အာတီတာရဲ့နံပါတ် ၁ ပစ်မှတ်နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ မာတင် ကီယွန် 1024 504 coyg

အာတီတာရဲ့နံပါတ် ၁ ပစ်မှတ်နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ မာတင် ကီယွန်

မာတင် ကီယွန်က ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ်ကနေ အိုင်ဗန် တိုနီကို ခေါ်ယူနိုင်ခြေရှိနေတာနဲ့ပတ်သက်ပြီး အာတီတာကို သတိပေး ပြောဆိုလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အပြောင်းအရွှေ့စျေးကွက် ဖွင့်တာနဲ့ ပျားတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး ဇန်နဝါရီလလယ်မှာ ၈ ပွဲ ပွဲကစားခွင့် ပိတ်ခံထားရတာလည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

တိုနီဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့ပြီး ဘရန့်တ်ဖို့ဒ်က ပေါင်သန်း ၈၀ လောက် တောင်းဆိုမှာဖြစ်ပေမယ့်လည်း အာတီတာက နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီသစ်ကို အထင်ကြီးဖွယ်ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ၈ ပွဲကနေ ရမှတ် ၂၀ အထိ ရယူနိုင်ခဲ့ရာမှာ ပြီးခဲ့တဲ့အပတ်က ဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးကို အမ်းမရိတ်စ်မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အဓိကအထောင်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ အန်ကီးတီးယားတို့ဆီကနေ သွင်းဂိုးတွေ ပျောက်ဆုံးနေတာဟာ ဂန်းနားတွေရဲ့ ဆုဖလားစိန်ခေါ်မှုအတွက် အဓိကစိုးရိမ်စရာ ကိစ္စဖြစ်နေတာဖြစ်ပါတယ်။

တိုနီဟာ သွင်းဂိုးတွေ အမှန်တကယ် သွင်းယူပေးနိုင်မယ့် ကစားသမားဖြစ်ပေမယ့်လည်း ကီယွန်က အာဆင်နယ်အနေနဲ့ မန်စီးတီးက အာလင်း ဟာလန်းကို အသင်းနဲ့ တသားတည်းဖြစ်သွားအောင် လုပ်နိုင်သလိုမျိုး ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးအတွက် အဆင်သင့်ဖြစ်မနေသေးမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

“မန်စီးတီးက ကွင်းလယ်ကို ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်၊ ရိုဒရီတို့နဲ့ စိတ်ချရပြီဆိုတာနဲ့ ဟုတ်ပြီ။ ဒီတိုက်စစ်မှူးကို ခေါ်လိုက်တော့ဆိုပြီး ခေါ်ခဲ့တယ်။ အဲဒါက အာဆင်နယ် အဆင့်သင့်ဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားဆိုတာ မသိရသေးတဲ့အရာပဲ။ ဂျေးဇုက တိုက်စစ်မှူးအဖြစ် ကစားနေတဲ့အချိန်မှာ ကျွန်တော်တို့ မကြာခဏ သူ့ကို ဘယ်နောက်ခံနဲ့ တစ်ကွင်းလုံးမှာ ကစားနေတာ မြင်ရတယ်။ သူ အဲဒီလို လုပ်ရမှာမို့လို့လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက ခံစစ်ပိုင်းအရ လုံလုံလောက်လောက် အားမကောင်းနေခဲ့လို့ပါ။ အသင်းက ဘယ်နေရာမှာရှိနေလဲဆိုတာနဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို နားလည်တယ်။ အိုင်ဗန် တိုနီက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးဆိုပေမယ့်လည်း အဲဒီသွင်းဂိုးတွေထဲက အများစုက ပင်နယ်တီတွေ ဖြစ်ခဲ့ပါတယ်။ အခု သူတို့တွေ သူမရှိဘဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလားဆိုတာကို ကြည့်နေတယ်။ သူတို့တွေ သူ့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု ရောက်လာမယ်ဆိုတာကို သိနေပြီး အာဆင်နယ်က အဲဒီစာရင်းထဲက ထိပ်ဆုံးမှာရှိနေတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသင်းရဲ့ တည်ဆောက်ပုံက အရေးကြီးပြီး သူတို့တွေ အဲဒါအတွက် အဆင်သင့်ဖြစ်နေပြီလား။ သူက ပင်နယ်တီဧရိယာထဲမှာပဲ နေမယ့် တိုက်စစ်မှူးဖြစ်မှာပါ။ သူက ဂျေးဇုလိုမျိုး နောက်ဆင်းကူမယ့်သူမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေ အဲဒါကို တတိယမြောက် တိုက်စစ်မှူးနဲ့ လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မာတင္ ကီယြန္က ဇန္နဝါရီလမွာ ဘရန႔္တ္ဖို႔ဒ္ကေန အိုင္ဗန္ တိုနီကို ေခၚယူႏိုင္ေျခရွိေနတာနဲ႔ပတ္သက္ၿပီး အာတီတာကို သတိေပး ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ဖြင့္တာနဲ႔ ပ်ားေတြကို စြန႔္ခြာဖို႔ ဆုံးျဖတ္ထားပုံေပၚၿပီး ဇန္နဝါရီလလယ္မွာ ၈ ပြဲ ပြဲကစားခြင့္ ပိတ္ခံထားရတာလည္း ၿပီးဆုံးေတာ့မွာ ျဖစ္ပါတယ္။

တိုနီဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသခဲ့ၿပီး ဘရန႔္တ္ဖို႔ဒ္က ေပါင္သန္း ၈၀ ေလာက္ ေတာင္းဆိုမွာျဖစ္ေပမယ့္လည္း အာတီတာက နံပါတ္ ၁ ပစ္မွတ္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီသစ္ကို အထင္ႀကီးဖြယ္ပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး ၈ ပြဲကေန ရမွတ္ ၂၀ အထိ ရယူႏိုင္ခဲ့ရာမွာ ၿပီးခဲ့တဲ့အပတ္က ဆုဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကို အမ္းမရိတ္စ္မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ အဓိကအေထာင္တိုက္စစ္မႉးေတြျဖစ္တဲ့ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ အန္ကီးတီးယားတို႔ဆီကေန သြင္းဂိုးေတြ ေပ်ာက္ဆုံးေနတာဟာ ဂန္းနားေတြရဲ႕ ဆုဖလားစိန္ေခၚမႈအတြက္ အဓိကစိုးရိမ္စရာ ကိစၥျဖစ္ေနတာျဖစ္ပါတယ္။

တိုနီဟာ သြင္းဂိုးေတြ အမွန္တကယ္ သြင္းယူေပးႏိုင္မယ့္ ကစားသမားျဖစ္ေပမယ့္လည္း ကီယြန္က အာဆင္နယ္အေနနဲ႔ မန္စီးတီးက အာလင္း ဟာလန္းကို အသင္းနဲ႔ တသားတည္းျဖစ္သြားေအာင္ လုပ္ႏိုင္သလိုမ်ိဳး ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးအတြက္ အဆင္သင့္ျဖစ္မေနေသးမွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။

“မန္စီးတီးက ကြင္းလယ္ကို ဒီဘ႐ိုင္းနား၊ ဂန္ဒိုဝမ္၊ ႐ိုဒရီတို႔နဲ႔ စိတ္ခ်ရၿပီဆိုတာနဲ႔ ဟုတ္ၿပီ။ ဒီတိုက္စစ္မႉးကို ေခၚလိုက္ေတာ့ဆိုၿပီး ေခၚခဲ့တယ္။ အဲဒါက အာဆင္နယ္ အဆင့္သင့္ျဖစ္ေနၿပီလား၊ မျဖစ္ေသးဘူးလားဆိုတာ မသိရေသးတဲ့အရာပဲ။ ေဂ်းဇုက တိုက္စစ္မႉးအျဖစ္ ကစားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ မၾကာခဏ သူ႔ကို ဘယ္ေနာက္ခံနဲ႔ တစ္ကြင္းလုံးမွာ ကစားေနတာ ျမင္ရတယ္။ သူ အဲဒီလို လုပ္ရမွာမို႔လို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အသင္းက ခံစစ္ပိုင္းအရ လုံလုံေလာက္ေလာက္ အားမေကာင္းေနခဲ့လို႔ပါ။ အသင္းက ဘယ္ေနရာမွာရွိေနလဲဆိုတာနဲ႔ ဆိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒါကို နားလည္တယ္။ အိုင္ဗန္ တိုနီက ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးဆိုေပမယ့္လည္း အဲဒီသြင္းဂိုးေတြထဲက အမ်ားစုက ပင္နယ္တီေတြ ျဖစ္ခဲ့ပါတယ္။ အခု သူတို႔ေတြ သူမရွိဘဲနဲ႔ ရင္ဆိုင္ေျဖရွင္းႏိုင္ပါ့မလားဆိုတာကို ၾကည့္ေနတယ္။ သူတို႔ေတြ သူ႔အတြက္ ႀကီးမားတဲ့ ကမ္းလွမ္းမႈ ေရာက္လာမယ္ဆိုတာကို သိေနၿပီး အာဆင္နယ္က အဲဒီစာရင္းထဲက ထိပ္ဆုံးမွာရွိေနတာျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အသင္းရဲ႕ တည္ေဆာက္ပုံက အေရးႀကီးၿပီး သူတို႔ေတြ အဲဒါအတြက္ အဆင္သင့္ျဖစ္ေနၿပီလား။ သူက ပင္နယ္တီဧရိယာထဲမွာပဲ ေနမယ့္ တိုက္စစ္မႉးျဖစ္မွာပါ။ သူက ေဂ်းဇုလိုမ်ိဳး ေနာက္ဆင္းကူမယ့္သူမ်ိဳးမဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ေတြ အဲဒါကို တတိယေျမာက္ တိုက္စစ္မႉးနဲ႔ လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet