အာဆင်နယ်နဲ့ နယူးကာဆယ်တို့ပွဲချိန် ပုံမှန်မဟုတ်ဘဲ နောက်ကျနေတဲ့ နောက်ကွယ်က အကြောင်းအရင်း
အာဆင်နယ်ဟာ လာမယ့် စနေနေ့ အမ်းမရိတ်စ်မှာ နယူးကာဆယ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ပုံမှန်မဟုတ်တဲ့ ည ၈ နာရီအချိန်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
ဂန်းနားတွေဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်ရထားပြီး နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာလည်း နောက်ထပ် နိုင်ပွဲနဲ့အတူ ၆ ပွဲဆက်နိုင်ပွဲကို ရယူသွားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေမှာ ဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် တိုက်ပွဲဝင်နေရပြီး ဝက်စ်ဟမ်း၊ ဘန်လေတို့နဲ့ပွဲမှာ ကြီးမားတဲ့ နိုင်ပွဲတွေ ရယူပြီး ချန်ပီယံခြေစွမ်းကို စတင်ပြသနေတာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အက်ဒီ ဟောင်းရဲ့အသင်းဟာ ဇန်နဝါရီလလယ်မှာ မန်စီးတီးကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိခဲ့ဘဲ ဂိုးသွင်းအများဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို သွင်းဂိုးတွေ အများကြီး ခွင့်ပြုပေးခဲ့ရတာကြောင့် မြောက်လန်ဒန်မှာ ကစားမယ့်ပွဲစဉ်မှာ သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်တဲ့ပွဲတစ်ပွဲကို မြင်တွေ့ရဖွယ်ရှိပါတယ်။
အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်ဟာ စနေနေ့ည ၈ နာရီမှာ ကျင်းပသွားမှာဖြစ်ပြီး ပုံမှန်ပွဲကစားချိန်ထက် တော်တော်လေး နောက်ကျနေရတဲ့အကြောင်းအရင်းကတော့ ရုပ်သံထုတ်လွှင့်တဲ့ဌာနကြောင့် ဖြစ်ပါတယ်။
အမ်းမရိတ်စ်က ပွဲစဉ်ဟာ ညနေ ၃ နာရီမှာ ကစားသွားဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့်လည်း TNT Sports က ပွဲရွေးချယ်ခဲ့ရာမှာ ဂန်းနားတွေက ရက်သတ္တပတ်အလယ်မှာ ချန်ပီယံလိဂ်ပွဲကစားနေရတာကြောင့် ပုံမှန် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ မထည့်လိုက်တာကြောင့်ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့မှာ ပေါ်တိုနဲ့ တွေ့ဆုံယှဉ်ပြိုင်ဖို့ ပေါ်တူဂီကို ခရီးထွက်ရမှာဖြစ်တာကြောင့် အနားယူဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် အချိန်ပိုလိုအပ်မှာဖြစ်ပြီး TNT Sports က ပြီးခဲ့တဲ့နွေရာသီမှာ ဥရောပပြိုင်ပွဲဝင်ကစားနေတဲ့ ဘယ်အသင်းကမှ ဒီရာသီမှာ အစောပိုင်းပွဲချိန်ထဲ ထည့်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း အစောပိုင်းပွဲချိန်ထဲ မထည့်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ် ပရိသတ်တွေကတော့ စနေနေ့ညနေမှာ မြောက်လန်ဒန်အထိ အချိန်မတော်ခရီးရှည်ကြီး ထွက်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ဒေါသထွက်နေကြပါတယ်။
ဒါကြောင့် ဒီနှစ်အစောပိုင်း လူတန်နဲ့ ၄-၄ သရေကျခဲ့တဲ့ပွဲမတိုင်ခင် ဒီဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်တဲ့ စာတမ်းပါဝင်တဲ့ အလံကို လွှင့်ထူခဲ့ပြီး နယူးကာဆယ်ပရိသတ်တွေအတွက် ပိုဆိုးသွားတာက တိုင်းဆိုဒ်ကို ပြန်တဲ့ နောက်ဆုံးရထားက လန်ဒန်ကနေ ည ၉ နာရီနောက်ဆုံးထွက်တာဖြစ်ပါတယ်။
ဒါကြောင့် အရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ နယူးကာဆယ်ပရိသတ်တွေအနေနဲ့ အိမ်ပြန်လို့ရအောင် အခြား သယ်ယူပို့ဆောင်ရေးတွေကို မဖြစ်မနေ ရှာဖွေရတော့မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ လာမယ့္ စေနေန႔ အမ္းမရိတ္စ္မွာ နယူးကာဆယ္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ ပုံမွန္မဟုတ္တဲ့ ည ၈ နာရီအခ်ိန္မွာ က်င္းပသြားဖို႔ စီစဥ္ထားပါတယ္။
ဂန္းနားေတြဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ၅ ပြဲဆက္ အႏိုင္ရထားၿပီး နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အိမ္ကြင္းပြဲစဥ္မွာလည္း ေနာက္ထပ္ ႏိုင္ပြဲနဲ႔အတူ ၆ ပြဲဆက္ႏိုင္ပြဲကို ရယူသြားႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနမွာ ျဖစ္ပါတယ္။ အာတီတာရဲ႕ အသင္းဟာ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ တိုက္ပြဲဝင္ေနရၿပီး ဝက္စ္ဟမ္း၊ ဘန္ေလတို႔နဲ႔ပြဲမွာ ႀကီးမားတဲ့ ႏိုင္ပြဲေတြ ရယူၿပီး ခ်န္ပီယံေျခစြမ္းကို စတင္ျပသေနတာျဖစ္ပါတယ္။
တစ္ဆက္တည္းမွာပဲ အက္ဒီ ေဟာင္းရဲ႕အသင္းဟာ ဇန္နဝါရီလလယ္မွာ မန္စီးတီးကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိခဲ့ဘဲ ဂိုးသြင္းအမ်ားဆုံး အသင္းေတြထဲက တစ္သင္း ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နယူးကာဆယ္ဟာ အိတ္ေပါက္နဲ႔ ဖားေကာက္သလို သြင္းဂိုးေတြ အမ်ားႀကီး ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ေျမာက္လန္ဒန္မွာ ကစားမယ့္ပြဲစဥ္မွာ သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈအျပည့္ေပးစြမ္းႏိုင္တဲ့ပြဲတစ္ပြဲကို ျမင္ေတြ႕ရဖြယ္ရွိပါတယ္။
အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔ရဲ႕ ပြဲစဥ္ဟာ စေနေန႔ည ၈ နာရီမွာ က်င္းပသြားမွာျဖစ္ၿပီး ပုံမွန္ပြဲကစားခ်ိန္ထက္ ေတာ္ေတာ္ေလး ေနာက္က်ေနရတဲ့အေၾကာင္းအရင္းကေတာ့ ႐ုပ္သံထုတ္လႊင့္တဲ့ဌာနေၾကာင့္ ျဖစ္ပါတယ္။
အမ္းမရိတ္စ္က ပြဲစဥ္ဟာ ညေန ၃ နာရီမွာ ကစားသြားဖို႔ စီစဥ္ထားခဲ့တာျဖစ္ေပမယ့္လည္း TNT Sports က ပြဲေ႐ြးခ်ယ္ခဲ့ရာမွာ ဂန္းနားေတြက ရက္သတၱပတ္အလယ္မွာ ခ်န္ပီယံလိဂ္ပြဲကစားေနရတာေၾကာင့္ ပုံမွန္ ၁၂ နာရီ ၃၀ မိနစ္အခ်ိန္မွာ မထည့္လိုက္တာေၾကာင့္ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဗုဒၶဟူးေန႔မွာ ေပၚတိုနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ဖို႔ ေပၚတူဂီကို ခရီးထြက္ရမွာျဖစ္တာေၾကာင့္ အနားယူဖို႔နဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔အတြက္ အခ်ိန္ပိုလိုအပ္မွာျဖစ္ၿပီး TNT Sports က ၿပီးခဲ့တဲ့ေႏြရာသီမွာ ဥေရာပၿပိဳင္ပြဲဝင္ကစားေနတဲ့ ဘယ္အသင္းကမွ ဒီရာသီမွာ အေစာပိုင္းပြဲခ်ိန္ထဲ ထည့္မွာ မဟုတ္ဘူးလို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း အေစာပိုင္းပြဲခ်ိန္ထဲ မထည့္ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း နယူးကာဆယ္ ပရိသတ္ေတြကေတာ့ စေနေန႔ညေနမွာ ေျမာက္လန္ဒန္အထိ အခ်ိန္မေတာ္ခရီးရွည္ႀကီး ထြက္ရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္ကို ေဒါသထြက္ေနၾကပါတယ္။
ဒါေၾကာင့္ ဒီႏွစ္အေစာပိုင္း လူတန္နဲ႔ ၄-၄ သေရက်ခဲ့တဲ့ပြဲမတိုင္ခင္ ဒီဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္တဲ့ စာတမ္းပါဝင္တဲ့ အလံကို လႊင့္ထူခဲ့ၿပီး နယူးကာဆယ္ပရိသတ္ေတြအတြက္ ပိုဆိုးသြားတာက တိုင္းဆိုဒ္ကို ျပန္တဲ့ ေနာက္ဆုံးရထားက လန္ဒန္ကေန ည ၉ နာရီေနာက္ဆုံးထြက္တာျဖစ္ပါတယ္။
ဒါေၾကာင့္ အေရွ႕ေျမာက္ပိုင္းမွာ ေနထိုင္တဲ့ နယူးကာဆယ္ပရိသတ္ေတြအေနနဲ႔ အိမ္ျပန္လို႔ရေအာင္ အျခား သယ္ယူပို႔ေဆာင္ေရးေတြကို မျဖစ္မေန ရွာေဖြရေတာ့မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News