အာဆင်နယ်မှာ အသင်းစိတ်ဓာတ်က ဘယ်လောက်အရေးကြီးလဲ ပြောပြခဲ့တဲ့ ဒီကလန် ရိုက်
ဒီကလန် ရိုက်ဟာ အာဆင်နယ်က အသင်းအဖွဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ ကွင်းပြင်ပ သွားလာလှုပ်ရှားမှုတွေမှာ အသင်းအဖွဲ့စိတ်ဓာတ်အရေးပါပုံကို အဓိကထား ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်အထိ အမ်းမရိတ်စ်က ပရိသတ်တွေ မျှော်မှန်းချက်အတိုင်း ကစားပြနေသူဖြစ်ပါတယ်။
ဒီကလန် ရိုက်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အသင်း တိုးတက်မှုအတွက် အဓိကကျခဲ့တယ်ဆိုတာကို သံသယဖြစ်စရာမရှိဘဲ ဆုဖလားတွေ အနိုင်ရဖို့နဲ့ အသင်းအတွက် တိုးတက်မှု ရှိလာဖို့က ကစားသမားတစ်ဦး သို့မဟုတ် တစ်ဦးချင်းစီထက် ပိုမိုတဲ့ အားထုတ်မှု လိုအပ်မှာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်ဟာ ၎င်းနဲ့ ၎င်းရဲ့ အသင်းဖော်တွေကြားမှာ အပြန်အလှန် နားလည်မှုရှိဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို ဒူဘိုင်းက ဆောင်းရာသီ အားလပ်ရက်အတွင်းမှာ နားလည်သွားခဲ့ပြီး အရှေ့အလယ်ပိုင်းကနေ ပြန်ရောက်လာပြီးကတည်းက ဂန်းနားတွေဟာ ပထမဆုံး ပြန်ကစားတဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒူဘိုင်းက စခန်းသွင်း လေ့ကျင့်ရေးဟာ အမှန်တကယ် အကျိုးရှိခဲ့တယ်ဆိုတာ ထင်ရှားခဲ့ပြီး အသင်းအဖွဲ့ စိတ်ဓာတ်က ဘယ်လောက်အထိ အရေးလဲဆိုတာကို ဒီကလန် ရိုက်က ရှင်းပြခဲ့ပါတယ်။
“အဓိကသော့ချက်က ကျွန်တော်တို့ ဒူဘိုင်းမှာ တွေ့ကြုံခဲ့သလိုမျိုး အသင်းအဖွဲ့စိတ်ဓာတ်လို့ ထင်ပါတယ်။ အသင်းအဖွဲ့အနေနဲ့ ညစာ အတူတူ သွားစားကြတာမျိုးကလည်း အရေးပါပြီး တစ်ယောက်နဲ့တစ်ယောက်အကြောင်း ကောင်းကောင်း သိဖို့ အချိန်ရစေပါတယ်။ အသင်းစိတ်ဓာတ်က အရာအားလုံး အဆင်ပြေပြေဖြစ်နေတဲ့အချိန်မှာ ရှိနေဖို့က လွယ်ပါတယ်။ ဒါပေမယ့် ပွဲစဉ်အတွင်းမှာ အခြေအနေတွေက ခက်ခဲလာတဲ့အခါမှာ အသင်းအဖွဲ့စိတ်ဓာတ်က အစမ်းသပ်ခံရပါလိမ့်မယ်။ အဲဒီအချိန်မှာ အားလုံး အတူတူ စည်းစည်းလုံးလုံးရှိနေဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ရေးကွင်းမှာ နေ့စဉ်နဲ့အမျှ တွေ့နေကြပြီး အသင်းအဖွဲ့စိတ်ဓာတ်က ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အချိန်ကုန်ဆုံးကြလဲနဲ့ ကစားသမားတွေရော နည်းပြအဖွဲ့ဝင်တွေပါ ဘယ်လောက်အထိ ရောထွေးပြီးနေကြလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အသင်းစိတ်ဓာတ်ကို တည်ဆောက်တဲ့နေရာမှာ တခြားမတူညီတဲ့အရာတွေလည်း အများကြီး ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဒီကလန္ ႐ိုက္ဟာ အာဆင္နယ္က အသင္းအဖြဲ႕စိတ္ဓာတ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ရာမွာ ကြင္းျပင္ပ သြားလာလႈပ္ရွားမႈေတြမွာ အသင္းအဖြဲ႕စိတ္ဓာတ္အေရးပါပုံကို အဓိကထား ေျပာဆိုခဲ့ပါတယ္။
အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဝက္စ္ဟမ္းကေန အာဆင္နယ္ကို စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ အမ္းမရိတ္စ္က ပရိသတ္ေတြ ေမွ်ာ္မွန္းခ်က္အတိုင္း ကစားျပေနသူျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြဟာ အသင္း တိုးတက္မႈအတြက္ အဓိကက်ခဲ့တယ္ဆိုတာကို သံသယျဖစ္စရာမရွိဘဲ ဆုဖလားေတြ အႏိုင္ရဖို႔နဲ႔ အသင္းအတြက္ တိုးတက္မႈ ရွိလာဖို႔က ကစားသမားတစ္ဦး သို႔မဟုတ္ တစ္ဦးခ်င္းစီထက္ ပိုမိုတဲ့ အားထုတ္မႈ လိုအပ္မွာ ျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ဟာ ၎နဲ႔ ၎ရဲ႕ အသင္းေဖာ္ေတြၾကားမွာ အျပန္အလွန္ နားလည္မႈရွိဖို႔ ဘယ္ေလာက္ အေရးႀကီးလဲဆိုတာကို ဒူဘိုင္းက ေဆာင္းရာသီ အားလပ္ရက္အတြင္းမွာ နားလည္သြားခဲ့ၿပီး အေရွ႕အလယ္ပိုင္းကေန ျပန္ေရာက္လာၿပီးကတည္းက ဂန္းနားေတြဟာ ပထမဆုံး ျပန္ကစားတဲ့ပြဲမွာ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ ဒူဘိုင္းက စခန္းသြင္း ေလ့က်င့္ေရးဟာ အမွန္တကယ္ အက်ိဳးရွိခဲ့တယ္ဆိုတာ ထင္ရွားခဲ့ၿပီး အသင္းအဖြဲ႕ စိတ္ဓာတ္က ဘယ္ေလာက္အထိ အေရးလဲဆိုတာကို ဒီကလန္ ႐ိုက္က ရွင္းျပခဲ့ပါတယ္။
“အဓိကေသာ့ခ်က္က ကြၽန္ေတာ္တို႔ ဒူဘိုင္းမွာ ေတြ႕ႀကဳံခဲ့သလိုမ်ိဳး အသင္းအဖြဲ႕စိတ္ဓာတ္လို႔ ထင္ပါတယ္။ အသင္းအဖြဲ႕အေနနဲ႔ ညစာ အတူတူ သြားစားၾကတာမ်ိဳးကလည္း အေရးပါၿပီး တစ္ေယာက္နဲ႔တစ္ေယာက္အေၾကာင္း ေကာင္းေကာင္း သိဖို႔ အခ်ိန္ရေစပါတယ္။ အသင္းစိတ္ဓာတ္က အရာအားလုံး အဆင္ေျပေျပျဖစ္ေနတဲ့အခ်ိန္မွာ ရွိေနဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ ပြဲစဥ္အတြင္းမွာ အေျခအေနေတြက ခက္ခဲလာတဲ့အခါမွာ အသင္းအဖြဲ႕စိတ္ဓာတ္က အစမ္းသပ္ခံရပါလိမ့္မယ္။ အဲဒီအခ်ိန္မွာ အားလုံး အတူတူ စည္းစည္းလုံးလုံးရွိေနဖို႔ အေရးႀကီးပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ေန႔စဥ္နဲ႔အမွ် ေတြ႕ေနၾကၿပီး အသင္းအဖြဲ႕စိတ္ဓာတ္က ခင္ဗ်ားတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လို အခ်ိန္ကုန္ဆုံးၾကလဲနဲ႔ ကစားသမားေတြေရာ နည္းျပအဖြဲ႕ဝင္ေတြပါ ဘယ္ေလာက္အထိ ေရာေထြးၿပီးေနၾကလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ အသင္းစိတ္ဓာတ္ကို တည္ေဆာက္တဲ့ေနရာမွာ တျခားမတူညီတဲ့အရာေတြလည္း အမ်ားႀကီး ရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News