အာဆင်နယ်မှာ လန်ဘော်ဂီးနီလိုမျိုး ကစားသမားရှိတယ်လို့ ပြောလိုက်တဲ့ ဆာလီဘာ 1024 576 coyg

အာဆင်နယ်မှာ လန်ဘော်ဂီးနီလိုမျိုး ကစားသမားရှိတယ်လို့ ပြောလိုက်တဲ့ ဆာလီဘာ

တစ်ခါတရံမှာ ဘူကာယို ဆာကာကို ဖော်ပြဖို့အတွက် စကားလုံးရှာတွေ့ဖို့ ခက်ခဲပြီး အင်္ဂလန်တောင်ပံကစားသမားဟာ တစ်ခါတလေမှာ ဖော်ပြချက်တွေကို ဖီဆန်လေ့ရှိတဲ့ ကစားသမားဖြစ်ပါတယ်။

ဆာကာဟာ စစ်မှန်တဲ့ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ကွင်းထဲကို ဝင်လာတဲ့အချိန်တိုင်း ကြည့်ရှုရတာ ပျော်ရွှင်စရာကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ဆာကာဆီမှာ တောင်ပံကစားသမားတစ်ယောက်ဆီကနေ ပရိသတ်တွေလိုချင်တဲ့အရာအားလုံးရှိနေပြီး လျင်မြန်မှု၊ အရည်အချင်း၊ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေ ပိုင်ဆိုင်ထားတာကြောင့် တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင်မှ တရားမျှတမှုမရှိသလို ခံစားရပါတယ်။

ဒါပေမယ့်လည်း ဆာလီဘာက ဆာကာရဲ့ အရည်အချင်းကို ဖော်ပြဖို့အတွက် နည်းလမ်းတစ်ခု တွေ့ရှိခဲ့ပုံပေါ်ပြီး ပြင်သစ်နောက်ခံလူက အာဆင်နယ်အသင်းဖော်ကို ကမ္ဘာကျော်ပြိုင်ကားအမှတ်တံဆိပ်ဖြစ်တဲ့ လန်ဘော်ဂီးနီနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ မယုံနိုင်စရာကောင်းတဲ့ မြန်နှုန်းနဲ့ အဆင့်အတန်းပေါင်းစပ်ထားမှုကြောင့် လန်ဘော်ဂီးနီနဲ့ နှိုင်းယှဉ်ရတာဖြစ်တယ်လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့ ဆာကာအကြောင်း ပြောရမလား။ အိုကေ၊ ဆာကာ၊ သူက လန်ဘော်ဂီးနီပဲ။ ဟုတ်တယ်။ သူက ကောင်းတယ်။ လျင်မြန်တယ်။ အဆင့်အတန်းရှိတယ်။ ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆာကာကို လန်ဘော်ဂီးနီနဲ့ နှိုင်းယှဉ်တာက တော်တော်လေး ဆီလျော်မှုရှိပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ အီတလီထုတ် ပြိုင်ကားလိုပဲ တောင်ပံတကြောမှာ မယုံနိုင်စရာ မြန်နှုန်းနဲ့ လွန်းထိုးသွားလာနေတတ်သလို သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်း အမြဲတမ်းရှိတာ ဖြစ်ပါတယ်။

အာဆင်နယ်တောင်ပံကစားသမားဟာ ကြောက်စရာကောင်းလောက်တဲ့ လျင်မြန်မှုနဲ့ ထူးခြားတဲ့ ဘောလုံးစွမ်းရည်တို့ကို မယုံနိုင်ဖွယ် ပေါင်းစပ်ထားပြီး ဒီလိုမျိုး အရည်အချင်း ၂ ခုကို ပေါင်းစည်းထားနိုင်တဲ့အခါမှာ အမြင့်မားဆုံးအဆင့်အတန်းမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

တကယ်လည်း ဆာကာဟာ ကမ္ဘာ့အဆင့် ပါရမီရှင်ကစားသမားဖြစ်ပြီး ဒီလူငယ်လေးအတွက် အလားအလာက အတိုင်းအဆမသိတဲ့ ကောင်းကင်ကြီးထက်တောင် မြင့်မားကျယ်ပြန့်နေတာ ဖြစ်ပါတယ်။

ဆာကာနဲ့ ဆာလီဘာတို့လို ကမ္ဘာ့အဆင့် ကစားသမား ၂ ဦးကို တစ်သင်းတည်းမှာ ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဆင်နယ်သာ နောက်ထပ်နှစ်အနည်းငယ်လောက် ဒီကစားသမား ၂ ဦးကို အတူတူ ကြီးထွားလာခွင့်ပေးခဲ့မယ်ဆိုရင် ရေမြင့်ရင် ကြာတင့်သလို ဂန်းနားတွေရဲ့ အဆင့်အတန်းကလည်း မကြုံစဖူး မြင့်မားလာနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: တစ္ခါတရံမွာ ဘူကာယို ဆာကာကို ေဖာ္ျပဖို႔အတြက္ စကားလုံးရွာေတြ႕ဖို႔ ခက္ခဲၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ တစ္ခါတေလမွာ ေဖာ္ျပခ်က္ေတြကို ဖီဆန္ေလ့ရွိတဲ့ ကစားသမားျဖစ္ပါတယ္။

ဆာကာဟာ စစ္မွန္တဲ့ ကမာၻ႔အဆင့္ကစားသမားျဖစ္ၿပီး ကြင္းထဲကို ဝင္လာတဲ့အခ်ိန္တိုင္း ၾကည့္ရႈရတာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ ဆာကာဆီမွာ ေတာင္ပံကစားသမားတစ္ေယာက္ဆီကေန ပရိသတ္ေတြလိုခ်င္တဲ့အရာအားလုံးရွိေနၿပီး လ်င္ျမန္မႈ၊ အရည္အခ်င္း၊ ေျခစြမ္းပိုင္း တည္ၿငိမ္မႈေတြ ပိုင္ဆိုင္ထားတာေၾကာင့္ တျခားကစားသမားေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာင္မွ တရားမွ်တမႈမရွိသလို ခံစားရပါတယ္။

ဒါေပမယ့္လည္း ဆာလီဘာက ဆာကာရဲ႕ အရည္အခ်င္းကို ေဖာ္ျပဖို႔အတြက္ နည္းလမ္းတစ္ခု ေတြ႕ရွိခဲ့ပုံေပၚၿပီး ျပင္သစ္ေနာက္ခံလူက အာဆင္နယ္အသင္းေဖာ္ကို ကမာၻေက်ာ္ၿပိဳင္ကားအမွတ္တံဆိပ္ျဖစ္တဲ့ လန္ေဘာ္ဂီးနီနဲ႔ ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ မယုံႏိုင္စရာေကာင္းတဲ့ ျမန္ႏႈန္းနဲ႔ အဆင့္အတန္းေပါင္းစပ္ထားမႈေၾကာင့္ လန္ေဘာ္ဂီးနီနဲ႔ ႏႈိင္းယွဥ္ရတာျဖစ္တယ္လို႔ ဆာလီဘာက ေျပာၾကားခဲ့ပါတယ္။

“ပထမဆုံးအေနနဲ႔ ဆာကာအေၾကာင္း ေျပာရမလား။ အိုေက၊ ဆာကာ၊ သူက လန္ေဘာ္ဂီးနီပဲ။ ဟုတ္တယ္။ သူက ေကာင္းတယ္။ လ်င္ျမန္တယ္။ အဆင့္အတန္းရွိတယ္။ ”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဆာကာကို လန္ေဘာ္ဂီးနီနဲ႔ ႏႈိင္းယွဥ္တာက ေတာ္ေတာ္ေလး ဆီေလ်ာ္မႈရွိၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ အီတလီထုတ္ ၿပိဳင္ကားလိုပဲ ေတာင္ပံတေၾကာမွာ မယုံႏိုင္စရာ ျမန္ႏႈန္းနဲ႔ လြန္းထိုးသြားလာေနတတ္သလို သူ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္စြမ္း အၿမဲတမ္းရွိတာ ျဖစ္ပါတယ္။

အာဆင္နယ္ေတာင္ပံကစားသမားဟာ ေၾကာက္စရာေကာင္းေလာက္တဲ့ လ်င္ျမန္မႈနဲ႔ ထူးျခားတဲ့ ေဘာလုံးစြမ္းရည္တို႔ကို မယုံႏိုင္ဖြယ္ ေပါင္းစပ္ထားၿပီး ဒီလိုမ်ိဳး အရည္အခ်င္း ၂ ခုကို ေပါင္းစည္းထားႏိုင္တဲ့အခါမွာ အျမင့္မားဆုံးအဆင့္အတန္းမွာ ကစားႏိုင္တဲ့ ကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။

တကယ္လည္း ဆာကာဟာ ကမာၻ႔အဆင့္ ပါရမီရွင္ကစားသမားျဖစ္ၿပီး ဒီလူငယ္ေလးအတြက္ အလားအလာက အတိုင္းအဆမသိတဲ့ ေကာင္းကင္ႀကီးထက္ေတာင္ ျမင့္မားက်ယ္ျပန႔္ေနတာ ျဖစ္ပါတယ္။

ဆာကာနဲ႔ ဆာလီဘာတို႔လို ကမာၻ႔အဆင့္ ကစားသမား ၂ ဦးကို တစ္သင္းတည္းမွာ ပိုင္ဆိုင္ခြင့္ရထားတဲ့ အာဆင္နယ္သာ ေနာက္ထပ္ႏွစ္အနည္းငယ္ေလာက္ ဒီကစားသမား ၂ ဦးကို အတူတူ ႀကီးထြားလာခြင့္ေပးခဲ့မယ္ဆိုရင္ ေရျမင့္ရင္ ၾကာတင့္သလို ဂန္းနားေတြရဲ႕ အဆင့္အတန္းကလည္း မႀကဳံစဖူး ျမင့္မားလာႏိုင္ပါတယ္။

Arsenal Myanmar

Ref: Internet