၁၀ နှစ်ကျော်ကြာ အပြောင်းအရွှေ့မစ်ရှင်ကို အပြီးသတ်နိုင်မယ့်အခွင့်အရေးရှိနေတဲ့ အာဆင်နယ် 940 558 coyg

၁၀ နှစ်ကျော်ကြာ အပြောင်းအရွှေ့မစ်ရှင်ကို အပြီးသတ်နိုင်မယ့်အခွင့်အရေးရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်တဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မမျှော်လင့်ထားတဲ့အခွင့်အရေးရှိနေပြီး လုပ်ဆောင်သင့်တဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ရှိနေပါတယ်။

လက်ရှိမှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလဟာ နောက်ဆုံး ၂ ပတ်ထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ကစားသမားသစ်ခေါ်ယူမှု မပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။

စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ အယ်လ်အစ်တီဟတ် တိုက်စစ်မှူး ကာရင် ဘန်ဇီးမားဟာ ဒူဘိုင်း လေ့ကျင့်ရေးခရီးစဉ်ကနေ ကန်ထုတ်ခံခဲ့ရတယ်လို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အရှေ့အလယ်ပိုင်းက လေ့ကျင့်ရေးအတွက် သတင်းပို့ခြင်းမရှိခဲ့သလို လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ပျက်ကွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်နည်းပြ မာဆယ်လို ဂယ်လာဒိုဟာ ယခုရာသီ ဆော်ဒီ ပရိုလိဂ်မှာ ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ ၉ ဂိုးသွင်းယူထားတဲ့ ဘန်ဇီးမားမပါဘဲ ဒူဘိုင်းကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။

အယ်လ်အစ်တီဟတ်ဟာ ဘန်ဇီးမားရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်သွားဖို့ပါ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသက် ၃၆ နှစ်အရွယ်ကစားသမားကို မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း လူးဝစ္စ ဆာဟာက အရှေ့အလယ်ပိုင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းက “ဘန်ဇီးမားက မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကို ပြောင်းလဲပေးနိုင်တယ်။ အခု သူတို့တွေ လိုအပ်နေတာလည်း အဲဒါဆိုတာ အတိအကျပဲ။ သူက ကျိန်းသေပေါက်ဂိုးတွေ သွင်းယူမှာဖြစ်ပြီး အသင်းကို ပိုကောင်းအောင်ကစားနိုင်စေမှာပါ။ အခုအချိန်မှာတော့ အဲဒါက အိပ်မက်တစ်ခုလိုပါပဲ။ ဒါပေမယ့် ကာရင်က အရမ်းကို ပရော်ဖက်ရှင်နယ်ပီသနေဆဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘန်ဇီးမားဟာ ဆော်ဒီ အာရေဗျကလပ်နဲ့ ဆက်ဆံရေး ပြိုလဲနေပြီဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးတာကြောင့် ကစားသမားဘဝမှာ ဒါမျိုး ကြုံဖူးတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကာရင် ဘန်းဇီးမားဟာ ရာသီဝက်မှာပဲ အယ်လ်အစ်တီဟတ်ကနေ ထွက်ခွာနိုင်ခြေက မြင့်တက်လာနေပြီဖြစ်ပြီး စွန့်စားခန်းသစ်မှာ ဆုဖလားတွေ ပိုမိုရရှိချင်တဲ့ ပန်းတိုင်နဲ့ ဝေးကွာနေသလို ဟန်ဒါဆန်လိုပဲ အသင်းကိုလည်း အမှန်တကယ် လှုံ့ဆော်မှုမပေးနိုင်တာကြောင့် ရာသီလယ်မှာပဲ အပြောင်းအရွှေ့ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်ကတော့ ကြယ်ပွင့်ကစားသမားကို လွယ်လွယ်နဲ့ ထွက်ခွင့်ပေးမှာမဟုတ်ဘဲ ကြီးမားတဲ့ ကမ်းလှမ်းမှုတွေအတွက် အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပြီး ဘန်ဇီးမားဟာ ဆော်ဒီကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘန်ဇီးမားကို ကာလရှည် သဘောကျခဲ့ဖူးပြီး လက်ရှိအချိန် အာတီတာရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ လိုအပ်နေတဲ့ တိကျသေချာမှုဟာ ပြင်သစ်တိုက်စစ်မှူးက ကစားသမားဘဝတလျှောက်လုံး ပြသခဲ့တဲ့အရာဖြစ်ပါတယ်။

၂၀၁၀ နှစ်လယ်လောက်တုန်းက ဘန်ဇီးမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်ခဲ့ပြီး အဲဒီအချိန်တုန်းက နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ အနှစ်သက်ဆုံး ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး လာလီဂါထိပ်သီးအသင်းကြီးအတွက် ပွဲပေါင်း ၆၀၀ ကျော်မှာ သွင်းဂိုး ၃၅၀ ကျော် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ပြင်သစ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်မှာလည်း ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၂ ဘလွန်ဒေါဆုရှင်လည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘန်ဇီးမားလိုမျိုး အဆုံးသတ်သေချာတဲ့ စွမ်းရည်ရှိတဲ့ ကစားသမားမျိုး လိုအပ်နေတာဖြစ်ပြီး ၇ ကြိမ်ကန်မှ ၁ ကြိမ်လောက် ဂိုးပေါက်တည့်တဲ့ အခြေအနေမျိုးကနေ ရုန်းထွက်ဖို့ဆိုရင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အပြောင်းအရွှေ့မစ်ရှင်ကို အပြီးသတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔ မေမွ်ာ္လင့္ထားတဲ့အခြင့္အေရးရွိေနၿပီး လုပ္ေဆာင္သင့္တဲ့ အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္ ရွိေနပါတယ္။

လက္ရွိမွာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလဟာ ေနာက္ဆုံး ၂ ပတ္ထဲကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္လည္း အာဆင္နယ္ဟာ ကစားသမားသစ္ေခၚယူမႈ မျပဳလုပ္ႏိုင္ေသးတာ ျဖစ္ပါတယ္။

စပိန္သတင္းဌာန Marca ရဲ႕ ေဖာ္ျပခ်က္အရ အယ္လ္အစ္တီဟတ္ တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားဟာ ဒူဘိုင္း ေလ့က်င့္ေရးခရီးစဥ္ကေန ကန္ထုတ္ခံခဲ့ရတယ္လို႔ သိရၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အေရွ႕အလယ္ပိုင္းက ေလ့က်င့္ေရးအတြက္ သတင္းပို႔ျခင္းမရွိခဲ့သလို ေလ့က်င့္ေရးအစီအစဥ္ေတြကိုလည္း ပ်က္ကြက္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

အယ္လ္အစ္တီဟတ္နည္းျပ မာဆယ္လို ဂယ္လာဒိုဟာ ယခုရာသီ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ၁၅ ပြဲ ပါဝင္ကစားေပးထားရာမွာ ၉ ဂိုးသြင္းယူထားတဲ့ ဘန္ဇီးမားမပါဘဲ ဒူဘိုင္းကို ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ပုံေပၚပါတယ္။

အယ္လ္အစ္တီဟတ္ဟာ ဘန္ဇီးမားရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္သြားဖို႔ပါ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ကစားသမားကို မန္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း လူးဝစၥ ဆာဟာက အေရွ႕အလယ္ပိုင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္းက “ဘန္ဇီးမားက မန္ယူႏိုက္တက္ရဲ႕ တိုက္စစ္ကို ေျပာင္းလဲေပးႏိုင္တယ္။ အခု သူတို႔ေတြ လိုအပ္ေနတာလည္း အဲဒါဆိုတာ အတိအက်ပဲ။ သူက က်ိန္းေသေပါက္ဂိုးေတြ သြင္းယူမွာျဖစ္ၿပီး အသင္းကို ပိုေကာင္းေအာင္ကစားႏိုင္ေစမွာပါ။ အခုအခ်ိန္မွာေတာ့ အဲဒါက အိပ္မက္တစ္ခုလိုပါပဲ။ ဒါေပမယ့္ ကာရင္က အရမ္းကို ပေရာ္ဖက္ရွင္နယ္ပီသေနဆဲပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘန္ဇီးမားဟာ ေဆာ္ဒီ အာေရဗ်ကလပ္နဲ႔ ဆက္ဆံေရး ၿပိဳလဲေနၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္က ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္လက္ေ႐ြးစင္အသင္းကေန ထုတ္ပယ္ခံခဲ့ရဖူးတာေၾကာင့္ ကစားသမားဘဝမွာ ဒါမ်ိဳး ႀကဳံဖူးတာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ေတာ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကာရင္ ဘန္းဇီးမားဟာ ရာသီဝက္မွာပဲ အယ္လ္အစ္တီဟတ္ကေန ထြက္ခြာႏိုင္ေျခက ျမင့္တက္လာေနၿပီျဖစ္ၿပီး စြန႔္စားခန္းသစ္မွာ ဆုဖလားေတြ ပိုမိုရရွိခ်င္တဲ့ ပန္းတိုင္နဲ႔ ေဝးကြာေနသလို ဟန္ဒါဆန္လိုပဲ အသင္းကိုလည္း အမွန္တကယ္ လႈံ႕ေဆာ္မႈမေပးႏိုင္တာေၾကာင့္ ရာသီလယ္မွာပဲ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခ်င္ေနတာျဖစ္ပါတယ္။

အယ္လ္အစ္တီဟတ္ကေတာ့ ၾကယ္ပြင့္ကစားသမားကို လြယ္လြယ္နဲ႔ ထြက္ခြင့္ေပးမွာမဟုတ္ဘဲ ႀကီးမားတဲ့ ကမ္းလွမ္းမႈေတြအတြက္ အသင္းမွာ ဆက္လက္ ထိန္းသိမ္းသြားမွာျဖစ္ၿပီး ဘန္ဇီးမားဟာ ေဆာ္ဒီကလပ္နဲ႔ ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနေသးတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘန္ဇီးမားကို ကာလရွည္ သေဘာက်ခဲ့ဖူးၿပီး လက္ရွိအခ်ိန္ အာတီတာရဲ႕ အသင္းဟာ တိုက္စစ္ပိုင္းမွာ လိုအပ္ေနတဲ့ တိက်ေသခ်ာမႈဟာ ျပင္သစ္တိုက္စစ္မႉးက ကစားသမားဘဝတေလွ်ာက္လုံး ျပသခဲ့တဲ့အရာျဖစ္ပါတယ္။

၂၀၁၀ ႏွစ္လယ္ေလာက္တုန္းက ဘန္ဇီးမားဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သတင္းေတြ မၾကာခဏဆိုသလို ထြက္ေပၚခဲ့ၿပီး အဲဒီအခ်ိန္တုန္းက နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕ အႏွစ္သက္ဆုံး ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္မွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့ၿပီး လာလီဂါထိပ္သီးအသင္းႀကီးအတြက္ ပြဲေပါင္း ၆၀၀ ေက်ာ္မွာ သြင္းဂိုး ၃၅၀ ေက်ာ္ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ျပင္သစ္နဲ႔ ၂၀၁၈ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့သလို ရီးရဲလ္မက္ဒရစ္မွာလည္း ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့ၿပီး ၂၀၂၂ ဘလြန္ေဒါဆုရွင္လည္း ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘန္ဇီးမားလိုမ်ိဳး အဆုံးသတ္ေသခ်ာတဲ့ စြမ္းရည္ရွိတဲ့ ကစားသမားမ်ိဳး လိုအပ္ေနတာျဖစ္ၿပီး ၇ ႀကိမ္ကန္မွ ၁ ႀကိမ္ေလာက္ ဂိုးေပါက္တည့္တဲ့ အေျခအေနမ်ိဳးကေန ႐ုန္းထြက္ဖို႔ဆိုရင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ အေျပာင္းအေ႐ႊ႕မစ္ရွင္ကို အၿပီးသတ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet