အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ် 1024 504 coyg

အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို ကွန်စတန်တီးနို့စ် မာဗရိုပါးနို့စ်ရဲ့ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့မှုကနေ ၁၀ ရာခိုင်နှုန်း ရရှိသွားမှာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပါတယ်။

မာဗရိုပါးနို့စ်ဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဂန်းနားတွေကို စွန့်ခွာသွားခဲ့ပြီးနောက် တစ်ရာသီအကြာမှာပဲ စတုဂတ်ကနေ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့လာတာဖြစ်ပါတယ်။

ဂရိနောက်ခံကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ပထမအသင်းထဲမှာ ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ ၄ နှစ်တာကာလအတွင်း စီနီယာအသင်းထက် ယူ-၂၁ အသင်းအတွက်သာ ပိုမိုကစားပေးခဲ့ရပြီး ကျန်တဲ့ အချိန်တစ်ဝက်လောက်ကို နုရင်ဘတ်၊ စတုဂတ်တို့မှာ အငှားကစားသမားအဖြစ် အချိန်ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂရိနောက်ခံလူကို ပေါင် ၃ သန်းတည်းနဲ့ ရောင်းချခဲ့ပြီး မာဗရိုပါးနို့စ်ဟာ ဘွန်ဒက်စ်လီဂါမှာ အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းက ထပ်ဆောင်းပေးချေမှု ပေါင် ၂ သန်းပါဝင်တဲ့ ပေါင် ၁၇ သန်းနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ မာဗရိုပါးနို့စ်ကို စတုဂတ်ကို ရောင်းချခဲ့ချိန်တုန်းက ထည့်သွင်းခဲ့တဲ့ ရောင်းချကြေး အချက်ကြောင့် ဒေးဗစ် မိုရက်စ်အသင်းကို ပြောင်းရွှေ့မှုကနေ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၁.၇ သန်းရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပမာဏဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်၊ တင်းဘား၊ ကိုင် ဟာဗတ်ဇ်၊ ဒေးဗစ် ရာယာတို့အတွက် ပေါင်သန်း ၂၃၀ ကျော် သုံးစွဲထားခဲ့တဲ့ အာဆင်နယ်အတွက် ပြောပလောက်တဲ့ ပမာဏမဟုတ်ပေမယ့်လည်း လက်ကျန် နွေရာသီအပြောင်းအရွှေ့ကာလမှာ အီဒူးရဲ့ အစီအစဉ်အတွက် ရန်ပုံငွေဖြစ်ခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဝက္စ္ဟမ္းကို ကြန္စတန္တီးႏို႔စ္ မာဗ႐ိုပါးႏို႔စ္ရဲ႕ ေပါင္ ၁၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕မႈကေန ၁၀ ရာခိုင္ႏႈန္း ရရွိသြားမွာျဖစ္တယ္လို႔ Football.london က ေဖာ္ျပခဲ့ပါတယ္။

မာဗ႐ိုပါးႏို႔စ္ဟာ ဝက္စ္ဟမ္းနဲ႔ ၅ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးေနာက္ အဂၤါေန႔မွာ ပရီးမီးယားလိဂ္ကို ျပန္လာခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ဂန္းနားေတြကို စြန႔္ခြာသြားခဲ့ၿပီးေနာက္ တစ္ရာသီအၾကာမွာပဲ စတုဂတ္ကေန အဂၤလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာတာျဖစ္ပါတယ္။

ဂရိေနာက္ခံကစားသမားဟာ ၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္လည္း ပထမအသင္းထဲမွာ ပါဝင္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ ၄ ႏွစ္တာကာလအတြင္း စီနီယာအသင္းထက္ ယူ-၂၁ အသင္းအတြက္သာ ပိုမိုကစားေပးခဲ့ရၿပီး က်န္တဲ့ အခ်ိန္တစ္ဝက္ေလာက္ကို ႏုရင္ဘတ္၊ စတုဂတ္တို႔မွာ အငွားကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဂရိေနာက္ခံလူကို ေပါင္ ၃ သန္းတည္းနဲ႔ ေရာင္းခ်ခဲ့ၿပီး မာဗ႐ိုပါးႏို႔စ္ဟာ ဘြန္ဒက္စ္လီဂါမွာ အထင္ႀကီးဖြယ္ရာသီကို ပိုင္ဆိုင္ခဲ့တာေၾကာင့္ ဝက္စ္ဟမ္းက ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၂ သန္းပါဝင္တဲ့ ေပါင္ ၁၇ သန္းနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ မာဗ႐ိုပါးႏို႔စ္ကို စတုဂတ္ကို ေရာင္းခ်ခဲ့ခ်ိန္တုန္းက ထည့္သြင္းခဲ့တဲ့ ေရာင္းခ်ေၾကး အခ်က္ေၾကာင့္ ေဒးဗစ္ မိုရက္စ္အသင္းကို ေျပာင္းေ႐ႊ႕မႈကေန ၁၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ေပါင္ ၁.၇ သန္းရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီပမာဏဟာ ယခုေႏြရာသီမွာ ဒီကလန္ ႐ိုက္၊ တင္းဘား၊ ကိုင္ ဟာဗတ္ဇ္၊ ေဒးဗစ္ ရာယာတို႔အတြက္ ေပါင္သန္း ၂၃၀ ေက်ာ္ သုံးစြဲထားခဲ့တဲ့ အာဆင္နယ္အတြက္ ေျပာပေလာက္တဲ့ ပမာဏမဟုတ္ေပမယ့္လည္း လက္က်န္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အီဒူးရဲ႕ အစီအစဥ္အတြက္ ရန္ပုံေငြျဖစ္ခဲ့တာေတာ့ အမွန္ပဲျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet