အာဆင်နယ် ခေါ်မယ့် တိုက်စစ်မှူးကို စိတ်ဝင်စားဖွယ် သုံးသပ်လိုက်တဲ့ အိုဝင် 1024 683 coyg

အာဆင်နယ် ခေါ်မယ့် တိုက်စစ်မှူးကို စိတ်ဝင်စားဖွယ် သုံးသပ်လိုက်တဲ့ အိုဝင်

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က ဖွင့်လှစ်နေပြီဖြစ်ပြီး မီခေးလ် အာတီတာရဲ့ အာဆင်နယ်ဟာ အလုပ်များနေမယ့် အသင်းတွေထဲက တစ်သင်းအဖြစ် မျှော်မှန်းခြင်း ခံထားရပါတယ်။

ကစားသမားအဝင်ရော အထွက်ပါရှိလာနိုင်တဲ့ အာဆင်နယ်တို့ရဲ့ ပစ်မှတ်စာရင်း ထိပ်ဆုံးမှာ ရှိနေတဲ့ နာမည်ကတော့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီဖြစ်ပြီး ဂန်းနားတို့အတွက် အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်မနေလိုအပ်နေပေမယ့်လည်း မိုက်ကယ် အိုဝင်ကတော့ မသေချာ ဖြစ်နေတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းဟာ လက်ရှိ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတစ်သင်းအတွက်ဆိုရင် ကောင်းသင့်သလောက် ကောင်းမွန်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပြဿနာဟာ ယခုရာသီ တိုက်စစ်က ကစားသမား ၃ ဦးစလုံးဆီကနေ သွင်းဂိုးတွေ ပျောက်ဆုံးနေမှုဖြစ်ပြီး ကစားကွက်ကနေ ဂိုးသွင်းယူနိုင်စွမ်း ကင်းမဲ့နေတာကြောင့် တည်ကန်ဘောတွေကနေသာ ဂိုးအများစုကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် မာတီနယ်လီဟာ ပြီးခဲ့တဲ့ရာသီတုန်းကနဲ့ တူညီတဲ့ ကစားသမားမျိုး မဟုတ်တော့တဲ့ပုံစံပေါ်နေပြီး ဒီရာသီမှာ အာဆင်နယ်အတွက် သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားပေးနိုင်သေးတာ ဖြစ်ပါတယ်။

ဆာကာကလည်း ပြီးခဲ့တဲ့ရာသီကလောက် သွင်းဂိုးတွေ များများစားစား သွင်းယူပေးထားနိုင်ခြင်းမရှိသေးဘဲ အထောင်တိုက်စစ်မှူးဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုကတော့ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးတာကြောင့် ဖိအားတွေကို အများဆုံးခံနေရတာဖြစ်ပါတယ်။

အိုဝင်က ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီဟာ သူ့ရဲ့ သွင်းဂိုး ၆၀ ရာခိုင်နှုန်းကို ပင်နယ်တီကနေ သွင်းယူခဲ့တယ်ဆိုတာကို ထောက်ပြခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးသာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့မယ်ဆိုရင် ဂန်းနားတွေကို အကူအညီဖြစ်စေမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“တိုက်စစ်မှူးခေါ်ဖို့က သူတို့အတွက် အခုအချိန်မှာ အဓိကဦးစားပေးဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အခုအချိန်မှာ အခွင့်အရေးသာ ရလာခဲ့မယ်ဆိုရင် သူတို့ အဲဒါကို ယူမှာပါ။ နောက်ထပ် မေးခွန်းက ဟုတ်ပြီ။ ဘယ်သူက တိုက်စစ်ကို တိုးတက်အောင် လုပ်ပေးမှာလဲ။ အဲဒီလူက ဘယ်သူဖြစ်မလဲဆိုတာပါ။ အိုင်ဗန် တိုနီက ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အာဆင်နယ်နဲ့ သတင်းထွက်ခဲ့တဲ့သူပါ။ သူ့ရဲ့ ကိန်းဂဏန်းတွေက အရမ်းကောင်းတယ်။ ဒါပေမယ့် သူက ပင်နယ်တီသွင်းဂိုးတွေကို အံ့အားသင့်လောက်အောင် အများကြီး သွင်းယူထားတယ်။ ခင်ဗျား အစောတုန်းက ပြောခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို ပင်နယ်တီကနေ သွင်းခဲ့တာပါ။ အဲဒါက တော်တော်လေး အံ့အားသင့်လောက်အောင် များပါတယ်။ သူက ကောင်းသင့်သလောက်ကောင်းရဲ့လား။ သူက အရမ်းကောင်းတဲ့ကစားသမားပါ။ အာဆင်နယ်ရဲ့အထောင်တိုက်စစ်မှူးဖြစ်လာဖို့ ကျွန်တော် အရင်တုန်းက နာမည် ၃ ခုလောက် စဉ်းစားခဲ့ဖူးတယ်။ ကျွန်တော်တို့က မကြာသေးမီက အကောင်းဆုံးတိုက်စစ်မှူးဖြစ်ခဲ့တဲ့သူတွေအချို့အကြောင်း ပြောနေတာပါ။ ကမ္ဘာ့အဆင့်ကစားသမားတွေပါ။ သူက အဲဒီအဆင့်အတန်းမှာ ရှိလို့လား။ အဲဒါက ကြီးကြီးမားမား မေးခွန်းထုတ်စရာပါ။ သူက ဘရန့်တ်ဖို့အတွက် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ အာဆင်နယ်မှာ ခြေစွမ်းပြဖို့ကတော့ ကွဲပြားခြားနားတဲ့အရာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က ဖြင့္လွစ္ေနၿပီျဖစ္ၿပီး မီေခးလ္ အာတီတာရဲ႕ အာဆင္နယ္ဟာ အလုပ္မ်ားေနမယ့္ အသင္းေတြထဲက တစ္သင္းအျဖစ္ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။

ကစားသမားအဝင္ေရာ အထြက္ပါရွိလာႏိုင္တဲ့ အာဆင္နယ္တို႔ရဲ႕ ပစ္မွတ္စာရင္း ထိပ္ဆုံးမွာ ရွိေနတဲ့ နာမည္ကေတာ့ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီျဖစ္ၿပီး ဂန္းနားတို႔အတြက္ အဂၤလန္တိုက္စစ္မႉးကို ေခၚယူဖို႔ မျဖစ္မေနလိုအပ္ေနေပမယ့္လည္း မိုက္ကယ္ အိုဝင္ကေတာ့ မေသခ်ာ ျဖစ္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉးေဟာင္းဟာ လက္ရွိ ပြဲပယ္ခံထားရတဲ့ တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔ ႀကိဳးပမ္းေနတဲ့ အသင္းတစ္သင္းအတြက္ဆိုရင္ ေကာင္းသင့္သေလာက္ ေကာင္းမြန္ရဲ႕လားလို႔ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ျပႆနာဟာ ယခုရာသီ တိုက္စစ္က ကစားသမား ၃ ဦးစလုံးဆီကေန သြင္းဂိုးေတြ ေပ်ာက္ဆုံးေနမႈျဖစ္ၿပီး ကစားကြက္ကေန ဂိုးသြင္းယူႏိုင္စြမ္း ကင္းမဲ့ေနတာေၾကာင့္ တည္ကန္ေဘာေတြကေနသာ ဂိုးအမ်ားစုကို ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ မာတီနယ္လီဟာ ၿပီးခဲ့တဲ့ရာသီတုန္းကနဲ႔ တူညီတဲ့ ကစားသမားမ်ိဳး မဟုတ္ေတာ့တဲ့ပုံစံေပၚေနၿပီး ဒီရာသီမွာ အာဆင္နယ္အတြက္ သြင္းဂိုး ၂ ဂိုးသာ သြင္းယူထားေပးႏိုင္ေသးတာ ျဖစ္ပါတယ္။

ဆာကာကလည္း ၿပီးခဲ့တဲ့ရာသီကေလာက္ သြင္းဂိုးေတြ မ်ားမ်ားစားစား သြင္းယူေပးထားႏိုင္ျခင္းမရွိေသးဘဲ အေထာင္တိုက္စစ္မႉးျဖစ္တဲ့ ဂါဘရီယဲလ္ ေဂ်းဇုကေတာ့ ယခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားႏိုင္ေသးတာေၾကာင့္ ဖိအားေတြကို အမ်ားဆုံးခံေနရတာျဖစ္ပါတယ္။

အိုဝင္က ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီဟာ သူ႔ရဲ႕ သြင္းဂိုး ၆၀ ရာခိုင္ႏႈန္းကို ပင္နယ္တီကေန သြင္းယူခဲ့တယ္ဆိုတာကို ေထာက္ျပခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးသာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ဂန္းနားေတြကို အကူအညီျဖစ္ေစမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“တိုက္စစ္မႉးေခၚဖို႔က သူတို႔အတြက္ အခုအခ်ိန္မွာ အဓိကဦးစားေပးျဖစ္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အခုအခ်ိန္မွာ အခြင့္အေရးသာ ရလာခဲ့မယ္ဆိုရင္ သူတို႔ အဲဒါကို ယူမွာပါ။ ေနာက္ထပ္ ေမးခြန္းက ဟုတ္ၿပီ။ ဘယ္သူက တိုက္စစ္ကို တိုးတက္ေအာင္ လုပ္ေပးမွာလဲ။ အဲဒီလူက ဘယ္သူျဖစ္မလဲဆိုတာပါ။ အိုင္ဗန္ တိုနီက ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ အာဆင္နယ္နဲ႔ သတင္းထြက္ခဲ့တဲ့သူပါ။ သူ႔ရဲ႕ ကိန္းဂဏန္းေတြက အရမ္းေကာင္းတယ္။ ဒါေပမယ့္ သူက ပင္နယ္တီသြင္းဂိုးေတြကို အံ့အားသင့္ေလာက္ေအာင္ အမ်ားႀကီး သြင္းယူထားတယ္။ ခင္ဗ်ား အေစာတုန္းက ေျပာခဲ့တဲ့ သူ႔ရဲ႕ သြင္းဂိုးစုစုေပါင္းရဲ႕ ၆၀ ရာခိုင္ႏႈန္းကို ပင္နယ္တီကေန သြင္းခဲ့တာပါ။ အဲဒါက ေတာ္ေတာ္ေလး အံ့အားသင့္ေလာက္ေအာင္ မ်ားပါတယ္။ သူက ေကာင္းသင့္သေလာက္ေကာင္းရဲ႕လား။ သူက အရမ္းေကာင္းတဲ့ကစားသမားပါ။ အာဆင္နယ္ရဲ႕အေထာင္တိုက္စစ္မႉးျဖစ္လာဖို႔ ကြၽန္ေတာ္ အရင္တုန္းက နာမည္ ၃ ခုေလာက္ စဥ္းစားခဲ့ဖူးတယ္။ ကြၽန္ေတာ္တို႔က မၾကာေသးမီက အေကာင္းဆုံးတိုက္စစ္မႉးျဖစ္ခဲ့တဲ့သူေတြအခ်ိဳ႕အေၾကာင္း ေျပာေနတာပါ။ ကမာၻ႔အဆင့္ကစားသမားေတြပါ။ သူက အဲဒီအဆင့္အတန္းမွာ ရွိလို႔လား။ အဲဒါက ႀကီးႀကီးမားမား ေမးခြန္းထုတ္စရာပါ။ သူက ဘရန႔္တ္ဖို႔အတြက္ လုပ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ သူ အာဆင္နယ္မွာ ေျခစြမ္းျပဖို႔ကေတာ့ ကြဲျပားျခားနားတဲ့အရာပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet