အာတီတာနဲ့ အမ်မရီ အားပြိုင်ပွဲမှာ အနိုင်ရမယ့်သူကို ခန့်မှန်းလိုက်တဲ့ ပေါလ် မာဆန် 1024 504 coyg

အာတီတာနဲ့ အမ်မရီ အားပြိုင်ပွဲမှာ အနိုင်ရမယ့်သူကို ခန့်မှန်းလိုက်တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ယနေ့ည ဗီလာပါ့ခ်မှာ ကစားသွားမယ့် အက်စတန် ဗီလာနဲ့ အာဆင်နယ်တို့ပွဲစဉ်အတွက် ဟောကိန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်နဲ့ အက်စတန် ဗီလာကြယ်ပွင့်ဟောင်းက ဗီလာပါ့ခ်က ပွဲစဉ်မှာ သွင်းဂိုး ၃ ဂိုး ရှိလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အမ်မရီရဲ့အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာ မန်စီးတီးကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အက်စတန် ဗီလာဟာ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဂန်းနားတွေကတော့ ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီလက်အောက်မှာ ခြေစွမ်းပိုင်း တဟုန်ထိုး တိုးတက်လာခဲ့တာဖြစ်ပြီး အာဆင်နယ်ကိုသာ အနိုင်ကစားနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကိုပါ စိန်ခေါ်နိုင်လိမ့်မယ်လို့ အများစုက ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က အာဆင်နယ်ဟာ ဗီလာပါ့ခ်မှာ ၂-၁ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

“အက်စတန် ဗီလာက မန်စီးတီးကို လုံးဝကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ၁-၀ နဲ့ ထိုက်ထိုက်တန်တန် နိုင်ပွဲရယူနိုင်ခဲ့တယ်။ မန်စီးတီးကို ဒီလိုမျိုးလုပ်နိုင်တဲ့အသင်း မမြင်ခဲ့ရတာ တော်တော်ကြာခဲ့ပါပြီ။ အဲဒီတော့ အူနိုင်း အမ်မရီနဲ့ အသင်းဆီကနေ ကြီးမားတဲ့ ကြေညာမှုဖြစ်ခဲ့ပါတယ်။ အက်စတန် ဗီလာသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် သူတို့တွေ ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေမှာပါ။ ကျွန်တော် အဲဒီလိုပဲ ပြောရမှာပါ။ သူတို့တွေက စီးတီးနဲ့ပွဲမှာ အရမ်းကို အလုပ်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော် အာဆင်နယ်ကို ပိုပြီး နှစ်သက်နေတုန်းပါ။ အာဆင်နယ်သာ ဗီလာကို ကွင်းလယ်က မာတင် အော်ဒီဂွါဒ်၊ ဒီကလန် ရိုက်တို့နဲ့ ဖိအားပေးပြီး အနိုင်ယူနိုင်မယ်ဆိုရင် နောက်ခံတောင်ပံကစားသမားတွေက ဆာကာနဲ့ မာတီနယ်လီတို့လို ကစားသမားတွေကို ထိန်းနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ယေန႔ည ဗီလာပါ့ခ္မွာ ကစားသြားမယ့္ အက္စတန္ ဗီလာနဲ႔ အာဆင္နယ္တို႔ပြဲစဥ္အတြက္ ေဟာကိန္းထုတ္လိုက္ပါတယ္။

အာဆင္နယ္နဲ႔ အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းက ဗီလာပါ့ခ္က ပြဲစဥ္မွာ သြင္းဂိုး ၃ ဂိုး ရွိလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အမ္မရီရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညမွာ မန္စီးတီးကို အိမ္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အက္စတန္ ဗီလာဟာ ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၂ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ဂန္းနားေတြကေတာ့ ရမွတ္ ၃၆ မွတ္နဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ေအာက္မွာ ေျခစြမ္းပိုင္း တဟုန္ထိုး တိုးတက္လာခဲ့တာျဖစ္ၿပီး အာဆင္နယ္ကိုသာ အႏိုင္ကစားႏိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားကိုပါ စိန္ေခၚႏိုင္လိမ့္မယ္လို႔ အမ်ားစုက ထင္ေၾကးေပးေနၾကတာျဖစ္ပါတယ္။

ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္ မာဆန္က အာဆင္နယ္ဟာ ဗီလာပါ့ခ္မွာ ၂-၁ နဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္သြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

“အက္စတန္ ဗီလာက မန္စီးတီးကို လုံးဝကို လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ၁-၀ နဲ႔ ထိုက္ထိုက္တန္တန္ ႏိုင္ပြဲရယူႏိုင္ခဲ့တယ္။ မန္စီးတီးကို ဒီလိုမ်ိဳးလုပ္ႏိုင္တဲ့အသင္း မျမင္ခဲ့ရတာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ အဲဒီေတာ့ အူႏိုင္း အမ္မရီနဲ႔ အသင္းဆီကေန ႀကီးမားတဲ့ ေၾကညာမႈျဖစ္ခဲ့ပါတယ္။ အက္စတန္ ဗီလာသာ ဒီပြဲမွာ အႏိုင္ရခဲ့ရင္ သူတို႔ေတြ ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနမွာပါ။ ကြၽန္ေတာ္ အဲဒီလိုပဲ ေျပာရမွာပါ။ သူတို႔ေတြက စီးတီးနဲ႔ပြဲမွာ အရမ္းကို အလုပ္ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ဒီပြဲမွာ ကြၽန္ေတာ္ အာဆင္နယ္ကို ပိုၿပီး ႏွစ္သက္ေနတုန္းပါ။ အာဆင္နယ္သာ ဗီလာကို ကြင္းလယ္က မာတင္ ေအာ္ဒီဂြါဒ္၊ ဒီကလန္ ႐ိုက္တို႔နဲ႔ ဖိအားေပးၿပီး အႏိုင္ယူႏိုင္မယ္ဆိုရင္ ေနာက္ခံေတာင္ပံကစားသမားေတြက ဆာကာနဲ႔ မာတီနယ္လီတို႔လို ကစားသမားေတြကို ထိန္းႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet