အာတီတာ ဘာလို့ အရမ်းပျော်နေလဲဆိုတာကို ပြောပြခဲ့တဲ့ ဖက်ဘရီဇီယို ရိုမာနို
ရာသီကြိုဟာ ကစားသမားတွေအတွက်တော့ ရာသီသစ် မစတင်ခင်မှာ နည်းပြကို အထင်ကြီးအောင် လုပ်ပြနိုင်ဖို့အတွက် အခွင့်အရေးဖြစ်ပြီး အကယ်ဒမီကစားသမားတွေအတွက် ပထမအသင်းကို တက်ရောက်ခွင့်မျှော်လင့်နိုင်သလို ကစားသမားသစ်တွေလည်း အသင်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပြသနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ရာသီကြိုဟာ အသင်းမှာ နေရာရပြီးသားကစားသမားတွေအချို့အတွက်လည်း ပွဲထွက်လူစာရင်းထဲမှာ တစ်နေရာအခိုင်အမာရရှိနိုင်ဖို့ အစွမ်းပြသခွင့်တစ်ခုဖြစ်ပြီး အာဆင်နယ်က နေရာအချို့မှာ ပွဲထွက်ချိန်အတွက် အန္တရာယ်ရှိနေတဲ့ကစားသမားအချို့လည်း ရှိနေပါတယ်။
ပွဲထွက်ကစားချိန်အတွက် ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားရနိုင်တဲ့ကစားသမားတစ်ဦးကတော့ သောမတ်စ် ပါတေးဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက် ပေါင် ၁၀၅ သန်းနဲ့ ရောက်ရှိလာမှုက ပေါင် ၄၅ သန်းတန် ဂါနာကွင်းလယ်လူအတွက် ဖိအားဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သောမတ်စ် ပါတေးဟာ အသင်းကနေ ထွက်သွားဖို့ထက် စိန်ခေါ်ဖို့အတွက် အဆင်သင့်ဖြစ်နေပုံပေါ်ပြီး နာမည်ကျော် အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဂါနာကွင်းလယ်လူဟာ ရာသီကြိုကို မယုံနိုင်စရာ ပုံစံကောင်းနဲ့ ပြန်လာတာကြောင့် အာတီတာက အလွန်ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
“ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့မှသာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးလည်းရှိနေပြီး အဲဒီလိုမှမဟုတ်ရင် အာဆင်နယ်က ပါတေးနဲ့ ဆက်ပြီး အလုပ်လုပ်သွားပါလိမ့်မယ်။ သူက ရာသီကြိုကို အရမ်းကောင်းမွန်တဲ့ပုံစံ၊ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပြန်လာခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရပြီး အာတီတာက သူ့ရဲ့ ချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်နေပါတယ်။ အာတီတာက ပါတေးနဲ့ပတ်သက်ပြီးတော့ရော ဒီရာသီသစ် စတင်မယ့်ပုံစံနဲ့ ပတ်သက်ပြီးပါ အရမ်းပျော်နေတယ်။ အဲဒီတော့ အရာအားလုံးက အာဆင်နယ်နဲ့ ပါတေးတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News