၈ ဂိုးအထိရှိခဲ့တဲ့ ဘာဆာကို ဆုံးမတော်မူခန်းကနေ ပြန်ပြောချင်စရာအချက် ၆ ချက်
အာဆင်နယ်အသင်းဟာ လော့စ်အိန်ဂျလိစ်မှာ ဘာစီလိုနာကို ၅-၃ နဲ့ အနိုင်ယူပြီး ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်ပြီး ဒီပွဲစဉ်ကနေ မှတ်မှတ်ရရ ပြန်ပြောစရာ ၆ ချက်ရှိပါတယ်။
၁။ ဒဏ်ရာ စိုးရိမ်ရမှုကြောင့် မပါဝင်ခဲ့တဲ့ ရိုက်
ဒီကလန် ရိုက်ဟာ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ဘာစီလိုနာကို ရင်ဆိုင်မယ့် ပွဲနေ့လူစာရင်းမှာ လုံးဝ မပါဝင်ခဲ့တာဖြစ်ပြီး ပေါင် ၁၀၅ သန်းတန် စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ ခြေသလုံးကြွက်သားတင်းမာနေတဲ့ ပြဿနာရှိနေတာကြောင့် အာတီတာက အရဲစွန့်မသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကလန် ရိုက် မပါပေမယ့် အာဆင်နယ်အသင်းဟာ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းခဲ့ပြီး ပွဲလည်း တော်တော်လေးကြမ်းခဲ့လို့ ပထမပိုင်းမှာတင် အဝါကတ် ၃ ကတ်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဘာလိုဂန်လည်း မပါဝင်ခဲ့ပေမယ့် အာတီတာက ပရီးမီးယားလိဂ်ရာသီစဖို့ကလည်း ၁ ပတ်လောက်သာ လိုတော့တဲ့အတွက် ဒီကလန် ရိုက်ရဲ့ ဒဏ်ရာက အရမ်းမပြင်းဖို့ မျှော်လင့်နေမှာပါ။
၂။ ရောထွေးတဲ့ စိတ်ခံစားမှုတွေခံစားခဲ့ရတဲ့ ဆာကာ
ဆာကာဟာ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုတွေမှာ အဓိကပင်မဖြစ်ခဲ့သူဖြစ်ပြီး ဟာဗတ်ဇ်ရဲ့ သွင်းဂိုးကို ဂျေးဇုနဲ့အတူ ဖန်တီးပေးခဲ့တာပါ။ ဒါပေမယ့်လည်း အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခဲ့တာကို မေ့ပစ်ဖို့ ခက်ခဲမှာဖြစ်ပြီး လီဝန်ဒေါစကီးရဲ့ အဖွင့်ဂိုးကို ချေပပြီးနောက် ဦးဆောင်ဂိုးရဖို့ အခွင့်အရေးကို လွှင့်ပစ်ခဲ့မိတာဖြစ်ပါတယ်။ အာတီတာကတော့ ဆာကာ ပင်နယ်တီလွဲတာ ပွဲမတိုင်ခင်ကတည်းက အာတီတာ စောဒကတက်ခဲ့တဲ့ ကွင်းမျက်နှာပြင်ကြောင့်ဖြစ်နိုင်ပြီး အင်္ဂလန်တောင်ပံကစားသမားက ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ပင်နယ်တီစက်ဝိုင်းကို ချက်ချင်း ငုံ့ကြည့်ခဲ့တာဖြစ်ပါတယ်။
၃။ အခန်းကဏ္ဍသစ်မှာ အစမ်းသပ်ခံခဲ့ရတဲ့ တင်းဘား
တင်းဘားဟာဗဟိုခံစစ်ကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရပေမယ့် အာတီတာက ဘယ်နောက်ခံနေရာမှာ ပွဲထွက်စေခဲ့ပြီး ဂါဘရီယဲလ်နဲ့ ဆာလီဘာတို့ ဗဟိုခံစစ်အတွဲကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်နောက်ခံလူအတွက်တော့ မရင်းနှီးတဲ့ နေရာဖြစ်ပေမယ့်လည်း လာမယ့်ရာသီမှာ ကစားကွက်အမျိုးမျိုး ပြောင်းဖို့ရှိလာနိုင်သေးတဲ့ အာတီတာကြောင့် ကျရာနေရာမှာ တာဝန်ကျေအောင် စွမ်းဆောင်ပြရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ တီယာနီရဲ့ ကြံ့ခိုင်မှုမှတ်တမ်းကြောင့် ဇင်ချန်ကိုကို ပြီးခဲ့တဲ့ရာသီမှာ ဘယ်နောက်ခံနေရာမှာ တောက်လျှောက်သုံးခဲ့ရပြီး အာတီတာက ဘန် ဝှိုက်ကိုလည်း ညာနောက်ခံနေရာကို ရွှေ့ခဲ့တာဖြစ်ပါတယ်။ တင်းဘားသာ ဘယ်နောက်ခံနေရာမှာ အဆင်ပြေရင် ဇင်ချန်ကိုက ရှေ့ပိုတက်ပြီး ကစားရနိုင်ပြီး အာတီတာက အဲဒီတွက်ကိန်းနဲ့ပဲ တင်းဘားကို ခေါ်ခဲ့ပုံပေါ်ပါတယ်။
၄။ ရှေ့ပိုတက်ကစားခဲ့တဲ့ ဟာဗတ်ဇ်
ကင်းကိုင်ကတော့ ဒီနွေမှာ ချဲလ်ဆီးကနေ ရောက်လာပြီးကတည်းက ကွင်းလယ်ကစားသမားအဖြစ် အချိန်အများစုကို ကုန်ဆုံးခဲ့ပေမယ့်လည်း ဂျာမန်ကြယ်ပွင့်ဟာ နောက်ဆုံးမှာတော့ ဘာဆာနဲ့ပွဲမှာ ကျောနံပါတ် ၁၀ အဖြစ် ကစားခဲ့ရပြီဖြစ်ပါတယ်။ ပါတေး၊ အော်ဒီဂွါဒ်တို့က တောင်ပံ ၂ ဖက်စီမှာ ရှိနေတာကြောင့် ဟာဗတ်ဇ်ဟာ ရှေ့ကို လွတ်လွတ်လပ်လပ် ရွေ့လျားကစားနိုင်ပြီး ပထမပိုင်းမပြီးခင်မှာ ဂိုးပါ သွင်းယူနိုင်ခဲ့တာပါ။ ဂျာမန်ကွင်းလယ်ကစားသမားဟာ အထောင်တိုက်စစ်မှူး၊ တောင်ပံ၊ ကွင်းလယ်ကစားသမားအဖြစ် ကစားနိုင်ပြီး ဒီလို နေရာစုံကစားနိုင်လို့ပဲ အာတီတာက အရခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချိန်ကောင်း နေရာကောင်းမှာ ရှိခဲ့လို့သာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ပေါက်မှာတော့ အာတီတာက ဂျာမန်ကြယ်ပွင့်ကို ဘယ်လိုသုံးရမလဲဆိုတာ တူဟယ်၊ ပေါ့တားတို့ကို တစ်ကွက်ပြလိုက်တာဖြစ်ပါတယ်။
၅။ လက်စွမ်းက ဆက်ဆိုးနေသေးတဲ့ ရမ်းစ်ဒေးလ်
ရမ်းစ်ဒေးလ်းဟာ ဒီရာသီကြိုကာလမှာ တလွဲတွေ လုပ်နေပြီး မန်ယူနိုက်တက်နဲ့ပွဲတုန်းက မှားခဲ့တာ အားရသေးပုံမပေါ်ဘဲ ရာဖင်ညာရဲ့ လူထိလမ်းကြောင်းပြောင်းလာတဲ့ အလွတ်တည်ကန်ဘောမှာလည်း အမှားလုပ်ခဲ့မိပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ အံ့အားသင့်ဖွယ် လက်စွမ်းကောင်းတွေ ပြသခဲ့ပြီး အာဆင်နယ်ရဲ့ ကျောနံပါတ် ၁ ဆိုတာ သံသယဖြစ်စရာမရှိခဲ့ပေမယ့် လက်ရှိမှာတော့ အင်္ဂလန်ဂိုးသမားအနေနဲ့ ရာသီသစ်မစခင် အကောင်းဆုံးပုံစံ ပြန်ရအောင် ကြိုးစားဖို့ လိုနေပြီဖြစ်ပါတယ်။
၆။ အခွင့်အရေးရရင် အပိုင်ကိုင်တဲ့ ထရော့ဆာ့ဒ်
ထရော့ဆာ့ဒ်ဟာ ဇန်နဝါရီမှာ အာဆင်နယ်ကို ရောက်လာပြီးကတည်းက ပေးရတဲ့စျေးထက် ၂ ဆလောက် တန်တဲ့သူလို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အရန်ခုံကနေသာ ဂိုးတွေ ဝင်သွင်းပေးခဲ့ပေမယ့် ဘာစီလိုနာနဲ့ပွဲမှာတော့ ဘယ်လောက်အထိ အသင်းအတွက် အရေးပါတယ်ဆိုတာကို သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးက အာတီတာကို နောက်ထပ် တိုက်စစ်မှာ လက်နက်ကောင်းတစ်ခုရှိနေတယ်ဆိုတာကို မေ့မနေဖို့ သတိပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ လာမယ့်ရာသီမှာ တိုက်စစ်အတွက် အရမ်းစိုးရိမ်စရာမလိုဘူးဆိုတာ အာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
အာဆင္နယ္အသင္းဟာ ေလာ့စ္အိန္ဂ်လိစ္မွာ ဘာစီလိုနာကို ၅-၃ နဲ႔ အႏိုင္ယူၿပီး ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာယူႏိုက္တက္ကို စိတ္ပ်က္ဖြယ္ရႈံးနိမ့္ခဲ့ကေန အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီပြဲစဥ္ကေန မွတ္မွတ္ရရ ျပန္ေျပာစရာ ၆ ခ်က္ရွိပါတယ္။
၁။ ဒဏ္ရာ စိုးရိမ္ရမႈေၾကာင့္ မပါဝင္ခဲ့တဲ့ ႐ိုက္
ဒီကလန္ ႐ိုက္ဟာ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ပါဝင္ခဲ့ေပမယ့္လည္း ဘာစီလိုနာကို ရင္ဆိုင္မယ့္ ပြဲေန႔လူစာရင္းမွာ လုံးဝ မပါဝင္ခဲ့တာျဖစ္ၿပီး ေပါင္ ၁၀၅ သန္းတန္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ဟာ ေျခသလုံးႂကြက္သားတင္းမာေနတဲ့ ျပႆနာရွိေနတာေၾကာင့္ အာတီတာက အရဲစြန႔္မသုံးဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဒီကလန္ ႐ိုက္ မပါေပမယ့္ အာဆင္နယ္အသင္းဟာ ေမွ်ာ္လင့္ထားတာထက္ အမ်ားႀကီး ပိုေကာင္းခဲ့ၿပီး ပြဲလည္း ေတာ္ေတာ္ေလးၾကမ္းခဲ့လို႔ ပထမပိုင္းမွာတင္ အဝါကတ္ ၃ ကတ္အထိ ရွိခဲ့တာျဖစ္ပါတယ္။ ဘာလိုဂန္လည္း မပါဝင္ခဲ့ေပမယ့္ အာတီတာက ပရီးမီးယားလိဂ္ရာသီစဖို႔ကလည္း ၁ ပတ္ေလာက္သာ လိုေတာ့တဲ့အတြက္ ဒီကလန္ ႐ိုက္ရဲ႕ ဒဏ္ရာက အရမ္းမျပင္းဖို႔ ေမွ်ာ္လင့္ေနမွာပါ။
၂။ ေရာေထြးတဲ့ စိတ္ခံစားမႈေတြခံစားခဲ့ရတဲ့ ဆာကာ
ဆာကာဟာ အာဆင္နယ္ရဲ႕ တိုက္စစ္ဆင္မႈေတြမွာ အဓိကပင္မျဖစ္ခဲ့သူျဖစ္ၿပီး ဟာဗတ္ဇ္ရဲ႕ သြင္းဂိုးကို ေဂ်းဇုနဲ႔အတူ ဖန္တီးေပးခဲ့တာပါ။ ဒါေပမယ့္လည္း အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ပင္နယ္တီ ကန္သြင္းမႈ လြဲေခ်ာ္ခဲ့တာကို ေမ့ပစ္ဖို႔ ခက္ခဲမွာျဖစ္ၿပီး လီဝန္ေဒါစကီးရဲ႕ အဖြင့္ဂိုးကို ေခ်ပၿပီးေနာက္ ဦးေဆာင္ဂိုးရဖို႔ အခြင့္အေရးကို လႊင့္ပစ္ခဲ့မိတာျဖစ္ပါတယ္။ အာတီတာကေတာ့ ဆာကာ ပင္နယ္တီလြဲတာ ပြဲမတိုင္ခင္ကတည္းက အာတီတာ ေစာဒကတက္ခဲ့တဲ့ ကြင္းမ်က္ႏွာျပင္ေၾကာင့္ျဖစ္ႏိုင္ၿပီး အဂၤလန္ေတာင္ပံကစားသမားက ပင္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ ပင္နယ္တီစက္ဝိုင္းကို ခ်က္ခ်င္း ငုံ႔ၾကည့္ခဲ့တာျဖစ္ပါတယ္။
၃။ အခန္းက႑သစ္မွာ အစမ္းသပ္ခံခဲ့ရတဲ့ တင္းဘား
တင္းဘားဟာဗဟိုခံစစ္ကစားသမားအျဖစ္ ေခၚယူျခင္းခံခဲ့ရေပမယ့္ အာတီတာက ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ေစခဲ့ၿပီး ဂါဘရီယဲလ္နဲ႔ ဆာလီဘာတို႔ ဗဟိုခံစစ္အတြဲကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္ေနာက္ခံလူအတြက္ေတာ့ မရင္းႏွီးတဲ့ ေနရာျဖစ္ေပမယ့္လည္း လာမယ့္ရာသီမွာ ကစားကြက္အမ်ိဳးမ်ိဳး ေျပာင္းဖို႔ရွိလာႏိုင္ေသးတဲ့ အာတီတာေၾကာင့္ က်ရာေနရာမွာ တာဝန္ေက်ေအာင္ စြမ္းေဆာင္ျပရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ တီယာနီရဲ႕ ႀကံ့ခိုင္မႈမွတ္တမ္းေၾကာင့္ ဇင္ခ်န္ကိုကို ၿပီးခဲ့တဲ့ရာသီမွာ ဘယ္ေနာက္ခံေနရာမွာ ေတာက္ေလွ်ာက္သုံးခဲ့ရၿပီး အာတီတာက ဘန္ ဝႈိက္ကိုလည္း ညာေနာက္ခံေနရာကို ေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ တင္းဘားသာ ဘယ္ေနာက္ခံေနရာမွာ အဆင္ေျပရင္ ဇင္ခ်န္ကိုက ေရွ႕ပိုတက္ၿပီး ကစားရႏိုင္ၿပီး အာတီတာက အဲဒီတြက္ကိန္းနဲ႔ပဲ တင္းဘားကို ေခၚခဲ့ပုံေပၚပါတယ္။
၄။ ေရွ႕ပိုတက္ကစားခဲ့တဲ့ ဟာဗတ္ဇ္
ကင္းကိုင္ကေတာ့ ဒီေႏြမွာ ခ်ဲလ္ဆီးကေန ေရာက္လာၿပီးကတည္းက ကြင္းလယ္ကစားသမားအျဖစ္ အခ်ိန္အမ်ားစုကို ကုန္ဆုံးခဲ့ေပမယ့္လည္း ဂ်ာမန္ၾကယ္ပြင့္ဟာ ေနာက္ဆုံးမွာေတာ့ ဘာဆာနဲ႔ပြဲမွာ ေက်ာနံပါတ္ ၁၀ အျဖစ္ ကစားခဲ့ရၿပီျဖစ္ပါတယ္။ ပါေတး၊ ေအာ္ဒီဂြါဒ္တို႔က ေတာင္ပံ ၂ ဖက္စီမွာ ရွိေနတာေၾကာင့္ ဟာဗတ္ဇ္ဟာ ေရွ႕ကို လြတ္လြတ္လပ္လပ္ ေ႐ြ႕လ်ားကစားႏိုင္ၿပီး ပထမပိုင္းမၿပီးခင္မွာ ဂိုးပါ သြင္းယူႏိုင္ခဲ့တာပါ။ ဂ်ာမန္ကြင္းလယ္ကစားသမားဟာ အေထာင္တိုက္စစ္မႉး၊ ေတာင္ပံ၊ ကြင္းလယ္ကစားသမားအျဖစ္ ကစားႏိုင္ၿပီး ဒီလို ေနရာစုံကစားႏိုင္လို႔ပဲ အာတီတာက အရေခၚခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ေကာင္း ေနရာေကာင္းမွာ ရွိခဲ့လို႔သာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီတစ္ေပါက္မွာေတာ့ အာတီတာက ဂ်ာမန္ၾကယ္ပြင့္ကို ဘယ္လိုသုံးရမလဲဆိုတာ တူဟယ္၊ ေပါ့တားတို႔ကို တစ္ကြက္ျပလိုက္တာျဖစ္ပါတယ္။
၅။ လက္စြမ္းက ဆက္ဆိုးေနေသးတဲ့ ရမ္းစ္ေဒးလ္
ရမ္းစ္ေဒးလ္းဟာ ဒီရာသီႀကိဳကာလမွာ တလြဲေတြ လုပ္ေနၿပီး မန္ယူႏိုက္တက္နဲ႔ပြဲတုန္းက မွားခဲ့တာ အားရေသးပုံမေပၚဘဲ ရာဖင္ညာရဲ႕ လူထိလမ္းေၾကာင္းေျပာင္းလာတဲ့ အလြတ္တည္ကန္ေဘာမွာလည္း အမွားလုပ္ခဲ့မိၿပီး ဂိုးေပးခဲ့ရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ အံ့အားသင့္ဖြယ္ လက္စြမ္းေကာင္းေတြ ျပသခဲ့ၿပီး အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၁ ဆိုတာ သံသယျဖစ္စရာမရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ အဂၤလန္ဂိုးသမားအေနနဲ႔ ရာသီသစ္မစခင္ အေကာင္းဆုံးပုံစံ ျပန္ရေအာင္ ႀကိဳးစားဖို႔ လိုေနၿပီျဖစ္ပါတယ္။
၆။ အခြင့္အေရးရရင္ အပိုင္ကိုင္တဲ့ ထေရာ့ဆာ့ဒ္
ထေရာ့ဆာ့ဒ္ဟာ ဇန္နဝါရီမွာ အာဆင္နယ္ကို ေရာက္လာၿပီးကတည္းက ေပးရတဲ့ေစ်းထက္ ၂ ဆေလာက္ တန္တဲ့သူလို႔ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အရန္ခုံကေနသာ ဂိုးေတြ ဝင္သြင္းေပးခဲ့ေပမယ့္ ဘာစီလိုနာနဲ႔ပြဲမွာေတာ့ ဘယ္ေလာက္အထိ အသင္းအတြက္ အေရးပါတယ္ဆိုတာကို သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ရဲ႕ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ ၂ ဂိုးက အာတီတာကို ေနာက္ထပ္ တိုက္စစ္မွာ လက္နက္ေကာင္းတစ္ခုရွိေနတယ္ဆိုတာကို ေမ့မေနဖို႔ သတိေပးခဲ့တာျဖစ္ၿပီး ဂန္းနားေတြအေနနဲ႔ လာမယ့္ရာသီမွာ တိုက္စစ္အတြက္ အရမ္းစိုးရိမ္စရာမလိုဘူးဆိုတာ အာမခံခ်က္ေပးခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News