အာတီတာ ဖလားရဖို့ ဘာလုပ်ရမလဲဆိုတာ အကြံပေးလိုက်တဲ့ ရေး ပါလာ
အာဆင်နယ်ဂန္တဝင် ရေး ပါလာက မီခေးလ် အာတီတာအနေနဲ့ ဆုဖလားပြိုင်ပွဲ အရှိန်မတက်မီ အာဆင်ဝင်းဂါးဆီကနေ လမ်းညွှန်မှု တောင်းခံသင့်တယ်လို့ ထင်မြင်နေပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးရဲ့ ရာသီနှောင်းပိုင်းမှာ ကျော်တက်ခြင်းခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်အောင်ပွဲအတွက် နောက်ထပ်တစ်ကြိမ် ကြိုးပမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ဂန်းနားတွေဟာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ ၇ မှတ် အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော် စောင့်ဆိုင်းခဲ့ရတဲ့ မျှော်လင့်ချက်က အသက်ဝင်နေဆဲဖြစ်ပါတယ်။
အာဆင်နယ်အတွက် ပွဲပေါင်း ၄၆၆ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားက အာတီတာအနေနဲ့ ရနိုင်သမျှ အကူအညီအားလုံး ယူသင့်ပြီး စပိန်လူမျိုးနည်းပြကို ၂၀၀၃-၂၀၀၄ ရာသီမှာ ရှုံးပွဲမရှိ နောက်ဆုံး အမှတ်ပေးဖလားရယူပေးခဲ့တဲ့ ဂန္တဝင်နည်းပြကြီးနဲ့ စကားပြောသင့်တယ်လို့ အားပေးခဲ့ပါတယ်။
“မီခေးလ်က အာဆင်ဝင်းဂါးနဲ့ စကားပြောချင်တယ်ဆိုရင် သူလည်း အဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော် သေချာသိတယ်။ ဘာလို့လဲဆိုတော့ သူက သူ့ကို ငြင်းပယ်မယ့် သူမျိုးမဟုတ်လို့ပါ။ မီခေးလ်သာ သူ့ကို ဖုန်းခေါ်ခဲ့ရင် သူက ရာသီကုန်အထိ သူ တတ်နိုင်သမျှ အကူအညီပေးလိမ့်မယ်ဆိုတာ ကျွန်တော် သေချာတယ်။ မီခေးလ် အာတီတာဆီမှာလည်း အာဆင်ဝင်းဂါးနဲ့ နည်းနည်းတူတာတွေ ရှိပါတယ်။ ဂွါဒီယိုလာနဲ့ နည်းနည်း တူတာတွေလည်း ရှိတယ်လို့ ထင်ပါတယ်။ ခင်ဗျား သူ့ဆီမှာ အရည်အချင်းတွေ ရှိတယ်ဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေရး ပါလာက မီေခးလ္ အာတီတာအေနနဲ႔ ဆုဖလားၿပိဳင္ပြဲ အရွိန္မတက္မီ အာဆင္ဝင္းဂါးဆီကေန လမ္းၫႊန္မႈ ေတာင္းခံသင့္တယ္လို႔ ထင္ျမင္ေနပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာစီးတီးရဲ႕ ရာသီေႏွာင္းပိုင္းမွာ ေက်ာ္တက္ျခင္းခံခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္ေအာင္ပြဲအတြက္ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးပမ္းဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
လက္ရွိမွာ ဂန္းနားေတြဟာ အမွတ္ေပးဇယားဦးေဆာင္သူ လီဗာပူးလ္နဲ႔ ၇ မွတ္ အကြာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ၿပီးခဲ့တဲ့အပတ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ေစာင့္ဆိုင္းခဲ့ရတဲ့ ေမွ်ာ္လင့္ခ်က္က အသက္ဝင္ေနဆဲျဖစ္ပါတယ္။
အာဆင္နယ္အတြက္ ပြဲေပါင္း ၄၆၆ ပြဲအထိ ပါဝင္ကစားေပးခဲ့တဲ့ ဂႏၲဝင္ကြင္းလယ္ကစားသမားက အာတီတာအေနနဲ႔ ရႏိုင္သမွ် အကူအညီအားလုံး ယူသင့္ၿပီး စပိန္လူမ်ိဳးနည္းျပကို ၂၀၀၃-၂၀၀၄ ရာသီမွာ ရႈံးပြဲမရွိ ေနာက္ဆုံး အမွတ္ေပးဖလားရယူေပးခဲ့တဲ့ ဂႏၲဝင္နည္းျပႀကီးနဲ႔ စကားေျပာသင့္တယ္လို႔ အားေပးခဲ့ပါတယ္။
“မီေခးလ္က အာဆင္ဝင္းဂါးနဲ႔ စကားေျပာခ်င္တယ္ဆိုရင္ သူလည္း အဆင္သင့္ျဖစ္ေနမယ္လို႔ ကြၽန္ေတာ္ ေသခ်ာသိတယ္။ ဘာလို႔လဲဆိုေတာ့ သူက သူ႔ကို ျငင္းပယ္မယ့္ သူမ်ိဳးမဟုတ္လို႔ပါ။ မီေခးလ္သာ သူ႔ကို ဖုန္းေခၚခဲ့ရင္ သူက ရာသီကုန္အထိ သူ တတ္ႏိုင္သမွ် အကူအညီေပးလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ မီေခးလ္ အာတီတာဆီမွာလည္း အာဆင္ဝင္းဂါးနဲ႔ နည္းနည္းတူတာေတြ ရွိပါတယ္။ ဂြါဒီယိုလာနဲ႔ နည္းနည္း တူတာေတြလည္း ရွိတယ္လို႔ ထင္ပါတယ္။ ခင္ဗ်ား သူ႔ဆီမွာ အရည္အခ်င္းေတြ ရွိတယ္ဆိုတာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News