အာဆင်နယ်ပြောင်းချင်တယ်လို့ အာတီတာနဲ့ဆွေးနွေးချိန်မှာ ပြောခဲ့တဲ့ ပေါင် ၅၁ သန်းတန်ကစားသမား
အာဆင်နယ်နည်းပြ အာတီတာဟာ ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် မာတင် ဇူဘီမန်ဒီကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ တိုက်ရိုက်ပြောဆိုဆွေးနွေးခဲ့ပါတယ်။
ဂန်းနားတွေဟာ အခြားအသင်းအများအပြားလိုပဲ ယခု ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ တော်တော်လေး တိတ်ဆိတ်နေတာဖြစ်ပြီး လာမယ့် ၆ လမှာတော့ ဒီလိုမျိုး ဖြစ်နေမှာ မဟုတ်တာ သေချာပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်အတွက် ကြီးမားတဲ့ ပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ရီးရဲလ် ဆိုစီဒက်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်ကို ပြောင်းဖို့ သတင်းတွေ ထွက်နေခဲ့တာ အခုဆိုရင် တစ်နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူဟာ လာလီဂါမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး စပိန်လာလီဂါရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဇူဘီမန်ဒီအနေနဲ့ ဒီလိုအထင်ကြီးဖွယ်ခြေစွမ်းကြောင့် ပိုမိုကြီးမားတဲ့အသင်းကို ပြောင်းရွှေ့ဖို့က အနှေးနဲ့ အမြန်ဖြစ်ပုံပေါ်ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ဇူဘီမန်ဒီရဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၅၁ သန်းကျော်သာ သတ်မှတ်ထားတယ်လို့ သိရပြီး စပိန်လူမျိုးနည်းပြက အဲဒီအချက်ကို အသက်သွင်းပြီး ခေါ်ယူသွားနိုင်ပါတယ်။
Bild ရဲ့ Bayern Insider Podcast ကလည်း ယခုအပတ်မှာ ဇူဘီမန်ဒီနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အချို့ကို မျှဝေခဲ့ရာမှာ အာတီတာဟာ ကွင်းလယ်ကစားသမားနဲ့ စကားပြောဆိုခဲ့ပြီး ကစားသမားကလည်း နွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အဲဒီ Podcast ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ်ရှန် ဖော့ခ်က ဘိုင်ယန်မြူးနစ်ကလည်း ဇူဘီမန်ဒီကို လိုချင်နေတယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိမှာတော့ အာဆင်နယ်က ခေါ်ယူသွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ရီးရဲလ္ဆိုစီဒက္ၾကယ္ပြင့္ မာတင္ ဇူဘီမန္ဒီကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ တိုက္႐ိုက္ေျပာဆိုေဆြးေႏြးခဲ့ပါတယ္။
ဂန္းနားေတြဟာ အျခားအသင္းအမ်ားအျပားလိုပဲ ယခု ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေတာ္ေတာ္ေလး တိတ္ဆိတ္ေနတာျဖစ္ၿပီး လာမယ့္ ၆ လမွာေတာ့ ဒီလိုမ်ိဳး ျဖစ္ေနမွာ မဟုတ္တာ ေသခ်ာပါတယ္။ ဇူဘီမန္ဒီဟာ အာဆင္နယ္အတြက္ ႀကီးမားတဲ့ ပစ္မွတ္ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ရီးရဲလ္ ဆိုစီဒက္ၾကယ္ပြင့္ဟာ အမ္းမရိတ္စ္ကို ေျပာင္းဖို႔ သတင္းေတြ ထြက္ေနခဲ့တာ အခုဆိုရင္ တစ္ႏွစ္ေလာက္ရွိေနၿပီျဖစ္ပါတယ္။
ရီးရဲလ္ဆိုစီဒက္ ကြင္းလယ္လူဟာ လာလီဂါမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး စပိန္လာလီဂါရဲ႕ အေကာင္းဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဇူဘီမန္ဒီအေနနဲ႔ ဒီလိုအထင္ႀကီးဖြယ္ေျခစြမ္းေၾကာင့္ ပိုမိုႀကီးမားတဲ့အသင္းကို ေျပာင္းေ႐ႊ႕ဖို႔က အေႏွးနဲ႔ အျမန္ျဖစ္ပုံေပၚၿပီး အာဆင္နယ္နည္းျပ အာတီတာကလည္း ရီးရဲလ္ဆိုစီဒက္ၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။
The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဇူဘီမန္ဒီရဲ႕ ရီးရဲလ္ဆိုစီဒက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ ပါဝင္တဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၅၁ သန္းေက်ာ္သာ သတ္မွတ္ထားတယ္လို႔ သိရၿပီး စပိန္လူမ်ိဳးနည္းျပက အဲဒီအခ်က္ကို အသက္သြင္းၿပီး ေခၚယူသြားႏိုင္ပါတယ္။
Bild ရဲ႕ Bayern Insider Podcast ကလည္း ယခုအပတ္မွာ ဇူဘီမန္ဒီနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ကို မွ်ေဝခဲ့ရာမွာ အာတီတာဟာ ကြင္းလယ္ကစားသမားနဲ႔ စကားေျပာဆိုခဲ့ၿပီး ကစားသမားကလည္း ေႏြရာသီမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။
အဲဒီ Podcast ရဲ႕ အဓိကအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ခရစ္ရွန္ ေဖာ့ခ္က ဘိုင္ယန္ျမဴးနစ္ကလည္း ဇူဘီမန္ဒီကို လိုခ်င္ေနတယ္လို႔ ေျပာဆိုခဲ့ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္က ေခၚယူသြားမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News