အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင် 615 409 coyg

အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင်

အက်စတန် ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ အာဆင်နယ်အတွက် တစ်နေ့မှာ ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ တိုက်စစ်မှာ ရွေးချယ်စရာ အများအပြား ရှိနေပြီး ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယား၊ ကိုင် ဟာဗတ်ဇ်၊ လီအန်ဒရို ထရော့ဆာ့ဒ်တို့အားလုံးက အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒါက မြောက်လန်ဒန်ကို နောက်ထပ် အထောင်တိုက်စစ်မှူးတစ်ဦး ရောက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ရပ်တန့်အောင် လုပ်နိုင်ခဲ့ခြင်းမရှိဘဲ ဩစတြေးလျနဲ့ပွဲမှာ အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဝပ် ကင်းစ်နဲ့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီတို့က အာတီတာရဲ့ အသင်းအတွက် အဓိကပစ်မှတ်တွေအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ တုန်းက ဝပ်ကင်းစ်ကိုယ်တိုင်က တစ်နေ့မှာ အာဆင်နယ်ရဲ့ ဂျာစီကို ဝတ်ဆင်ကစားပေးချင်တယ်လို့ ဝန်ခံပြောကြားခဲ့ဖူးပြီး ၎င်းရဲ့ မိသားစုကလည်း ဂန်းနားတွေကို အားပေးထောက်ခံသူတွေဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ဘရန့်တ်ဖို့ဒ်အတွက် ကစားပေးနေတဲ့ ဝပ်ကင်းစ်က “တစ်နေ့ကျရင် အာဆင်နယ်အတွက် ကစားပေးဖို့က အိပ်မက်ပါပဲ။ ဒါပေမယ့် အဲဒါက အဝေးကြီးလိုသေးတဲ့အခွင့်အရေးပါ။ ကျွန်တော့် မိသားစုက သူတို့ကို အားပေးထောက်ခံကြတာကြောင့်ပါ။ ဒါပေမယ့်က ရေရှည်ပန်းတိုင်တစ်ခုပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဝပ်ကင်းစ်ကို အမှန်တကယ် ခေါ်ယူသွားမလား၊ မခေါ်ယူဘူးလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး ဂန်းနားဂန္တဝင် အီယန် ရိုက်က အသင်းဟောင်းအနေနဲ့ အထောင်တိုက်စစ်မှူးသစ်တစ်ဦး ကျိန်းသေပေါက်လိုအပ်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကစားနေတဲ့ပုံစံကြောင့် ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုးတွေအများကြီး ပြန့်ကြဲနေခဲ့တာ သိသာပါတယ်။ ဟုတ်ပါတယ်။ အဲဒါက ကျွန်တော်တို့ကို နေရာတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ တိုနီနဲ့ သတင်းတွေက ပျောက်သွားမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားကို တစ်နေရာရာကို ယူဆောင်ပေးနိုင်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်တဲ့ ကစားသမားမျိုး ရှိဖို့က အဓိကအချက်ဆိုတာကို အားလုံးအတွက် မြင်သာနေလို့ပါ။ ခင်ဗျား အက်ဒီနဲ့ ဂျေးဇုတို့ ၂ ဦးစလုံးရဲ့ ကြိုးစားအားထုတ်မှုကို မေးခွန်းထုတ်လို့မရနိုင်ပါဘူး။ အခုအချိန်မှာ ခင်ဗျား စပါးစ်နဲ့ပွဲကို ပြန်ကြည့်လိုက်ရင် ဂျေးဇုလိုမျိုး အရည်အသွေးနဲ့ ကစားသမားတစ်ယောက်သာဆိုရင် အဲဒီနေရာမှာ ၁-၀ ဖြစ်သွားပြီ။ အဲဒီအခွင့်အရေးတွေက အဆုံးသတ်နိုင်ရမှာပါ။ အာဆင်နယ်က အခု အဲဒါကို လုပ်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ထင်ပြီး ဂိုးရလဒ်တွေက အရမ်းကျဉ်းမြောင်းနေပြီး ခင်ဗျား ဒီလိုမျိုး အခွင့်အရေးတွေကို လွဲချော်ပြီး ဒီလိုပွဲမျိုးတွေမှာ အနိုင်မရလို့ မဖြစ်ပါဘူး ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အက္စတန္ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္က အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခ်ိန္မွာ အာဆင္နယ္အတြက္ တစ္ေန႔မွာ ကစားေပးခ်င္တဲ့ဆႏၵကို လွ်ိဳ႕ဝွက္ထားျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ တိုက္စစ္မွာ ေ႐ြးခ်ယ္စရာ အမ်ားအျပား ရွိေနၿပီး ဂါဘရီယဲလ္ ေဂ်းဇု၊ အန္ကီးတီးယား၊ ကိုင္ ဟာဗတ္ဇ္၊ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္တို႔အားလုံးက အေထာင္တိုက္စစ္မႉးအျဖစ္ ကစားႏိုင္ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒါက ေျမာက္လန္ဒန္ကို ေနာက္ထပ္ အေထာင္တိုက္စစ္မႉးတစ္ဦး ေရာက္လာႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြကို ရပ္တန႔္ေအာင္ လုပ္ႏိုင္ခဲ့ျခင္းမရွိဘဲ ဩစေၾတးလ်နဲ႔ပြဲမွာ အဂၤလန္အတြက္ အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ဝပ္ ကင္းစ္နဲ႔ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီတို႔က အာတီတာရဲ႕ အသင္းအတြက္ အဓိကပစ္မွတ္ေတြအျဖစ္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

၂၀၂၀ တုန္းက ဝပ္ကင္းစ္ကိုယ္တိုင္က တစ္ေန႔မွာ အာဆင္နယ္ရဲ႕ ဂ်ာစီကို ဝတ္ဆင္ကစားေပးခ်င္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ဖူးၿပီး ၎ရဲ႕ မိသားစုကလည္း ဂန္းနားေတြကို အားေပးေထာက္ခံသူေတြျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီတုန္းက ဘရန႔္တ္ဖို႔ဒ္အတြက္ ကစားေပးေနတဲ့ ဝပ္ကင္းစ္က “တစ္ေန႔က်ရင္ အာဆင္နယ္အတြက္ ကစားေပးဖို႔က အိပ္မက္ပါပဲ။ ဒါေပမယ့္ အဲဒါက အေဝးႀကီးလိုေသးတဲ့အခြင့္အေရးပါ။ ကြၽန္ေတာ့္ မိသားစုက သူတို႔ကို အားေပးေထာက္ခံၾကတာေၾကာင့္ပါ။ ဒါေပမယ့္က ေရရွည္ပန္းတိုင္တစ္ခုပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အေနနဲ႔ ဝပ္ကင္းစ္ကို အမွန္တကယ္ ေခၚယူသြားမလား၊ မေခၚယူဘူးလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး ဂန္းနားဂႏၲဝင္ အီယန္ ႐ိုက္က အသင္းေဟာင္းအေနနဲ႔ အေထာင္တိုက္စစ္မႉးသစ္တစ္ဦး က်ိန္းေသေပါက္လိုအပ္ေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ကစားေနတဲ့ပုံစံေၾကာင့္ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီမွာ သြင္းဂိုးေတြအမ်ားႀကီး ျပန႔္ႀကဲေနခဲ့တာ သိသာပါတယ္။ ဟုတ္ပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ကို ေနရာတစ္ခုကို ယူေဆာင္ေပးႏိုင္ခဲ့ပါတယ္။ တိုနီနဲ႔ သတင္းေတြက ေပ်ာက္သြားမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားကို တစ္ေနရာရာကို ယူေဆာင္ေပးႏိုင္တဲ့ သြင္းဂိုးေတြကို သြင္းယူႏိုင္တဲ့ ကစားသမားမ်ိဳး ရွိဖို႔က အဓိကအခ်က္ဆိုတာကို အားလုံးအတြက္ ျမင္သာေနလို႔ပါ။ ခင္ဗ်ား အက္ဒီနဲ႔ ေဂ်းဇုတို႔ ၂ ဦးစလုံးရဲ႕ ႀကိဳးစားအားထုတ္မႈကို ေမးခြန္းထုတ္လို႔မရႏိုင္ပါဘူး။ အခုအခ်ိန္မွာ ခင္ဗ်ား စပါးစ္နဲ႔ပြဲကို ျပန္ၾကည့္လိုက္ရင္ ေဂ်းဇုလိုမ်ိဳး အရည္အေသြးနဲ႔ ကစားသမားတစ္ေယာက္သာဆိုရင္ အဲဒီေနရာမွာ ၁-၀ ျဖစ္သြားၿပီ။ အဲဒီအခြင့္အေရးေတြက အဆုံးသတ္ႏိုင္ရမွာပါ။ အာဆင္နယ္က အခု အဲဒါကို လုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး ဂိုးရလဒ္ေတြက အရမ္းက်ဥ္းေျမာင္းေနၿပီး ခင္ဗ်ား ဒီလိုမ်ိဳး အခြင့္အေရးေတြကို လြဲေခ်ာ္ၿပီး ဒီလိုပြဲမ်ိဳးေတြမွာ အႏိုင္မရလို႔ မျဖစ္ပါဘူး ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet