အာဆင်နယ်ရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ပြောရဲဆိုရဲရပ်ကွက်က ချဲလ်ဆီးဂန္တဝင် 1024 504 coyg

အာဆင်နယ်ရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ပြောရဲဆိုရဲရပ်ကွက်က ချဲလ်ဆီးဂန္တဝင်

ချဲလ်ဆီးဂန္တဝင် မာဆယ် ဒက်ဆယ်လီက လာမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်ခင် ဟောကိန်းထုတ်လိုက်ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံး ၈ ပွဲကနေ ရမှတ် ၂၀ အထိ ရယူထားနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေခဲ့တာဖြစ်ပြီး လက်ရှိ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ အဆင့် ၁၁ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအပတ်မှာ မူရီဆီယို ပိုချက်တီနိုရဲ့ အသင်းဟာ လန်ဒန်ပြိုင်ဘက်တွေကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဲဒီပွဲစဉ်မတိုင်ခင် ဒက်ဆယ်လီက အိမ်ရှင်တွေက အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“မဖြစ်နိုင်တဲ့ပုံတော့ပေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ၃-၁ နဲ့ အနိုင်ရရှိမယ်လို့ ဟောကိန်းထုတ်မယ်။ ချဲလ်ဆီးက ၃-၁ နဲ့ အနိုင်ရမယ်လို့ ကျွန်တော် ခန့်မှန်းတယ်။ ဘာကြောင့် မနိုင်ရမှာလဲ။ ဒါက ပရီးမီးယားလိဂ်ရဲ့ အလှတရားပဲ။ အသင်းက စိတ်ပိုင်းဆိုင်ရာအရ ကျဆင်းမှုရှိပြီး ပွဲစဉ်ရဲ့ အရှိန်အဟုန်အတွက် အဆင်သင့်မဖြစ်ရင် သူတို့တွေ ရှုံးနိုင်တယ်။ အာဆင်နယ်ကစားသမားတွေ ချဲလ်ဆီးကို ရောက်လာတဲ့အချိန်မှာ သူတို့တွေ စပါးစ်၊ စီးတီး ဒါမှမဟုတ် မန်ယူနိုက်တက်လောက်တောင် မခက်ခဲနိုင်ဘူးလို့ ယုံကောင်းယုံနိုင်ပါတယ်။ ဖာဂူဆန်စိတ်ဓာတ်က ရှိနေပါသေးတယ်။ ဒီလို ကွင်းမျိုးတွေက ကစားသမားတွေကို တိုက်ပွဲအတွက် အဆင်သင့်ဖြစ်စေပါတယ်။ အသင်းတွေက ချဲလ်ဆီးအိမ်ကွင်းကို လာတဲ့အချိန်မှာ သူတို့ကစားသမားတွေက အရည်အချင်းဘယ်လောက်ပဲရှိနေပေမယ့်လည်း သူတို့တွေ(ချဲလ်ဆီး) အနိုင်ရနိုင်တယ်လို့ ထင်ကြတယ်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေက အလိုအလျောက်ကျဆင်းသွားပါလိမ့်မယ်။ ခင်ဗျား အဲဒါကို ထိန်းချုပ်ထားရင်တောင်မှပေါ့ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ခ်ဲလ္ဆီးဂႏၲဝင္ မာဆယ္ ဒက္ဆယ္လီက လာမယ့္ စေနေန႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မတိုင္ခင္ ေဟာကိန္းထုတ္လိုက္ပါတယ္။

ဂန္းနားေတြဟာ ၂၀၂၃-၂၀၂၄ ရာသီကို ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ၿပီး ပထမဆုံး ၈ ပြဲကေန ရမွတ္ ၂၀ အထိ ရယူထားႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဂိုးကြာျခားခ်က္ေၾကာင့္ ဒုတိယေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကေတာ့ ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္ေနခဲ့တာျဖစ္ၿပီး လက္ရွိ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္ ၃ ပြဲဆက္တိုက္ ရႈံးပြဲမရွိဘဲ အဆင့္ ၁၁ ေနရာအထိ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီအပတ္မွာ မူရီဆီယို ပိုခ်က္တီႏိုရဲ႕ အသင္းဟာ လန္ဒန္ၿပိဳင္ဘက္ေတြကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အဲဒီပြဲစဥ္မတိုင္ခင္ ဒက္ဆယ္လီက အိမ္ရွင္ေတြက အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

“မျဖစ္ႏိုင္တဲ့ပုံေတာ့ေပၚပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ၃-၁ နဲ႔ အႏိုင္ရရွိမယ္လို႔ ေဟာကိန္းထုတ္မယ္။ ခ်ဲလ္ဆီးက ၃-၁ နဲ႔ အႏိုင္ရမယ္လို႔ ကြၽန္ေတာ္ ခန႔္မွန္းတယ္။ ဘာေၾကာင့္ မႏိုင္ရမွာလဲ။ ဒါက ပရီးမီးယားလိဂ္ရဲ႕ အလွတရားပဲ။ အသင္းက စိတ္ပိုင္းဆိုင္ရာအရ က်ဆင္းမႈရွိၿပီး ပြဲစဥ္ရဲ႕ အရွိန္အဟုန္အတြက္ အဆင္သင့္မျဖစ္ရင္ သူတို႔ေတြ ရႈံးႏိုင္တယ္။ အာဆင္နယ္ကစားသမားေတြ ခ်ဲလ္ဆီးကို ေရာက္လာတဲ့အခ်ိန္မွာ သူတို႔ေတြ စပါးစ္၊ စီးတီး ဒါမွမဟုတ္ မန္ယူႏိုက္တက္ေလာက္ေတာင္ မခက္ခဲႏိုင္ဘူးလို႔ ယုံေကာင္းယုံႏိုင္ပါတယ္။ ဖာဂူဆန္စိတ္ဓာတ္က ရွိေနပါေသးတယ္။ ဒီလို ကြင္းမ်ိဳးေတြက ကစားသမားေတြကို တိုက္ပြဲအတြက္ အဆင္သင့္ျဖစ္ေစပါတယ္။ အသင္းေတြက ခ်ဲလ္ဆီးအိမ္ကြင္းကို လာတဲ့အခ်ိန္မွာ သူတို႔ကစားသမားေတြက အရည္အခ်င္းဘယ္ေလာက္ပဲရွိေနေပမယ့္လည္း သူတို႔ေတြ(ခ်ဲလ္ဆီး) အႏိုင္ရႏိုင္တယ္လို႔ ထင္ၾကတယ္။ စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္မႈေတြက အလိုအေလ်ာက္က်ဆင္းသြားပါလိမ့္မယ္။ ခင္ဗ်ား အဲဒါကို ထိန္းခ်ဳပ္ထားရင္ေတာင္မွေပါ့ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet