အာတီတာကို ပါးစပ်ပိတ်ထားလို့ ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင် 1024 538 coyg

အာတီတာကို ပါးစပ်ပိတ်ထားလို့ ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးက အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ လူစာရင်းထဲ ကစားသမားသစ်ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက် လှုပ်ရှားမှုဟာ ထင်သလောက် မသွက်လက်ခဲ့ဘဲ ဒေးဗစ် ရာယာ ဘရန့်တ်ဖို့ဒ်ကနေ အပြီးသတ်ပြောင်းလာတာ၊ ကာလာဖီအိုရီကို ဘိုလော့ဂ်ညာကနေ ခေါ်ယူနိုင်ခဲ့တာရယ်သာ ရှိသေးတာပါ။

ဘိုလော့ဂ်ညာကနေ ကာလာဖီအိုရီကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်လို့ အာဆင်နယ်က နွေရာသီစျေးကွက်မပိတ်ခင် လက်ကျန်အချိန်တွေမှာ နောက်ထပ် တိုးတက်မှုရှိလာဖို့ လိုအပ်နေတဲ့ နေရာအများအပြားအတွက် အင်အားဖြည့်တင်းဖို့ ကြိုးစားသွားရဦးမှာပါ။

အာတီတာက ရာသီကြိုခရီးစဉ်အတွင်း “ဒီလိဂ်မှာ ပြီးပြည့်စုံမှုရှိဖို့က မတူညီတဲ့ စံနှုန်းတွေလိုအပ်ပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်အောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့က ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ကျွန်တော်တို့ တိုးတက်အောင် လုပ်ချင်တဲ့နေရာတွေရှိနေပြီး အထူးသဖြင့် ကျွန်တော်တို့ အင်အားနည်းနေခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး လူစာရင်းကို ပိုကောင်းမွန်တဲ့ အရင်းအမြစ်တွေ ပေးချင်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရဖို့ အရမ်းနီးစပ်ခဲ့တဲ့နောက် နီကိုးက အာတီတာအနေနဲ့ လာမယ့်ရာသီ အသင်းရဲ့ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်နဲ့ပတ်သက်ပြီး သတင်းစကားပေးရာမှာ ဆင်ခြေတွေ ပေးနေမယ့်အစား ပိုပြီး အကောင်းမြင်ဖို့ တောင်းဆိုလိုက်တာပါ။

“အာဆင်နယ်နဲ့ အာတီတာတို့က ကျွန်တော်တို့ ဘာလုပ်ဖို့ လိုပါတယ်ဆိုပြီး ပြောတဲ့စကားတွေကို ကျွန်တော် မကြားချင်ဘူး။ ကျွန်တော်တို့ နေရာအချို့ကို တိုးတက်အောင်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့ ပိုကြီးမားတဲ့လူစာရင်းလိုတယ် ဘလာဘလာ။ အဲဒီအသံတွေကို ဒီနှစ်မှာတော့ ကျွန်တော် မကြားချင်တော့ပါဘူး။ ကျွန်တော် ပိုပြီး အပြုသဘောဆောင်တဲ့ စကားသံတွေပဲ ကြားချင်တယ်။ ‘ကျွန်တော်တို့တွေ ဖလားအရယူသွားမယ်။ ကျွန်တော်တို့ ဖလားရဖို့ လုံလောက်တဲ့အနေအထားရှိနေပြီထင်တယ်။ ကျွန်တော်တို့ ပိုပြီးကောင်းမွန်လာတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ နေရာမှာ ရှိနေတဲ့အခါတိုင်း အခွင့်ကောင်းယူသွားမယ်ဆိုတာမျိုးပဲ ကြားချင်တယ်။

ကျွန်တော်တို့ တခြားနေရာတွေကို အင်အားပိုဖြည့်ဖို့ လိုသေးတယ်ဆိုတာမျိုးတွေ မကြားချင်ဘူး။ ကျေးဇူးပြုပြီး ပါးစပ်ပိတ်လိုက်ပါတော့။ မင်း ပြောရမှာက ခင်ဗျား သိလား။ ကျွန်တော်တို့ ဒီနှစ် ဖလားယူနိုင်မယ်ထင်တယ်။ ကျွန်တော်တို့ ဖလားရဖို့လိုတဲ့ အရည်အချင်းတွေနဲ့ ကစားသမားတွေရှိနေပြီဆိုတဲ့စကားမျိုးပဲ။ ဒါမျိုးပဲ ကျွန်တော် ကြားချင်တယ်။ ကျွန်တော် ဆင်ခြေတွေ မကြားချင်တော့ဘူး။ သူ ပွဲစကစားတာနဲ့ ဆင်ခြေပေးစရာအချိန်တွေက ပိုပြီး များလာပါလိမ့်မယ်။ ဘောလုံးမကန်ခင်မှာ အဲဒီအသံတွေကို ကျွန်တော် မကြားချင်ဘူး။ လုပ်စမ်းပါ အာတီတာရာ”လို့ ပြောဆိုခဲ့တာပါ။

Arsenal Myanmar

Ref: Internet

ZAWGYI:
လီဗာပူးလ္ဂႏၲဝင္ စတိဗ္ နီကိုးက အာတီတာအေနနဲ႔ အာဆင္နယ္ရဲ႕ လူစာရင္းထဲ ကစားသမားသစ္ျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနတဲ့ကိစၥေတြကို ေလွ်ာက္မေျပာဘဲ ပါးစပ္ပိတ္ထားဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ လႈပ္ရွားမႈဟာ ထင္သေလာက္ မသြက္လက္ခဲ့ဘဲ ေဒးဗစ္ ရာယာ ဘရန႔္တ္ဖို႔ဒ္ကေန အၿပီးသတ္ေျပာင္းလာတာ၊ ကာလာဖီအိုရီကို ဘိုေလာ့ဂ္ညာကေန ေခၚယူႏိုင္ခဲ့တာရယ္သာ ရွိေသးတာပါ။

ဘိုေလာ့ဂ္ညာကေန ကာလာဖီအိုရီကို အၿပီးသတ္ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီျဖစ္လို႔ အာဆင္နယ္က ေႏြရာသီေစ်းကြက္မပိတ္ခင္ လက္က်န္အခ်ိန္ေတြမွာ ေနာက္ထပ္ တိုးတက္မႈရွိလာဖို႔ လိုအပ္ေနတဲ့ ေနရာအမ်ားအျပားအတြက္ အင္အားျဖည့္တင္းဖို႔ ႀကိဳးစားသြားရဦးမွာပါ။

အာတီတာက ရာသီႀကိဳခရီးစဥ္အတြင္း “ဒီလိဂ္မွာ ၿပီးျပည့္စုံမႈရွိဖို႔က မတူညီတဲ့ စံႏႈန္းေတြလိုအပ္ပါတယ္။ ဒီစကားလုံးနဲ႔ ဆက္စပ္ေအာင္ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရဖို႔က ကြၽန္ေတာ္တို႔ လုပ္ရမယ့္အရာပါ။ကြၽန္ေတာ္တို႔ တိုးတက္ေအာင္ လုပ္ခ်င္တဲ့ေနရာေတြရွိေနၿပီး အထူးသျဖင့္ ကြၽန္ေတာ္တို႔ အင္အားနည္းေနခဲ့တဲ့ ကိန္းဂဏန္းေတြနဲ႔ပတ္သက္ၿပီး လူစာရင္းကို ပိုေကာင္းမြန္တဲ့ အရင္းအျမစ္ေတြ ေပးခ်င္ပါတယ္”လို႔ ေျပာဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ရဖို႔ အရမ္းနီးစပ္ခဲ့တဲ့ေနာက္ နီကိုးက အာတီတာအေနနဲ႔ လာမယ့္ရာသီ အသင္းရဲ႕ ပရီးမီးယားလိဂ္ဖလားေမွ်ာ္လင့္ခ်က္နဲ႔ပတ္သက္ၿပီး သတင္းစကားေပးရာမွာ ဆင္ေျခေတြ ေပးေနမယ့္အစား ပိုၿပီး အေကာင္းျမင္ဖို႔ ေတာင္းဆိုလိုက္တာပါ။

“အာဆင္နယ္နဲ႔ အာတီတာတို႔က ကြၽန္ေတာ္တို႔ ဘာလုပ္ဖို႔ လိုပါတယ္ဆိုၿပီး ေျပာတဲ့စကားေတြကို ကြၽန္ေတာ္ မၾကားခ်င္ဘူး။ ကြၽန္ေတာ္တို႔ ေနရာအခ်ိဳ႕ကို တိုးတက္ေအာင္လုပ္ဖို႔ လိုတယ္။ ကြၽန္ေတာ္တို႔ ပိုႀကီးမားတဲ့လူစာရင္းလိုတယ္ ဘလာဘလာ။ အဲဒီအသံေတြကို ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္ မၾကားခ်င္ေတာ့ပါဘူး။ ကြၽန္ေတာ္ ပိုၿပီး အျပဳသေဘာေဆာင္တဲ့ စကားသံေတြပဲ ၾကားခ်င္တယ္။ ‘ကြၽန္ေတာ္တို႔ေတြ ဖလားအရယူသြားမယ္။ ကြၽန္ေတာ္တို႔ ဖလားရဖို႔ လုံေလာက္တဲ့အေနအထားရွိေနၿပီထင္တယ္။ ကြၽန္ေတာ္တို႔ ပိုၿပီးေကာင္းမြန္လာတယ္။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ေနရာမွာ ရွိေနတဲ့အခါတိုင္း အခြင့္ေကာင္းယူသြားမယ္ဆိုတာမ်ိဳးပဲ ၾကားခ်င္တယ္။

ကြၽန္ေတာ္တို႔ တျခားေနရာေတြကို အင္အားပိုျဖည့္ဖို႔ လိုေသးတယ္ဆိုတာမ်ိဳးေတြ မၾကားခ်င္ဘူး။ ေက်းဇူးျပဳၿပီး ပါးစပ္ပိတ္လိုက္ပါေတာ့။ မင္း ေျပာရမွာက ခင္ဗ်ား သိလား။ ကြၽန္ေတာ္တို႔ ဒီႏွစ္ ဖလားယူႏိုင္မယ္ထင္တယ္။ ကြၽန္ေတာ္တို႔ ဖလားရဖို႔လိုတဲ့ အရည္အခ်င္းေတြနဲ႔ ကစားသမားေတြရွိေနၿပီဆိုတဲ့စကားမ်ိဳးပဲ။ ဒါမ်ိဳးပဲ ကြၽန္ေတာ္ ၾကားခ်င္တယ္။ ကြၽန္ေတာ္ ဆင္ေျခေတြ မၾကားခ်င္ေတာ့ဘူး။ သူ ပြဲစကစားတာနဲ႔ ဆင္ေျခေပးစရာအခ်ိန္ေတြက ပိုၿပီး မ်ားလာပါလိမ့္မယ္။ ေဘာလုံးမကန္ခင္မွာ အဲဒီအသံေတြကို ကြၽန္ေတာ္ မၾကားခ်င္ဘူး။ လုပ္စမ္းပါ အာတီတာရာ”လို႔ ေျပာဆိုခဲ့တာပါ။

Arsenal Myanmar

Ref: Internet