အာတီတာကို သိက္ခာရှိရှိနေဖို့ သတိပေးခဲ့တဲ့ ရစ်ချက် ကီးစ် 1024 504 coyg

အာတီတာကို သိက္ခာရှိရှိနေဖို့ သတိပေးခဲ့တဲ့ ရစ်ချက် ကီးစ်

ရစ်ချက် ကီးစ်ဟာ တနင်္ဂနွေနေ့ညက လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အားပါးတရ အောင်ပွဲခံခဲ့တဲ့ မီခေးလ် အာတီတာကို နည်းနည်းပိုပြီး သိက္ခာရှိရှိနေဖို့ တောင်းဆိုခဲ့ပါတယ်။

မာတီနယ်လီရဲ့ ဒုတိယပိုင်းသွင်းဂိုးနဲ့ ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးတွေကြောင့် ဂန်းနားတွေဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာ အရေးကြီးတဲ့ နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကိုလည်း ပြန်လည်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ မာတီနယ်လီရဲ့ သွင်းဂိုးမှာ အားပါးတရ အောင်ပွဲခံခဲ့ပြီးနောက် ထရော့ဆာ့ဒ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးအပြီးမှာ ကွင်းဘေးစည်းမှာ ဟိုပြေးဒီပြေးလုပ်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့ အပြုအမူဟာ ရစ်ချက် ကီးစ်ရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပြီး စပိန်လူမျိုးနည်းပြက တစ်ပွဲလုံး အိန္ဒြေမရ ဖြစ်နေခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ဒီနေ့က သူတို့တွေ အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရခဲ့တာကြောင့် အောင်ပွဲခံဖို့ ထိုက်တန်ပါတယ်။ ရလဒ်အနေနဲ့ ဆုဖလားပြိုင်ပွဲကလည်း ပိုကြည့်ကောင်းသွားတာကြောင့် ပိုပြီး အောင်ပွဲခံချင်စရာပါပဲ။ ဒါပေမယ့် ပထမဆုံးအနေနဲ့ အာတီတာအနေနဲ့ အများကြီးပိုကောင်းတဲ့ အပြုအမူမျိုး ပြုမူခဲ့ဖို့ ကျွန်တော် ဆုတောင်းမိပါတယ်။ သူက ပြီးခဲ့တဲ့နှစ်က သူ့ကို စောင့်ကြည့်ပြီး နည်းပြခုံတန်းမှာပဲ ရှိနေအောင် စည်းမျဉ်းတွေ မပြောင်းခင်တုန်းက အမြဲတမ်း လုပ်ခဲ့တဲ့ပုံစံအတိုင်းပဲ ပြန်လုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ လီဗာပူးလ်ကို ဒုတိယဂိုးသွင်းလိုက်တဲ့အချိန်မှာ နည်းနည်းပိုပြီး အဆင့်အတန်းရှိဖို့ ကျွန်တော် ဆုတောင်းမိပါတယ်။ တတိယဂိုးမှာလည်း သူ နောက်ထပ်တစ်ကြိမ် စိတ်လွတ်သွားခဲ့တယ်။ ခင်ဗျား ၂-၁ ဖြစ်သွားလို့ အဲဒီလိုဖြစ်တယ်ဆိုရင် အဆင်ပြေတယ်။ ဒါပေမယ့် ဒါက လက်ဆောင်တစ်ခုပဲ။ အာတီတာက နည်းနည်းပိုပြီး သိက္ခာရှိရှိနေသင့်တယ်လို့ ကျွန်တော် ထင်တယ်။ အထူးသဖြင့် လက်ဆောင်ရတဲ့ဂိုးတွေရတဲ့အခါမှာပေ့ါ။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ရစ္ခ်က္ ကီးစ္ဟာ တနဂၤေႏြေန႔ညက လီဗာပူးလ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း အားပါးတရ ေအာင္ပြဲခံခဲ့တဲ့ မီေခးလ္ အာတီတာကို နည္းနည္းပိုၿပီး သိကၡာရွိရွိေနဖို႔ ေတာင္းဆိုခဲ့ပါတယ္။

မာတီနယ္လီရဲ႕ ဒုတိယပိုင္းသြင္းဂိုးနဲ႔ ထေရာ့ဆာ့ဒ္ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဂန္းနားေတြဟာ အိမ္ကြင္း အမ္းမရိတ္စ္မွာ အေရးႀကီးတဲ့ ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ေမွ်ာ္လင့္ခ်က္ကိုလည္း ျပန္လည္အသက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ မာတီနယ္လီရဲ႕ သြင္းဂိုးမွာ အားပါးတရ ေအာင္ပြဲခံခဲ့ၿပီးေနာက္ ထေရာ့ဆာ့ဒ္ရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးအၿပီးမွာ ကြင္းေဘးစည္းမွာ ဟိုေျပးဒီေျပးလုပ္ခဲ့တာ ျဖစ္ပါတယ္။ အာတီတာရဲ႕ အျပဳအမူဟာ ရစ္ခ်က္ ကီးစ္ရဲ႕ ျပစ္တင္ေဝဖန္မႈကို ခံခဲ့ရၿပီး စပိန္လူမ်ိဳးနည္းျပက တစ္ပြဲလုံး အိေျႏၵမရ ျဖစ္ေနခဲ့တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ဒီေန႔က သူတို႔ေတြ အႀကီးမားဆုံးအသင္းေတြထဲက တစ္သင္းကို အႏိုင္ရခဲ့တာေၾကာင့္ ေအာင္ပြဲခံဖို႔ ထိုက္တန္ပါတယ္။ ရလဒ္အေနနဲ႔ ဆုဖလားၿပိဳင္ပြဲကလည္း ပိုၾကည့္ေကာင္းသြားတာေၾကာင့္ ပိုၿပီး ေအာင္ပြဲခံခ်င္စရာပါပဲ။ ဒါေပမယ့္ ပထမဆုံးအေနနဲ႔ အာတီတာအေနနဲ႔ အမ်ားႀကီးပိုေကာင္းတဲ့ အျပဳအမူမ်ိဳး ျပဳမူခဲ့ဖို႔ ကြၽန္ေတာ္ ဆုေတာင္းမိပါတယ္။ သူက ၿပီးခဲ့တဲ့ႏွစ္က သူ႔ကို ေစာင့္ၾကည့္ၿပီး နည္းျပခုံတန္းမွာပဲ ရွိေနေအာင္ စည္းမ်ဥ္းေတြ မေျပာင္းခင္တုန္းက အၿမဲတမ္း လုပ္ခဲ့တဲ့ပုံစံအတိုင္းပဲ ျပန္လုပ္ခဲ့ပါတယ္။ သူ႔အေနနဲ႔ လီဗာပူးလ္ကို ဒုတိယဂိုးသြင္းလိုက္တဲ့အခ်ိန္မွာ နည္းနည္းပိုၿပီး အဆင့္အတန္းရွိဖို႔ ကြၽန္ေတာ္ ဆုေတာင္းမိပါတယ္။ တတိယဂိုးမွာလည္း သူ ေနာက္ထပ္တစ္ႀကိမ္ စိတ္လြတ္သြားခဲ့တယ္။ ခင္ဗ်ား ၂-၁ ျဖစ္သြားလို႔ အဲဒီလိုျဖစ္တယ္ဆိုရင္ အဆင္ေျပတယ္။ ဒါေပမယ့္ ဒါက လက္ေဆာင္တစ္ခုပဲ။ အာတီတာက နည္းနည္းပိုၿပီး သိကၡာရွိရွိေနသင့္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အထူးသျဖင့္ လက္ေဆာင္ရတဲ့ဂိုးေတြရတဲ့အခါမွာေပ့ါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet