၃၂ ဂိုးသွင်းထားတဲ့ကြယ်ပွင့်ကို ပေါင် ၈၆ သန်းထက်နည်းတဲ့ပမာဏနဲ့ ခေါ်နိုင်မယ့် အာဆင်နယ် 590 350 coyg

၃၂ ဂိုးသွင်းထားတဲ့ကြယ်ပွင့်ကို ပေါင် ၈၆ သန်းထက်နည်းတဲ့ပမာဏနဲ့ ခေါ်နိုင်မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဗစ်တာ ဂယော်ကီရက်စ်ကို ခေါ်ယူဖို့အတွက် စပို့တင်း လစ္စဘွန်းနဲ့ ဆွေးနွေးသွားမယ်လို့ O Jogo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ် ခေါ်ယူချင်ခဲ့တာဖြစ်ပြီး နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်အပါအဝင် ထိပ်တန်းတိုက်စစ်မှူးအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဂယော်ကီရက်စ်ဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီကုန်မှာ စပို့တင်း လစ္စဘွန်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်မယ့် အနေအထားရှိလာလိမ့်မယ်လို့ သိရပါတယ်။

ဆွီဒင် တိုက်စစ်မှူးဟာ စပို့တင်း လစ္စဘွန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ပေါင် ၈၆ သန်းကို ထည့်သွင်းချုပ်ဆိုထားပေမယ့်လည်း ပေါ်တူဂီကလပ်က နွေရာသီမှာ ငွေကြေးအချို့ ရှာဖွေသွားဖို့ လိုအပ်နေတာကြောင့် တောင်းဆိုမှုကို လျှော့ချသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဂယော်ကီရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကိုဗင်ထရီစီးတီးကနေ စပို့တင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ရာသီအတွင်း သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ်အတွက် ၃၅ ပွဲသာ ပါဝင်ကစားပေးရသေးချိန်မှာ ပေါ်တူဂီလိဂ်သွင်းဂိုး ၃၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ဥရောပထိပ်တန်းအသင်းကြီးအများအပြားဆီကနေ အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူးကို အလွန်နှစ်သက်သဘောကျနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

စပို့တင်း လစ္စဘွန်းက ဂယော်ကီရက်စ်ရဲ့ စာချုပ်လျော်ကြေးထက် ပိုမို နည်းပါးတဲ့ ပမာဏနဲ့ ညှိနှိုင်းသွားချင်တဲ့ဆန္ဒရှိနေတာကြောင့် အာဆင်နယ်အတွက် အားတက်စရာသတင်းဖြစ်လာခဲ့ပြီး အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကြောက်မက်ဖွယ် ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့ပေမယ့်လည်း လက်ရှိလူစာရင်းထဲမှာ အမှန်တကယ် ဂိုးသွင်းယူနိုင်မယ့် တိုက်စစ်မှူးမျိုး မရှိသေးတာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုနဲ့ အန်ကီးတီးယားတို့က ပုံမှန်ခြေစွမ်းပြသဖို့အတွက် ရုန်းကန်ခဲ့ရပြီး ကိုင်ဟာဗတ်ဇ်က နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂျာမန်ကြယ်ပွင့်ဟာ ကြီးမားတဲ့အခွင့်အရေးတွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဂယော်ကီရက်စ်ဟာ အာဆင်နယ်တို့အတွက် ဒီနွေရာသီမှာ တိုက်စစ်ပြဿနာအတွက် အဖြေဖြစ်လာမှာဖြစ်ပြီး ဆွီဒင်တိုက်စစ်မှူးဟာ ဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့နှုန်းက ၂၆ ရာခိုင်နှုန်းရှိတာကြောင့် မန်စီးတီးဂိုးသွင်းစက် ဟာလန်းထက်တောင် ပိုမိုမြင့်မားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဂယော်ကီရက်စ်ဟာ အဓိကကျတဲ့ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ နောက်ထိဆင်းကစားနိုင်စွမ်းရှိတဲ့ ကစားကွက်ဖန်တီးရှင်လည်း ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အာဆင်နယ်မှမဟုတ်ဘဲ အခြားအသင်းတွေနဲ့ပါ အောင်မြင်မှုရယူနိုင်တဲ့ အရည်အချင်းရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဗစ္တာ ဂေယာ္ကီရက္စ္ကို ေခၚယူဖို႔အတြက္ စပို႔တင္း လစၥဘြန္းနဲ႔ ေဆြးေႏြးသြားမယ္လို႔ O Jogo ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း တိုက္စစ္မႉးသစ္ ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္အပါအဝင္ ထိပ္တန္းတိုက္စစ္မႉးအမ်ားအျပားနဲ႔ သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ဂေယာ္ကီရက္စ္ဟာ အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတဲ့ ေနာက္ထပ္ ကစားသမားတစ္ဦးျဖစ္ၿပီး ဒီရာသီကုန္မွာ စပို႔တင္း လစၥဘြန္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ေဆြးေႏြးညႇိႏႈိင္းႏိုင္မယ့္ အေနအထားရွိလာလိမ့္မယ္လို႔ သိရပါတယ္။

ဆြီဒင္ တိုက္စစ္မႉးဟာ စပို႔တင္း လစၥဘြန္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၈၆ သန္းကို ထည့္သြင္းခ်ဳပ္ဆိုထားေပမယ့္လည္း ေပၚတူဂီကလပ္က ေႏြရာသီမွာ ေငြေၾကးအခ်ိဳ႕ ရွာေဖြသြားဖို႔ လိုအပ္ေနတာေၾကာင့္ ေတာင္းဆိုမႈကို ေလွ်ာ့ခ်သြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဂေယာ္ကီရက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ကိုဗင္ထရီစီးတီးကေန စပို႔တင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၂၀၂၂-၂၀၂၃ ရာသီအတြင္း သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သူျဖစ္ၿပီး ေပၚတူဂီကလပ္အတြက္ ၃၅ ပြဲသာ ပါဝင္ကစားေပးရေသးခ်ိန္မွာ ေပၚတူဂီလိဂ္သြင္းဂိုး ၃၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္ ဥေရာပထိပ္တန္းအသင္းႀကီးအမ်ားအျပားဆီကေန အာ႐ုံစိုက္မႈကို ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ ဆြီဒင္တိုက္စစ္မႉးကို အလြန္ႏွစ္သက္သေဘာက်ေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။

စပို႔တင္း လစၥဘြန္းက ဂေယာ္ကီရက္စ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးထက္ ပိုမို နည္းပါးတဲ့ ပမာဏနဲ႔ ညႇိႏႈိင္းသြားခ်င္တဲ့ဆႏၵရွိေနတာေၾကာင့္ အာဆင္နယ္အတြက္ အားတက္စရာသတင္းျဖစ္လာခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ေၾကာက္မက္ဖြယ္ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့ေပမယ့္လည္း လက္ရွိလူစာရင္းထဲမွာ အမွန္တကယ္ ဂိုးသြင္းယူႏိုင္မယ့္ တိုက္စစ္မႉးမ်ိဳး မရွိေသးတာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ အန္ကီးတီးယားတို႔က ပုံမွန္ေျခစြမ္းျပသဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ကိုင္ဟာဗတ္ဇ္က ေနာက္ဆုံးကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဂ်ာမန္ၾကယ္ပြင့္ဟာ ႀကီးမားတဲ့အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဂေယာ္ကီရက္စ္ဟာ အာဆင္နယ္တို႔အတြက္ ဒီေႏြရာသီမွာ တိုက္စစ္ျပႆနာအတြက္ အေျဖျဖစ္လာမွာျဖစ္ၿပီး ဆြီဒင္တိုက္စစ္မႉးဟာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္တဲ့ႏႈန္းက ၂၆ ရာခိုင္ႏႈန္းရွိတာေၾကာင့္ မန္စီးတီးဂိုးသြင္းစက္ ဟာလန္းထက္ေတာင္ ပိုမိုျမင့္မားေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ဂေယာ္ကီရက္စ္ဟာ အဓိကက်တဲ့ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ဖို႔ ေနာက္ထိဆင္းကစားႏိုင္စြမ္းရွိတဲ့ ကစားကြက္ဖန္တီးရွင္လည္း ျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ အာဆင္နယ္မွမဟုတ္ဘဲ အျခားအသင္းေတြနဲ႔ပါ ေအာင္ျမင္မႈရယူႏိုင္တဲ့ အရည္အခ်င္းရွိေနတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet