အာဆင်နယ်ရဲ့ သွေးပူမှာ အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး သတိပြုမိခဲ့တာကို မျှဝေခဲ့တဲ့ ထရိုင် ဒီနေး
ထရိုင် ဒီနေးက ပွဲစဉ်တွေမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာအကြောင်းအရာကို မျှဝေခဲ့ပါတယ်။
ဒီနေးဟာ နော်ဝေလက်ရွေးစင်ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး ဂျာမိန်း ဒီဖိုးရဲ့ The Players Channel မှာ စကားပြောဆိုခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်ဟာ ပွဲစဉ်တွေမှာ အသင်းဖော်တွေကို စိတ်အားတက်ကြွအောင် အားပေးနိုင်သလို ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကလည်း အာတီတာက ရီးရဲလ်ကြယ်ပွင့်ဟောင်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။
ထရိုင် ဒီနေးကလည်း အာဆင်နယ်ရဲ့ ပွဲစဉ်တွေမတိုင်ခင် သွေးပူလေ့ကျင့်ရေးမှာ အော်ဒီဂွါဒ်ကို စောင့်ကြည့်ခဲ့တာ ရှင်းလင်းခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဘောလုံးကွင်းထဲမှာ ဘာမှ လုပ်မနေပုံပေါ်ပေမယ့်လည်း ပွဲစဉ်အတွင်းမှာ လိုအပ်မယ့်အရာကိုသာ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပွဲသွားကြည့်တဲ့အခါမှာ အခုဆိုရင် သွေးပူလေ့ကျင့်တာတွေပါ ကြည့်နေတယ်။ အဲဒီကို စောစောရောက်အောင်သွားပြီး ကစားသမားတွေ ဘယ်လိုသွေးပူလေ့ကျင့်လဲဆိုတာ စောင့်ကြည့်တယ်။ ကျွန်တော် အာဆင်နယ်ပွဲသွားကြည့်တုန်းက မာတင်အော်ဒီဂွါဒ်ကို ကြည့်ခဲ့တယ်။ ခင်ဗျားသိလား။ တခြားလူတွေက ကွင်းထဲမှာ ဂိုးကန်သွင်းတာတွေ လုပ်နေတယ်။ တိုက်စစ်မှူးတွေလည်း ဂိုးသွင်းကျင့်နေကြတယ်။ သူက နည်းပြအဖွဲ့ဝင်တစ်ဦးကို သူ့ဆီ ဘောလုံးပေးခိုင်းပြီး နောက်ထပ်တစ်ယောက်ကို သူ့ကို ၁၈ ကိုက်ဝန်းကျင်နားမှာ အနီးကပ်ဘောလုံးဝင်လုခိုင်းတယ်။ သူဘောလုံးကို ဆွဲယူလာပြီး တစ်ဖက်ကို လှိမ့်လိုက်တယ်။ သူ အဆုံးမသတ်ဘူး။ သူ အဆုံးသတ်မှာလည်းမဟုတ်ဘူး။ အဲဒါက လှုပ်ရှားမှုသက်သက်ပဲ။ ကျွန်တော့်ကလေးတွေကို မင်းတို့ သူ ဘာလုပ်နေလဲဆိုတာ ကြည့်နေလားလို့ မေးလိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဝုလ်ဗ်စ်အသင်းသားတွေ ဂိုးကန်သွင်းတာကို ကြည့်နေကြလို့ပါ။ ကျွန်တော်က သူ ဘာလုပ်နေလဲဆိုတာကို ကြည့်နေ။ အဲဒီအတိုင်း သူ ပြန်လုပ်ပြလိမ့်မယ်ဆိုတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ ပြီးတော့ တကယ်လည်း ပွဲကန်ရော သူက အဲဒီအတိုင်း ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ခဲ့တယ်။ တွေ့လား အဖေ မပြောဘူးလားဆိုတဲ့ပုံစံနဲ့ ကျွန်တော့်ကလေးတွေကို ကြည့်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ထ႐ိုင္ ဒီေနးက ပြဲစဥ္ေတြမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ခ်ိန္မွာ အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ပတ္သက္ၿပီး ျမင္ေတြ႕ခဲ့ရတဲ့ စိတ္ဝင္စားစရာအေၾကာင္းအရာကို မွ်ေဝခဲ့ပါတယ္။
ဒီေနးဟာ ေနာ္ေဝလက္ေ႐ြးစင္ကြင္းလယ္ကစားသမားနဲ႔ပတ္သက္ၿပီး ဂ်ာမိန္း ဒီဖိုးရဲ႕ The Players Channel မွာ စကားေျပာဆိုခဲ့တာျဖစ္ၿပီး ေအာ္ဒီဂြါဒ္ဟာ ပြဲစဥ္ေတြမွာ အသင္းေဖာ္ေတြကို စိတ္အားတက္ႂကြေအာင္ အားေပးႏိုင္သလို ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ပီသမႈကလည္း အာတီတာက ရီးရဲလ္ၾကယ္ပြင့္ေဟာင္းကို အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခဲ့ရတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။
ထ႐ိုင္ ဒီေနးကလည္း အာဆင္နယ္ရဲ႕ ပြဲစဥ္ေတြမတိုင္ခင္ ေသြးပူေလ့က်င့္ေရးမွာ ေအာ္ဒီဂြါဒ္ကို ေစာင့္ၾကည့္ခဲ့တာ ရွင္းလင္းခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ေဘာလုံးကြင္းထဲမွာ ဘာမွ လုပ္မေနပုံေပၚေပမယ့္လည္း ပြဲစဥ္အတြင္းမွာ လိုအပ္မယ့္အရာကိုသာ ေလ့က်င့္ေနခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ ပြဲသြားၾကည့္တဲ့အခါမွာ အခုဆိုရင္ ေသြးပူေလ့က်င့္တာေတြပါ ၾကည့္ေနတယ္။ အဲဒီကို ေစာေစာေရာက္ေအာင္သြားၿပီး ကစားသမားေတြ ဘယ္လိုေသြးပူေလ့က်င့္လဲဆိုတာ ေစာင့္ၾကည့္တယ္။ ကြၽန္ေတာ္ အာဆင္နယ္ပြဲသြားၾကည့္တုန္းက မာတင္ေအာ္ဒီဂြါဒ္ကို ၾကည့္ခဲ့တယ္။ ခင္ဗ်ားသိလား။ တျခားလူေတြက ကြင္းထဲမွာ ဂိုးကန္သြင္းတာေတြ လုပ္ေနတယ္။ တိုက္စစ္မႉးေတြလည္း ဂိုးသြင္းက်င့္ေနၾကတယ္။ သူက နည္းျပအဖြဲ႕ဝင္တစ္ဦးကို သူ႔ဆီ ေဘာလုံးေပးခိုင္းၿပီး ေနာက္ထပ္တစ္ေယာက္ကို သူ႔ကို ၁၈ ကိုက္ဝန္းက်င္နားမွာ အနီးကပ္ေဘာလုံးဝင္လုခိုင္းတယ္။ သူေဘာလုံးကို ဆြဲယူလာၿပီး တစ္ဖက္ကို လွိမ့္လိုက္တယ္။ သူ အဆုံးမသတ္ဘူး။ သူ အဆုံးသတ္မွာလည္းမဟုတ္ဘူး။ အဲဒါက လႈပ္ရွားမႈသက္သက္ပဲ။ ကြၽန္ေတာ့္ကေလးေတြကို မင္းတို႔ သူ ဘာလုပ္ေနလဲဆိုတာ ၾကည့္ေနလားလို႔ ေမးလိုက္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဝုလ္ဗ္စ္အသင္းသားေတြ ဂိုးကန္သြင္းတာကို ၾကည့္ေနၾကလို႔ပါ။ ကြၽန္ေတာ္က သူ ဘာလုပ္ေနလဲဆိုတာကို ၾကည့္ေန။ အဲဒီအတိုင္း သူ ျပန္လုပ္ျပလိမ့္မယ္ဆိုတဲ့ပုံစံနဲ႔ ေျပာလိုက္တယ္။ ၿပီးေတာ့ တကယ္လည္း ပြဲကန္ေရာ သူက အဲဒီအတိုင္း ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ လုပ္ခဲ့တယ္။ ေတြ႕လား အေဖ မေျပာဘူးလားဆိုတဲ့ပုံစံနဲ႔ ကြၽန္ေတာ့္ကေလးေတြကို ၾကည့္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News