အဲဗာတန်နဲ့ပွဲမှာ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံရနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦး 1024 504 coyg

အဲဗာတန်နဲ့ပွဲမှာ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံရနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦး

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ ပွဲဆက်တွေ များနေပြီး အာတီတာအနေနဲ့ လူစာရင်းကို ပါးပါးနပ်နပ် အသုံးပြုသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လာမယ့်အပတ် ပြည်တွင်းပွဲစဉ်တွေ ပြန်လည်မစတင်ခင်မှာ အာဆင်နယ်ကြယ်ပွင့် ၃ ဦးဟာ ပိုမို သိသာထင်ရှားတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်မှာဖြစ်ပြီး ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဂန်းနားတွေဟာ ရာသီအဖွင့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပွဲထွက် ၁၁ ဦးစာရင်းကို အထိုင်ကျအောင် လုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ၈ ဦးဟာ ပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ရာမှာ ဂန်းနားတွေက ၁၂ မှတ်ရနိုင်ခြေရှိတဲ့အထိက ၁၀ မှတ်အထိ ရယူနိုင်ခဲ့ပြီး ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၂ နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ခြင်းသာမရှိဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲကို ထိန်းသိမ်းနိုင်ခဲ့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ရတာကြောင့် အာတီတာအနေနဲ့ ရက်သတ္တပတ်အလယ်မှာ အဓိကကစားသမားတွေကို အနားပေးနိုင်ခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အရင်ကလို လုပ်လို့မရတော့တာ ဖြစ်ပါတယ်။

အာတီတာအနေနဲ့ ရက်သတ္တပတ်အကုန်ရော ရက်သတ္တပတ်အလယ်မှာပါ အားအကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ခင်းကျင်းသွားဖို့ လိုအပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ပထမအသင်း အဓိကကစားသမားအချို့ကို ဒဏ်ရာမရရှိအောင်နဲ့ ပွဲမပမ်းအောင် ဘယ်ပွဲတွေမှာ အနားပေးသင့်လဲဆိုတာကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ အဲဗာတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဗွီအိမ်ကွင်းကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ စပါးစ်က ယခုရာသီ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီပွဲအပြီးမှာတော့ ဘရန့်တ်ဖို့ဒ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ လွန်းစ်နဲ့ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်၊ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို ကစားသွားရမှာဖြစ်တာကြောင့် အာတီတာရဲ့လူစာရင်းဟာ အားကုန်ညှစ် ကစားသွားရမှာဖြစ်ပါတယ်။

ဒါကြောင့် အာတီတာဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ကစားသမား ၃ ဦးကို ထူးထူးခြားခြား ပွဲထွက် ပါဝင်ကစားခွင့်ပေးသွားဖွယ်ရှိပြီး ဖေဘီယို ဗီယာရာ၊ ဂျော်ဂျင်ညိုနဲ့ ရိစ် နယ်လ်ဆင်တို့အားလုံးဟာ ယခုရာသီမှာ ပွဲထွက်ခွင့်မရသေးပေမယ့် သိပ်မကြာခင်မှာ ရရှိတော့မှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီးမွာ ပြဲဆက္ေတြ မ်ားေနၿပီး အာတီတာအေနနဲ႔ လူစာရင္းကို ပါးပါးနပ္နပ္ အသုံးျပဳသြားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

လာမယ့္အပတ္ ျပည္တြင္းပြဲစဥ္ေတြ ျပန္လည္မစတင္ခင္မွာ အာဆင္နယ္ၾကယ္ပြင့္ ၃ ဦးဟာ ပိုမို သိသာထင္ရွားတဲ့အခန္းက႑ေတြမွာ ပါဝင္လာႏိုင္မွာျဖစ္ၿပီး ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ဂန္းနားေတြဟာ ရာသီအဖြင့္ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ပြဲထြက္ ၁၁ ဦးစာရင္းကို အထိုင္က်ေအာင္ လုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ ၈ ဦးဟာ ပရီးမီးယားလိဂ္ ၄ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ခဲ့ရာမွာ ဂန္းနားေတြက ၁၂ မွတ္ရႏိုင္ေျခရွိတဲ့အထိက ၁၀ မွတ္အထိ ရယူႏိုင္ခဲ့ၿပီး ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ၂-၂ နဲ႔ စိတ္ပ်က္ဖြယ္သေရက်ခဲ့ျခင္းသာမရွိဘူးဆိုရင္ ၁၀၀ ရာခိုင္ႏႈန္းႏိုင္ပြဲကို ထိန္းသိမ္းႏိုင္ခဲ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္း ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခဲ့ရတာေၾကာင့္ အာတီတာအေနနဲ႔ ရက္သတၱပတ္အလယ္မွာ အဓိကကစားသမားေတြကို အနားေပးႏိုင္ခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အရင္ကလို လုပ္လို႔မရေတာ့တာ ျဖစ္ပါတယ္။

အာတီတာအေနနဲ႔ ရက္သတၱပတ္အကုန္ေရာ ရက္သတၱပတ္အလယ္မွာပါ အားအေကာင္းဆုံး ပြဲထြက္ ၁၁ ဦးစာရင္းကို ခင္းက်င္းသြားဖို႔ လိုအပ္ေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ပထမအသင္း အဓိကကစားသမားအခ်ိဳ႕ကို ဒဏ္ရာမရရွိေအာင္နဲ႔ ပြဲမပမ္းေအာင္ ဘယ္ပြဲေတြမွာ အနားေပးသင့္လဲဆိုတာကို ေ႐ြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ တနဂၤေႏြေန႔မွာ အဲဗာတန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္အၿပီးမွာေတာ့ ပီအက္စ္ဗြီအိမ္ကြင္းကို ဗုဒၶဟူးေန႔မွာ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနတာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ စပါးစ္က ယခုရာသီ ပထမဆုံးေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အဲဒီပြဲအၿပီးမွာေတာ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ကစားသြားရမွာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္၊ လြန္းစ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စု ဒုတိယပြဲစဥ္၊ မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္တို႔ကို ကစားသြားရမွာျဖစ္တာေၾကာင့္ အာတီတာရဲ႕လူစာရင္းဟာ အားကုန္ညႇစ္ ကစားသြားရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အာတီတာဟာ လာမယ့္ရက္သတၱပတ္ေတြမွာ ကစားသမား ၃ ဦးကို ထူးထူးျခားျခား ပြဲထြက္ ပါဝင္ကစားခြင့္ေပးသြားဖြယ္ရွိၿပီး ေဖဘီယို ဗီယာရာ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ရိစ္ နယ္လ္ဆင္တို႔အားလုံးဟာ ယခုရာသီမွာ ပြဲထြက္ခြင့္မရေသးေပမယ့္ သိပ္မၾကာခင္မွာ ရရွိေတာ့မွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet