အာဆင်နယ်အသင်းဖော်ကို မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့တဲ့ အော်ဒီဂွါဒ် 574 383 coyg

အာဆင်နယ်အသင်းဖော်ကို မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ အသင်းဖော် အိုလက်ဇန်းဒါး ဇင်ချန်ကိုနဲ့ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီတို့ကို အံ့အားသင့်ဖွယ် နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မက်ဆီဟာ ဘောလုံးလောကရဲ့ အဓိကဆုဖလားအားလုံးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ဘလွန်ဒေါဆုကိုလည်း ၈ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာမှာ အကောင်းဆုံးအချိန်ကာလတွေကို ဖြတ်သန်းခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာမိုင်ယာမီအသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

မက်ဆီဟာ အရည်အချင်းပိုင်းမှာ ဇင်ချန်ကိုနဲ့ မယှဉ်သာအောင် များစွာ ကွာခြားတဲ့ အဆင့်အတန်းမှာရှိနေပေမယ့် အော်ဒီဂွါဒ်က အာဂျင်တီးနားဂန္တဝင်နဲ့ ယူကရိန်းနောက်ခံလူတို့ကြားက တူညီမှုတွေကို မြင်တွေ့နေရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အော်ဒီဂွါဒ်က အာဆင်နယ်အသင်းဖော်ကို စကားလုံးတစ်လုံးနဲ့ ဖော်ပြဖို့အတွက် မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး နော်ဝေကွင်းလယ်လူက မက်ဆီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူက ကစားတာ အများကြီး မြင်ခဲ့ရတယ်။ သူ့ရဲ့အရည်အသွေးတွေကို တကယ်နှစ်သက်မိပါတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ သူက ဘယ်နောက်ခံရော ကွင်းလယ်မှာပါ ကစားနိုင်တယ်လို့ ထင်တယ်။ သူက တောင်ပံကစားသမားအဖြစ်နဲ့ပါ ကစားနိုင်တယ်လို့ ထင်တယ်။ သူက မတူညီတဲ့နေရာတွေမှာ ကစားနိုင်တော့ အသင်းလူစာရင်းအတွက် တကယ်ကောင်းမွန်တဲ့ ဖြည့်စွက်မှုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”လို့ လွန်ခဲ့တဲ့ ၂ နှစ်က ဇင်ချန်ကိုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ဖူးပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ အသင္းေဖာ္ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုနဲ႔ ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံးကစားသမားျဖစ္တဲ့ လီယြန္နယ္ မက္ဆီတို႔ကို အံ့အားသင့္ဖြယ္ ႏႈိင္းယွဥ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မက္ဆီဟာ ေဘာလုံးေလာကရဲ႕ အဓိကဆုဖလားအားလုံးကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ အႀကီးက်ယ္အခမ္းနားဆုံး ကစားသမားအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ဘလြန္ေဒါဆုကိုလည္း ၈ ႀကိမ္အထိ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာမွာ အေကာင္းဆုံးအခ်ိန္ကာလေတြကို ျဖတ္သန္းခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ေဒးဗစ္ ဘက္ဟမ္းရဲ႕ အင္တာမိုင္ယာမီအသင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

မက္ဆီဟာ အရည္အခ်င္းပိုင္းမွာ ဇင္ခ်န္ကိုနဲ႔ မယွဥ္သာေအာင္ မ်ားစြာ ကြာျခားတဲ့ အဆင့္အတန္းမွာရွိေနေပမယ့္ ေအာ္ဒီဂြါဒ္က အာဂ်င္တီးနားဂႏၲဝင္နဲ႔ ယူကရိန္းေနာက္ခံလူတို႔ၾကားက တူညီမႈေတြကို ျမင္ေတြ႕ေနရတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ESPN နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေအာ္ဒီဂြါဒ္က အာဆင္နယ္အသင္းေဖာ္ကို စကားလုံးတစ္လုံးနဲ႔ ေဖာ္ျပဖို႔အတြက္ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး ေနာ္ေဝကြင္းလယ္လူက မက္ဆီလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူက ကစားတာ အမ်ားႀကီး ျမင္ခဲ့ရတယ္။ သူ႔ရဲ႕အရည္အေသြးေတြကို တကယ္ႏွစ္သက္မိပါတယ္။ သူက တကယ္ေကာင္းတဲ့ ကစားသမားပါ။ သူက ဘယ္ေနာက္ခံေရာ ကြင္းလယ္မွာပါ ကစားႏိုင္တယ္လို႔ ထင္တယ္။ သူက ေတာင္ပံကစားသမားအျဖစ္နဲ႔ပါ ကစားႏိုင္တယ္လို႔ ထင္တယ္။ သူက မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္ေတာ့ အသင္းလူစာရင္းအတြက္ တကယ္ေကာင္းမြန္တဲ့ ျဖည့္စြက္မႈျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။”လို႔ လြန္ခဲ့တဲ့ ၂ ႏွစ္က ဇင္ခ်န္ကိုနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ဖူးပါတယ္။

Arsenal Myanmar

Ref: Internet