အာဆင်နယ်ရဲ့ ဒူဘိုင်းလေ့ကျင့်ရေးစခန်းက မြင်တွေ့ခဲ့တဲ့အရာ ၃ ခု
အာဆင်နယ်ဟာ မကြာသေးမီက ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက်ပိုင်း အာတီတာအနေနဲ့ ဒူဘိုင်းလေ့ကျင့်ရေးစခန်းမှာ ကစားသမားတွေနဲ့အတူ အရေးကြီးတဲ့ရက်သတ္တပတ်ကို ဖြတ်သန်းနေပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးလ်ကို အက်ဖ်အေဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ရာသီအလယ် ရောက်နေချိန်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ၆ မှတ်ကွာဟနေပြီး အက်စတန် ဗီလာ၊ မန်ချက်စတာစီးတီးတို့ရဲ့ နောက်မှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။
ဆောင်းရာသီ အားလပ်ရက်က အချိန်ကောင်းမှာ ရောက်ရှိလာတာကြောင့် မြောက်လန်ဒန်ရဲ့ အဝေးက မတူညီတဲ့ ပတ်ဝန်းကျင်မှာ ရှိနေရတာက မကြာသေးမီက ပွဲစဉ်တွေကို ဒဏ်ရာတွေကြောင့် လွဲချော်ခဲ့တဲ့ ဇင်ချန်ကိုနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ ၂ ဦးစလုံးအတွက် အဖိုးတန်အချိန်တွေလည်း ဖြစ်လာတာဖြစ်ပါတယ်။
တင်းဘားကလည်း ဒူးဒဏ်ရာကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ရပြီး မတ်လထဲမှာ ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်ချက်တွေ ရှိနေသလို အသင်းလိုက် စည်းလုံးညီညွတ်မှုကလည်း ၂၀ ရက်နေ့မှာ ပွဲပြန်မကစားမီ အာတီတာအနေနဲ့ ကစားသမားတွေအတွက် လုပ်ဆောင်ပေးဖို့ အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဒူဘိုင်း လေ့ကျင့်ရေးစခန်းက အာဆင်နယ်အသင်းလေ့ကျင့်ရေးအစီအစဥ်ကနေ မြင်တွေ့ခဲ့တဲ့ အရာ ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။
စကားပြောနေကြတဲ့ အီဒူးနဲ့ အာတီတာ
အာတီတာနဲ့ အီဒူးတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်နဲ့ပတ်သက်ပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း စကားစမြည် ပြောဆိုမှုအများအပြား ပြုလုပ်သွားဖွယ်ရှိပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀၀ သုံးစွဲခဲ့ပြီးနောက်ပိုင်း FFP ကို သတိထားနေရတာကြောင့် ဒီလမှာ အဓိက ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အာတီတာနဲ့ အီဒူးတို့ဟာ လေးလေးနက်နက် စကားပြောဆိုမှုတွေ ပြုလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ခုံတန်းမှာ ထိုင်နေတဲ့ အားကစားဒါရိုက်တာကို စပိန်လူမျိုးနည်းပြက အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပုံပေါ်ပါတယ်။
ဒဏ်ရာပြဿနာ ၂ ခုအတွက် သဲလွန်စ
အာဆင်နယ်ရဲ့ ဒဏ်ရာပြဿနာ စိုးရိမ်ရမှုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ နည်းပါးလာပေမယ့်လည်း ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ လီဗာပူးလ်နဲ့ ပွဲမှာ မပါဝင်နိုင်မှုကြောင့် ခံစားခဲ့ရတာဖြစ်ပါတယ်။ အာတီတာက ဘရာဇီးလ်တိုက်စစ်မှူးဟာ ဒူဘိုင်းကို အသင်းသားတွေနဲ့အတူ လိုက်ပါမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း ယူကရိန်းနောက်ခံလူကတော့ ပြီးခဲ့တဲ့အပတ်က ရခဲ့တဲ့ ဒဏ်ရာကနေ မကြာမီ ပြန်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကြယ်ပွင့်ဟောင်း ၂ ဦးစလုံးကို နောက်ဆုံးအသင်းလိုက် လေ့ကျင့်ရေးအစီအစဉ်မှာ မမြင်တွေ့ခဲ့ရဘဲ ဂျေးဇုကိုတော့ မြက်ခင်းပေါ်မှာ တစ်ယောက်တည်း လေ့ကျင့်ရေးလုပ်နေတာကို မြင်ခဲ့ရပါတယ်။
စမစ်ရိုးရဲ့ အခွင့်အရေး
စမစ်ရိုးဟာ အမ်းမရိတ်စ်မှာ ဒဏ်ရာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ဒဏ်ရာမကြာခဏရခဲ့ပေမယ့် အာတီတာက ကြံ့ခိုင်မှုပြည့်ဝတဲ့အချိန်ကျရင် ပွဲကစားချိန်အနည်းငယ် ပေးနေသေးတာဖြစ်ပါတယ်။ ဒူဘိုင်းက လေ့ကျင့်ရေးစခန်းမှာ စမစ် ရိုးဟာ အာတီတာကို အထင်ကြီးအောင် လုပ်ဖို့ ကြိုးစားနေတဲ့ ရိစ် နယ်လ်ဆင်နဲ့ ဆီးဒရစ် ဆိုအာရက်စ်တို့ကြားကနေ တဟုန်ထိုးပြေးလွှားမှု ပြုလုပ်ပြီး လေ့ကျင့်ရေးမှာ အလုပ်ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ မၾကာေသးမီက ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ျပသခဲ့ၿပီးေနာက္ပိုင္း အာတီတာအေနနဲ႔ ဒူဘိုင္းေလ့က်င့္ေရးစခန္းမွာ ကစားသမားေတြနဲ႔အတူ အေရးႀကီးတဲ့ရက္သတၱပတ္ကို ျဖတ္သန္းေနပါတယ္။
ဂန္းနားေတြဟာ ပရီးမီးယားလိဂ္မွာ ဝက္စ္ဟမ္းနဲ႔ ဖူလ္ဟမ္တို႔ရဲ႕ အႏိုင္ယူျခင္းကို ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္မွာ လီဗာပူးလ္ကို အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ရာသီအလယ္ ေရာက္ေနခ်ိန္မွာ အာဆင္နယ္ဟာ အမွတ္ေပးဇယားဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ ၆ မွတ္ကြာဟေနၿပီး အက္စတန္ ဗီလာ၊ မန္ခ်က္စတာစီးတီးတို႔ရဲ႕ ေနာက္မွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။
ေဆာင္းရာသီ အားလပ္ရက္က အခ်ိန္ေကာင္းမွာ ေရာက္ရွိလာတာေၾကာင့္ ေျမာက္လန္ဒန္ရဲ႕ အေဝးက မတူညီတဲ့ ပတ္ဝန္းက်င္မွာ ရွိေနရတာက မၾကာေသးမီက ပြဲစဥ္ေတြကို ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ဇင္ခ်န္ကိုနဲ႔ ဂါဘရီယဲလ္ ေဂ်းဇုတို႔ ၂ ဦးစလုံးအတြက္ အဖိုးတန္အခ်ိန္ေတြလည္း ျဖစ္လာတာျဖစ္ပါတယ္။
တင္းဘားကလည္း ဒူးဒဏ္ရာကေန ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး မတ္လထဲမွာ ျပန္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိေနသလို အသင္းလိုက္ စည္းလုံးညီၫြတ္မႈကလည္း ၂၀ ရက္ေန႔မွာ ပြဲျပန္မကစားမီ အာတီတာအေနနဲ႔ ကစားသမားေတြအတြက္ လုပ္ေဆာင္ေပးဖို႔ အေရးႀကီးတဲ့ လုပ္ငန္းစဥ္ျဖစ္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္ ခရစၥတယ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ဒူဘိုင္း ေလ့က်င့္ေရးစခန္းက အာဆင္နယ္အသင္းေလ့က်င့္ေရးအစီအစဥ္ကေန ျမင္ေတြ႕ခဲ့တဲ့ အရာ ၃ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
စကားေျပာေနၾကတဲ့ အီဒူးနဲ႔ အာတီတာ
အာတီတာနဲ႔ အီဒူးတို႔ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္နဲ႔ပတ္သက္ၿပီး လာမယ့္ ရက္သတၱပတ္ေတြအတြင္း စကားစျမည္ ေျပာဆိုမႈအမ်ားအျပား ျပဳလုပ္သြားဖြယ္ရွိပါတယ္။ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၂၀၀ သုံးစြဲခဲ့ၿပီးေနာက္ပိုင္း FFP ကို သတိထားေနရတာေၾကာင့္ ဒီလမွာ အဓိက ကစားသမားေခၚယူမႈေတြ ျပဳလုပ္ႏိုင္ဖို႔ ခက္ခဲမွာျဖစ္ပါတယ္။ အာတီတာနဲ႔ အီဒူးတို႔ဟာ ေလးေလးနက္နက္ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ခုံတန္းမွာ ထိုင္ေနတဲ့ အားကစားဒါ႐ိုက္တာကို စပိန္လူမ်ိဳးနည္းျပက အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးေနပုံေပၚပါတယ္။
ဒဏ္ရာျပႆနာ ၂ ခုအတြက္ သဲလြန္စ
အာဆင္နယ္ရဲ႕ ဒဏ္ရာျပႆနာ စိုးရိမ္ရမႈဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ နည္းပါးလာေပမယ့္လည္း ေဂ်းဇုနဲ႔ ဇင္ခ်န္ကိုတို႔ လီဗာပူးလ္နဲ႔ ပြဲမွာ မပါဝင္ႏိုင္မႈေၾကာင့္ ခံစားခဲ့ရတာျဖစ္ပါတယ္။ အာတီတာက ဘရာဇီးလ္တိုက္စစ္မႉးဟာ ဒူဘိုင္းကို အသင္းသားေတြနဲ႔အတူ လိုက္ပါမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ေပမယ့္လည္း ယူကရိန္းေနာက္ခံလူကေတာ့ ၿပီးခဲ့တဲ့အပတ္က ရခဲ့တဲ့ ဒဏ္ရာကေန မၾကာမီ ျပန္လာႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း မန္စီးတီးၾကယ္ပြင့္ေဟာင္း ၂ ဦးစလုံးကို ေနာက္ဆုံးအသင္းလိုက္ ေလ့က်င့္ေရးအစီအစဥ္မွာ မျမင္ေတြ႕ခဲ့ရဘဲ ေဂ်းဇုကိုေတာ့ ျမက္ခင္းေပၚမွာ တစ္ေယာက္တည္း ေလ့က်င့္ေရးလုပ္ေနတာကို ျမင္ခဲ့ရပါတယ္။
စမစ္႐ိုးရဲ႕ အခြင့္အေရး
စမစ္႐ိုးဟာ အမ္းမရိတ္စ္မွာ ဒဏ္ရာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္မရခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္း ဒဏ္ရာမၾကာခဏရခဲ့ေပမယ့္ အာတီတာက ႀကံ့ခိုင္မႈျပည့္ဝတဲ့အခ်ိန္က်ရင္ ပြဲကစားခ်ိန္အနည္းငယ္ ေပးေနေသးတာျဖစ္ပါတယ္။ ဒူဘိုင္းက ေလ့က်င့္ေရးစခန္းမွာ စမစ္ ႐ိုးဟာ အာတီတာကို အထင္ႀကီးေအာင္ လုပ္ဖို႔ ႀကိဳးစားေနတဲ့ ရိစ္ နယ္လ္ဆင္နဲ႔ ဆီးဒရစ္ ဆိုအာရက္စ္တို႔ၾကားကေန တဟုန္ထိုးေျပးလႊားမႈ ျပဳလုပ္ၿပီး ေလ့က်င့္ေရးမွာ အလုပ္ႀကိဳးစားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News