိုင်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့အပတ်က ဘုန်းမောက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အီယန် ရိုက်က စီးတီးနဲ့ပွဲက အန်ကီးတီးယားရဲ့ ခြေစွမ်းကို စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီ ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးပြီး အာဆင်နယ်ဂန္တဝင်က ကိုင် ဟာဗတ်ဇ်အနေနဲ့ အာဆင်နယ်ပွဲထွက်လူစာရင်းထဲက အန်ကီးတီးယားရဲ့ နေရာကို ရယူသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား သိလား။ တကယ်လို့ ဟာဗတ်ဇ်သာ အဲဒီနေရာမှာ ဘောလုံးကို ပြန်ခင်းမပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့ အဲဒီဂိုး ရချင်မှ ရခဲ့လိမ့်မယ်။ ဘာလို့လဲဆိုတော့ အချိန်တော်တော်များများမှာ ကျွန်တော် ပြောခဲ့သလိုပဲ အက်ဒီက အလုပ်အများကြီးလုပ်ခဲ့တယ်။ ပြေးလွှားမှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျား တိုက်စစ်ဆင်တာကို ပြန်ကြည့်လိုက်တဲ့အခါကျရင် သူက ညာတောင်ပံမှာ တိုက်စစ်ဆင်နေရင် ဘယ်တောင်ပံရောက်လွန်းနေတာ၊ ဘယ်တောင်ပံမှာဆိုရင် ညာတောင်ပံ ရောက်လွန်းနေခဲ့ပါတယ်။ ခင်ဗျား အလယ်မှာ အဓိကဗဟိုချက်ထားနိုင်မယ့် သူကို လိုအပ်ပါတယ်။ သောမတ်စ် ပါတေးက ဘောလုံးကို ပင်နယ်တီဧရိယာထဲကို ခုတ်တင်ပေးနိုင်တယ်။ အဲဒီလူက ဘောလုံးကို ရင်ဘတ်လေးနဲ့ ထိန်းပြီး နောက်ကို ပြန်ခင်းပေးနိုင်မယ့်သူမျိုးပေါ့။ ဟာဗတ်ဇ်က ဝင်လာပြီး အဲဒါကို ကျွန်တော်တို့အတွက် လုံးဝ ကောင်းမွန်တဲ့ပုံစံနဲ့ လုပ်ခဲ့တယ်လို့ ထင်ပါတယ်”

“အက်ဒီက ခြေအိတ်မီးပွင့်မတတ် အလုပ်လုပ်ခဲ့တယ်လို့ ထင်ခဲ့တဲ့အတွက် အဲဒါက အရမ်းခက်ခဲပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ခင်ဗျားရဲ့ အခွင့်အရေးက နည်းပါးတာနဲ့ မရှိသလောက် ကြားထဲမှာပဲ ရှိတယ်။ ခင်ဗျား တစ်ကြိမ် အခွင့်အရေးရရင် ခင်ဗျား အကောင်းဆုံးလုပ်နိုင်တာကို သေချာအောင်လုပ်ဖို့က အရေးကြီးတယ်။ အနည်းဆုံးတော့ ခင်ဗျား တဖက်မှာ ပြေးလွှားမှုတွေ အများအပြား ပြုလုပ်ရမှာဖြစ်သလို ဒီလိုအရာမျိုးတွေလည်း အများကြီး လုပ်ရမှာပါ။ ဒါက ဒီပွဲမှာ သူ့အပေါ်မှာ နစ်နာစေခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ နည်းနည်း စိတ်ပျက်လက်ပျက် ခံစားခဲ့ရလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အခွင့်အရေး အများကြီး မရခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ကိုင္ ဟာဗတ္ဇ္အေနနဲ႔ အာဆင္နယ္ ပြဲထြက္လူစာရင္းထဲက အန္ကီးတီးယားရဲ႕ေနရာမွာ အစားထိုးျခင္း ခံခဲ့ရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာဗတ္ဇ္ဟာ ပြဲၿပီးခါနီး ၁၅ မိနစ္အလိုမွသာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဂါဘရီယဲလ္ မာတီနယ္လီရဲ႕ ေနာက္က် အႏိုင္ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ လြန္ခဲ့တဲ့အပတ္က ဘုန္းေမာက္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး အီယန္ ႐ိုက္က စီးတီးနဲ႔ပြဲက အန္ကီးတီးယားရဲ႕ ေျခစြမ္းကို စိတ္ပ်က္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ ယခုရာသီ ၁၁ ပြဲမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ေသးၿပီး အာဆင္နယ္ဂႏၲဝင္က ကိုင္ ဟာဗတ္ဇ္အေနနဲ႔ အာဆင္နယ္ပြဲထြက္လူစာရင္းထဲက အန္ကီးတီးယားရဲ႕ ေနရာကို ရယူသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား သိလား။ တကယ္လို႔ ဟာဗတ္ဇ္သာ အဲဒီေနရာမွာ ေဘာလုံးကို ျပန္ခင္းမေပးခဲ့ဘူးဆိုရင္ ကြၽန္ေတာ္တို႔ အဲဒီဂိုး ရခ်င္မွ ရခဲ့လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ အက္ဒီက အလုပ္အမ်ားႀကီးလုပ္ခဲ့တယ္။ ေျပးလႊားမႈေတြ အမ်ားႀကီး လုပ္ခဲ့တယ္။ ဒါေပမယ့္ ခင္ဗ်ား တိုက္စစ္ဆင္တာကို ျပန္ၾကည့္လိုက္တဲ့အခါက်ရင္ သူက ညာေတာင္ပံမွာ တိုက္စစ္ဆင္ေနရင္ ဘယ္ေတာင္ပံေရာက္လြန္းေနတာ၊ ဘယ္ေတာင္ပံမွာဆိုရင္ ညာေတာင္ပံ ေရာက္လြန္းေနခဲ့ပါတယ္။ ခင္ဗ်ား အလယ္မွာ အဓိကဗဟိုခ်က္ထားႏိုင္မယ့္ သူကို လိုအပ္ပါတယ္။ ေသာမတ္စ္ ပါေတးက ေဘာလုံးကို ပင္နယ္တီဧရိယာထဲကို ခုတ္တင္ေပးႏိုင္တယ္။ အဲဒီလူက ေဘာလုံးကို ရင္ဘတ္ေလးနဲ႔ ထိန္းၿပီး ေနာက္ကို ျပန္ခင္းေပးႏိုင္မယ့္သူမ်ိဳးေပါ့။ ဟာဗတ္ဇ္က ဝင္လာၿပီး အဲဒါကို ကြၽန္ေတာ္တို႔အတြက္ လုံးဝ ေကာင္းမြန္တဲ့ပုံစံနဲ႔ လုပ္ခဲ့တယ္လို႔ ထင္ပါတယ္”

“အက္ဒီက ေျခအိတ္မီးပြင့္မတတ္ အလုပ္လုပ္ခဲ့တယ္လို႔ ထင္ခဲ့တဲ့အတြက္ အဲဒါက အရမ္းခက္ခဲပါတယ္။ မန္စီးတီးနဲ႔ပြဲမွာ ခင္ဗ်ားရဲ႕ အခြင့္အေရးက နည္းပါးတာနဲ႔ မရွိသေလာက္ ၾကားထဲမွာပဲ ရွိတယ္။ ခင္ဗ်ား တစ္ႀကိမ္ အခြင့္အေရးရရင္ ခင္ဗ်ား အေကာင္းဆုံးလုပ္ႏိုင္တာကို ေသခ်ာေအာင္လုပ္ဖို႔က အေရးႀကီးတယ္။ အနည္းဆုံးေတာ့ ခင္ဗ်ား တဖက္မွာ ေျပးလႊားမႈေတြ အမ်ားအျပား ျပဳလုပ္ရမွာျဖစ္သလို ဒီလိုအရာမ်ိဳးေတြလည္း အမ်ားႀကီး လုပ္ရမွာပါ။ ဒါက ဒီပြဲမွာ သူ႔အေပၚမွာ နစ္နာေစခဲ့လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူ နည္းနည္း စိတ္ပ်က္လက္ပ်က္ ခံစားခဲ့ရလိမ့္မယ္လို႔လည္း ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ အခြင့္အေရး အမ်ားႀကီး မရခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet