အာတီတာအတွက် အားတက်စရာဖြစ်လာတဲ့ အဓိကကစားသမားရဲ့ ဒဏ်ရာသတင်း 640 426 coyg

အာတီတာအတွက် အားတက်စရာဖြစ်လာတဲ့ အဓိကကစားသမားရဲ့ ဒဏ်ရာသတင်း

ယူရီယန် တင်းဘားဟာ လာမယ့် စနေနေ့ ဘုန်းမောက်နဲ့ ကစားရမယ့်ပွဲစဉ်မှာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ အာဆင်နယ် ပထမအသင်း လူစာရင်းထဲ ပြန်လည်ပါဝင်လာနိုင်တော့မယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် နောက်ခံလူဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့တဲ့အချိန်ကတည်းက အာဆင်နယ်အတွက် ထပ်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒဏ်ရာအခြေအနေ တိုးတက်လာတာကြောင့် ယူ-၂၁ အသင်းနဲ့အတူ ၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဘလက်ဘန်းနဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာက တင်းဘားအနေနဲ့ လူစာရင်းထဲ ပြန်လာနိုင်ဖို့ အရမ်းနီးစပ်နေပြီလို့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် ပြောဆိုခဲ့ပေမယ့်လည်း စပါးနဲ့ပွဲမှာ ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ တင်းဘားဟာ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပွဲထွက်ကစားခွင့်ကို ရရှိတော့မှာဖြစ်ပြီး ယခုအပတ် ဘုန်းမောက်နဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ယုံကြည်ချက်ရှိနေတယ်လို့ The Evening Standard က ဖော်ပြခဲ့ပါတယ်။

တင်းဘားဟာ အသင်းလေ့ကျင့်ရေးမှာလည်း အရှိန်အဟုန် ပြင်းပြင်းနဲ့ ကစားပေးနိုင်ခဲ့ပြီး ဒဏ်ရာ မရခဲ့တာကြောင့် အာဆင်နယ်ဆေးအဖွဲ့ဟာ ဘုန်းမောက်နဲ့ ရင်ဆိုင်မယ့်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝကြောင်း ကြေညာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ယူရီယန္ တင္းဘားဟာ လာမယ့္ စေနေန႔ ဘုန္းေမာက္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ အာဆင္နယ္ ပထမအသင္း လူစာရင္းထဲ ျပန္လည္ပါဝင္လာႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဒူးအ႐ြတ္စုတ္ၿပဲဒဏ္ရာရခဲ့တဲ့အခ်ိန္ကတည္းက အာဆင္နယ္အတြက္ ထပ္ကစားေပးႏိုင္ျခင္းမရွိေတာ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဒဏ္ရာအေျခအေန တိုးတက္လာတာေၾကာင့္ ယူ-၂၁ အသင္းနဲ႔အတူ ၂ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ဘလက္ဘန္းနဲ႔ပြဲမွာ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာက တင္းဘားအေနနဲ႔ လူစာရင္းထဲ ျပန္လာႏိုင္ဖို႔ အရမ္းနီးစပ္ေနၿပီလို႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ ေျပာဆိုခဲ့ေပမယ့္လည္း စပါးနဲ႔ပြဲမွာ ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တင္းဘားဟာ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပြဲထြက္ကစားခြင့္ကို ရရွိေတာ့မွာျဖစ္ၿပီး ယခုအပတ္ ဘုန္းေမာက္နဲ႔ ကစားမယ့္ပြဲမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ The Evening Standard က ေဖာ္ျပခဲ့ပါတယ္။

တင္းဘားဟာ အသင္းေလ့က်င့္ေရးမွာလည္း အရွိန္အဟုန္ ျပင္းျပင္းနဲ႔ ကစားေပးႏိုင္ခဲ့ၿပီး ဒဏ္ရာ မရခဲ့တာေၾကာင့္ အာဆင္နယ္ေဆးအဖြဲ႕ဟာ ဘုန္းေမာက္နဲ႔ ရင္ဆိုင္မယ့္ပြဲအတြက္ ႀကံ့ခိုင္မႈ ျပည့္ဝေၾကာင္း ေၾကညာဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet