အာဆင်နယ်ရဲ့စမ်းသပ်မှုကို သုံးသပ်ခဲ့ပြီး ယူနိုက်တက်ကို သတိပေးခဲ့တဲ့ နဗီး
ဂယ်ရီ နဗီးက အာတီတာရဲ့ စမ်းသပ်ချက်က အလုပ်မဖြစ်ခဲ့ဘူးလို့ ခံစားခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကို ဂန်းနားတွေနဲ့ မတွေ့ဆုံခင်မှာ အခုထက် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ သတိပေးခဲ့ပါတယ်။
ဂန်းနားတွေဟာ စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၂ နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ပြီးနောက် လာမယ့်အပတ်မှာ အဲရစ် တန်ဟက်ရဲ့အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလည်း နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ၃-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်အချို့ ပြသခဲ့ပြီးနောက် နောက်လာမယ့် အရေးကြီးပွဲစဉ်အတွက် ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက အာတီတာရဲ့ ကွင်းလယ်ကစားသမားက နောက်ခံလူအဖြစ်၊ နောက်ခံလူက ကွင်းလယ်ကစားသမားအဖြစ် ကစားနိုင်တယ်ဆိုတဲ့ စမ်းသပ်ချက်က အလုပ်မဖြစ်ခဲ့တာကြောင့် လာမယ့်အပတ်မှာ ကျစ်လစ်တဲ့ ခံစစ် ၄ ဦးနဲ့ ပြန်ကစားသွားနိုင်တာကြောင့် ယခုရာသီ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ မန်ယူနိုက်တက်တက်အနေနဲ့ ခြေစွမ်းပိုင်း တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
“သူတို့တွေက မတူညီတဲ့အဆင့်မှာ ရှိနေပါတယ်။ အာဆင်နယ်က သူတို့ လုပ်ခဲ့တဲ့ နွေရာသီလုပ်ငန်းစဉ်တွေနဲ့အတူ လိဂ်ဖလားအတွက် စိန်ခေါ်ဖို့ မျှော်လင့်နေပါတယ်။ ကိုင် ဟာဗတ်ဇ်အပေါ်မှာ ဖိအားတွေ အများကြီးရှိနေပေမယ့် ကောင်လေးကို အသင်းထဲမှာ အသားကျအောင် အခွင့်အရေးပေးလိုက်ပါဦး။ ကျွန်တော် အာဆင်နယ်ကို ကြည့်ရတာ ကျွန်တော့်အတွက်တော့ စမ်းသပ်မှုတစ်ခုရှိနေတယ်လို့ ပြောရပါလိမ့်မယ်။ နောက်ခံတောင်ပံကစားသမားတွေက သူတို့တွေ ကွင်းလယ်မှာ ကစားနိုင်တယ်လို့ ထင်နေကြတယ်။ ကွင်းလယ်ကစားသမားတွေကလည်း နောက်ခံတောင်ပံမှာ ကစားနိုင်တယ်လို့ ထင်နေကြတယ်။ သောမတ်စ် ပါတေးက တစ်ပွဲမှာ ကွင်းလယ်တစ်ဝက်၊ နောက်ခံတောင်ပံတစ်ဝက် ကစားနေရတယ်။ ခင်ဗျား တစ်ခါတလေမှာ အခြေခံလုပ်ရမယ့်အရာတွေကို ပြန်လုပ်ဖို့လိုပါတယ်”
“လာမယ့်အပတ်(မန်ယူနိုက်တက်နဲ့ပွဲ)မှာ အာတီတာက အဲဒီစမ်းသပ်ချက်ကို အဆုံးသတ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပြီး ကျစ်လစ်တဲ့ခံစစ် ၄ ဦးနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပါတေးကို ဒီကလန် ရိုက်၊ အော်ဒီဂွါဒ်တို့နဲ့အတူ ကစားဖို့ ကွင်းလယ်ကို ပြန်ရွှေ့မှာပါ။ အသင်းက ဖြစ်သင့်တဲ့ပုံစံကို ပြန်လည်ခင်းကျင်းသွားမှာပါ။ အသင်းတစ်သင်းက ဟန်ချက်ညီမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဆန်းသစ်တီထွင်မှုတွေက ထူးခြားဆန်းကြယ်ပေမယ့် တစ်ခါတလေမှာ တစ်စုံတရာက အကြံကောင်းအဖြစ်နဲ့ စတင်ခဲ့ပေမယ့်လည်း အလုပ်မဖြစ်တဲ့အရာအဖြစ်ကို ပြောင်းလဲသွားတတ်ပါတယ်။ အာဆင်နယ်လည်း အဲဒီလိုပဲ ကျွန်တော် ခံစားရတယ်။ သူတို့တွေ ပုံမှန် ၄-၃-၃ ကို ပြန်ကစားပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက် တန်ပြန်တိုက်စစ်မှာ အရမ်းကောင်းမွန်ပေမယ့် သူတို့အတွက် ကြီးမားတဲ့စမ်းသပ်မှုဖြစ်လာမှာပါ။ သူတို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်က ပုံမှန်အောက်ကျဆင်းနေပါတယ်။ ခင်ဗျား အမ်းမရိတ်စ်မှာ ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေရင် အနိုင်ယူခံရပါလိမ့်မယ်။ ယူနိုက်တက်က သူတို့ရဲ့ ကစားပုံကို ပိုကောင်းအောင် လုပ်ရမှာဖြစ်ပေမယ့် အာဆင်နယ်လည်း သူတို့ ပြဿနာကို သူတို့ ဖြေရှင်းနိုင်ဖို့ လိုပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂယ္ရီ နဗီးက အာတီတာရဲ႕ စမ္းသပ္ခ်က္က အလုပ္မျဖစ္ခဲ့ဘူးလို႔ ခံစားခဲ့ရေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ကို ဂန္းနားေတြနဲ႔ မေတြ႕ဆုံခင္မွာ အခုထက္ ပိုမိုေကာင္းမြန္လာေအာင္ လုပ္ေဆာင္ဖို႔ သတိေပးခဲ့ပါတယ္။
ဂန္းနားေတြဟာ စေနေန႔က ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ၂-၂ နဲ႔ စိတ္ပ်က္ဖြယ္သေရက်ခဲ့ၿပီးေနာက္ လာမယ့္အပတ္မွာ အဲရစ္ တန္ဟက္ရဲ႕အသင္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကလည္း ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲစဥ္မွာ ၃-၂ နဲ႔ အႏိုင္ရခဲ့ေပမယ့္လည္း စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္အခ်ိဳ႕ ျပသခဲ့ၿပီးေနာက္ ေနာက္လာမယ့္ အေရးႀကီးပြဲစဥ္အတြက္ ေျခစြမ္းပိုင္း ပိုမိုတိုးတက္လာဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။
ဂယ္ရီ နဗီးက အာတီတာရဲ႕ ကြင္းလယ္ကစားသမားက ေနာက္ခံလူအျဖစ္၊ ေနာက္ခံလူက ကြင္းလယ္ကစားသမားအျဖစ္ ကစားႏိုင္တယ္ဆိုတဲ့ စမ္းသပ္ခ်က္က အလုပ္မျဖစ္ခဲ့တာေၾကာင့္ လာမယ့္အပတ္မွာ က်စ္လစ္တဲ့ ခံစစ္ ၄ ဦးနဲ႔ ျပန္ကစားသြားႏိုင္တာေၾကာင့္ ယခုရာသီ ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနတဲ့ မန္ယူႏိုက္တက္တက္အေနနဲ႔ ေျခစြမ္းပိုင္း တိုးတက္ေအာင္ လုပ္ေဆာင္ရမယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။
“သူတို႔ေတြက မတူညီတဲ့အဆင့္မွာ ရွိေနပါတယ္။ အာဆင္နယ္က သူတို႔ လုပ္ခဲ့တဲ့ ေႏြရာသီလုပ္ငန္းစဥ္ေတြနဲ႔အတူ လိဂ္ဖလားအတြက္ စိန္ေခၚဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ကိုင္ ဟာဗတ္ဇ္အေပၚမွာ ဖိအားေတြ အမ်ားႀကီးရွိေနေပမယ့္ ေကာင္ေလးကို အသင္းထဲမွာ အသားက်ေအာင္ အခြင့္အေရးေပးလိုက္ပါဦး။ ကြၽန္ေတာ္ အာဆင္နယ္ကို ၾကည့္ရတာ ကြၽန္ေတာ့္အတြက္ေတာ့ စမ္းသပ္မႈတစ္ခုရွိေနတယ္လို႔ ေျပာရပါလိမ့္မယ္။ ေနာက္ခံေတာင္ပံကစားသမားေတြက သူတို႔ေတြ ကြင္းလယ္မွာ ကစားႏိုင္တယ္လို႔ ထင္ေနၾကတယ္။ ကြင္းလယ္ကစားသမားေတြကလည္း ေနာက္ခံေတာင္ပံမွာ ကစားႏိုင္တယ္လို႔ ထင္ေနၾကတယ္။ ေသာမတ္စ္ ပါေတးက တစ္ပြဲမွာ ကြင္းလယ္တစ္ဝက္၊ ေနာက္ခံေတာင္ပံတစ္ဝက္ ကစားေနရတယ္။ ခင္ဗ်ား တစ္ခါတေလမွာ အေျခခံလုပ္ရမယ့္အရာေတြကို ျပန္လုပ္ဖို႔လိုပါတယ္”
“လာမယ့္အပတ္(မန္ယူႏိုက္တက္နဲ႔ပြဲ)မွာ အာတီတာက အဲဒီစမ္းသပ္ခ်က္ကို အဆုံးသတ္သြားမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ၿပီး က်စ္လစ္တဲ့ခံစစ္ ၄ ဦးနဲ႔ ယွဥ္ၿပိဳင္သြားမွာပါ။ ပါေတးကို ဒီကလန္ ႐ိုက္၊ ေအာ္ဒီဂြါဒ္တို႔နဲ႔အတူ ကစားဖို႔ ကြင္းလယ္ကို ျပန္ေ႐ႊ႕မွာပါ။ အသင္းက ျဖစ္သင့္တဲ့ပုံစံကို ျပန္လည္ခင္းက်င္းသြားမွာပါ။ အသင္းတစ္သင္းက ဟန္ခ်က္ညီမႈရွိဖို႔ အရမ္းအေရးႀကီးပါတယ္။ ဆန္းသစ္တီထြင္မႈေတြက ထူးျခားဆန္းၾကယ္ေပမယ့္ တစ္ခါတေလမွာ တစ္စုံတရာက အႀကံေကာင္းအျဖစ္နဲ႔ စတင္ခဲ့ေပမယ့္လည္း အလုပ္မျဖစ္တဲ့အရာအျဖစ္ကို ေျပာင္းလဲသြားတတ္ပါတယ္။ အာဆင္နယ္လည္း အဲဒီလိုပဲ ကြၽန္ေတာ္ ခံစားရတယ္။ သူတို႔ေတြ ပုံမွန္ ၄-၃-၃ ကို ျပန္ကစားပါလိမ့္မယ္။ မန္ခ်က္စတာယူႏိုက္တက္ တန္ျပန္တိုက္စစ္မွာ အရမ္းေကာင္းမြန္ေပမယ့္ သူတို႔အတြက္ ႀကီးမားတဲ့စမ္းသပ္မႈျဖစ္လာမွာပါ။ သူတို႔ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္က ပုံမွန္ေအာက္က်ဆင္းေနပါတယ္။ ခင္ဗ်ား အမ္းမရိတ္စ္မွာ ပုံမွန္စြမ္းေဆာင္ရည္ေအာက္က်ဆင္းေနရင္ အႏိုင္ယူခံရပါလိမ့္မယ္။ ယူႏိုက္တက္က သူတို႔ရဲ႕ ကစားပုံကို ပိုေကာင္းေအာင္ လုပ္ရမွာျဖစ္ေပမယ့္ အာဆင္နယ္လည္း သူတို႔ ျပႆနာကို သူတို႔ ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News