ကလော့ပ်နဲ့ လီဗာပူးလ်တို့ကို သင်ခန်းစာယူဖို့ ဂန်းနားတွေကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ
ဂျေမီ ကာရေဂါက ယခုရာသီကုန်မှာ လီဗာပူးလ်ကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ယာဂန် ကလော့ပ်ရဲ့ သတင်းတွေကို ကြားခဲ့ရတဲ့ အာဆင်နယ်ကို မာဆေးဆိုဒ်အသင်းလိုမဖြစ်ရအောင် နည်းပြ အာတီတာကို စာချုပ်သစ် ချုပ်ဆိုဖို့ တောင်းဆိုခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြဟာ လာမယ့်နှစ်တွေအတွင်း လီဗာပူးလ်နည်းပြကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပပ် ဂွါဒီယိုလာရဲ့ အနီးကပ်ဆုံး စိန်ခေါ်သူဖြစ်လာမယ်လို့ တစ်ကြိုပေးခြင်းခံနေရသူဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ အနီးကပ် စိန်ခေါ်မှုတွေ ခံခဲ့ရပေမယ့်လည်း မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ၆ ရာသီမှာ ၅ ရာသီအထိ ချန်ပီယံဖြစ်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဂန်းနားတွေက ဆုဖလားစိန်ခေါ်သူအဖြစ် အံ့အားသင့်ဖွယ်ပေါ်ထွက်လာမှုကြောင့် ဖလားပြိုင်ပွဲက ပိုမိုမြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ကာရေဂါက အာတီတာဟာ ပိုမိုကြီးမားတဲ့ အပြောင်းအရွှေ့ကို အခြေအနေတစ်ခုမှာ လုပ်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး လီဗာပူးလ်နဲ့ ကလော့ပ်တို့လိုမဖြစ်ရအောင် စပိန်လူမျိုးနည်းကို စာချုပ်သစ်နဲ့ ချည်ထားဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်အတွက် အခမဲ့ အကြံအချို့ပေးမယ်။ အာတီတာကို တတ်နိုင်သမျှ စောစော အခွင့်အရေးရတာနဲ့ စာချုပ်သစ် ချုပ်ပါ။ မီးပူဆိုတာ ပူတုန်းပဲ တိုက်လို့ရတာ။ လီဗာပူးလ်က ရာသီကုန် ကလော့ပ်ထွက်ရင် မရေရာမသေချာတဲ့ အချိန်ကာလထဲကို ဝင်ရောက်ရမှာပါ။ ပပ် ဂွါဒီယိုလာကလည်း မကြာမီအချိန်အတွင်း မန်စီးတီးက အလုပ်တွေ ပြီးပြီလို့ ခံစားရနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း အဆက်မပြတ်ထွက်နေတယ်။ ဂွါဒီယိုလာက စီးတီးသာ ပရီးမီးယားလိဂ်က ကြားနာမယ့် စွဲချက်တွေ ချိုးဖောက်တယ်လို့ ဆုံးဖြတ်ခံရပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးခံရရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ အာတီတာသာ နောက်ထပ် ၄ နှစ် အမ်းမရိတ်စ်မှာ စာချုပ်ချုပ်လိုက်ရင် သူ ကိုယ်တိုင်ချခဲ့တဲ့ အုတ်မြစ်ရဲ့ အသီးအပွင့်ကို ရိတ်သိမ်းချင်တယ်ဆိုတာကို ကတိပြုလိုက်တာပဲဆိုတဲ့ သတင်းစကားပေးချင်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာနည်းပြ ဇာဗီဟာ ရာသီကုန်ကျရင် အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တယ်လို့ တရားဝင်ကြေညာသွားခဲ့ပြီး အာတီတာက နူးကမ့်က နည်းပြရာထူးအတွက် ရေပန်းအစားဆုံးနည်းပြစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လာမာစီယာအကယ်ဒမီထွက်ကစားသမားဟောင်းဖြစ်တဲ့ အာတီတာက အဲဒီ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး အမ်းမရိတ်စ်မှာသာ ဆက်နေမယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လီဗာပူးလ်ဂန္တဝင် ကာရေဂါက စပိန်လူမျိုးနည်းပြကို စာချုပ်သစ် ချုပ်တာက စိတ်အချရဆုံးဖြစ်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေဂ်မီ ကာေရဂါက ယခုရာသီကုန္မွာ လီဗာပူးလ္ကို ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ယာဂန္ ကေလာ့ပ္ရဲ႕ သတင္းေတြကို ၾကားခဲ့ရတဲ့ အာဆင္နယ္ကို မာေဆးဆိုဒ္အသင္းလိုမျဖစ္ရေအာင္ နည္းျပ အာတီတာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေတာင္းဆိုခဲ့ပါတယ္။
စပိန္လူမ်ိဳးနည္းျပဟာ လာမယ့္ႏွစ္ေတြအတြင္း လီဗာပူးလ္နည္းျပကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ဖလားအတြက္ ပပ္ ဂြါဒီယိုလာရဲ႕ အနီးကပ္ဆုံး စိန္ေခၚသူျဖစ္လာမယ္လို႔ တစ္ႀကိဳေပးျခင္းခံေနရသူျဖစ္ပါတယ္။
လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ရဲ႕ အနီးကပ္ စိန္ေခၚမႈေတြ ခံခဲ့ရေပမယ့္လည္း မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ ၆ ရာသီမွာ ၅ ရာသီအထိ ခ်န္ပီယံျဖစ္ႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ဂန္းနားေတြက ဆုဖလားစိန္ေခၚသူအျဖစ္ အံ့အားသင့္ဖြယ္ေပၚထြက္လာမႈေၾကာင့္ ဖလားၿပိဳင္ပြဲက ပိုမိုၿမိဳင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
ကာေရဂါက အာတီတာဟာ ပိုမိုႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ကို အေျခအေနတစ္ခုမွာ လုပ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ၿပီး လီဗာပူးလ္နဲ႔ ကေလာ့ပ္တို႔လိုမျဖစ္ရေအာင္ စပိန္လူမ်ိဳးနည္းကို စာခ်ဳပ္သစ္နဲ႔ ခ်ည္ထားဖို႔ သတိေပးခဲ့တာျဖစ္ပါတယ္။
“အာဆင္နယ္အတြက္ အခမဲ့ အႀကံအခ်ိဳ႕ေပးမယ္။ အာတီတာကို တတ္ႏိုင္သမွ် ေစာေစာ အခြင့္အေရးရတာနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ပါ။ မီးပူဆိုတာ ပူတုန္းပဲ တိုက္လို႔ရတာ။ လီဗာပူးလ္က ရာသီကုန္ ကေလာ့ပ္ထြက္ရင္ မေရရာမေသခ်ာတဲ့ အခ်ိန္ကာလထဲကို ဝင္ေရာက္ရမွာပါ။ ပပ္ ဂြါဒီယိုလာကလည္း မၾကာမီအခ်ိန္အတြင္း မန္စီးတီးက အလုပ္ေတြ ၿပီးၿပီလို႔ ခံစားရႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြလည္း အဆက္မျပတ္ထြက္ေနတယ္။ ဂြါဒီယိုလာက စီးတီးသာ ပရီးမီးယားလိဂ္က ၾကားနာမယ့္ စြဲခ်က္ေတြ ခ်ိဳးေဖာက္တယ္လို႔ ဆုံးျဖတ္ခံရၿပီး ျပင္းျပင္းထန္ထန္အျပစ္ေပးခံရရင္ ဘယ္လို တုံ႔ျပန္မလဲဆိုတာ ဘယ္သူသိႏိုင္မလဲ။ အာတီတာသာ ေနာက္ထပ္ ၄ ႏွစ္ အမ္းမရိတ္စ္မွာ စာခ်ဳပ္ခ်ဳပ္လိုက္ရင္ သူ ကိုယ္တိုင္ခ်ခဲ့တဲ့ အုတ္ျမစ္ရဲ႕ အသီးအပြင့္ကို ရိတ္သိမ္းခ်င္တယ္ဆိုတာကို ကတိျပဳလိုက္တာပဲဆိုတဲ့ သတင္းစကားေပးခ်င္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့အပတ္မွာ ဘာစီလိုနာနည္းျပ ဇာဗီဟာ ရာသီကုန္က်ရင္ အသင္းနဲ႔ လမ္းခြဲေတာ့မွာျဖစ္တယ္လို႔ တရားဝင္ေၾကညာသြားခဲ့ၿပီး အာတီတာက ႏူးကမ့္က နည္းျပရာထူးအတြက္ ေရပန္းအစားဆုံးနည္းျပစာရင္းထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း လာမာစီယာအကယ္ဒမီထြက္ကစားသမားေဟာင္းျဖစ္တဲ့ အာတီတာက အဲဒီ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ၿပီး အမ္းမရိတ္စ္မွာသာ ဆက္ေနမယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ ကာေရဂါက စပိန္လူမ်ိဳးနည္းျပကို စာခ်ဳပ္သစ္ ခ်ဳပ္တာက စိတ္အခ်ရဆုံးျဖစ္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News