အာဆင်နယ်နဲ့တွေ့ခဲ့တာကို ဘိုင်ယန် ဘယ်လိုသဘောထားနေမလဲ ပြောပြခဲ့တဲ့ ဘောလုံးကျွမ်းကျင်သူ
အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ပြီး ဂန်းနားတွေက ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲထဲမှာရှိနေပေမယ့်လည်း ဘိုင်ယန်ကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ့်အနေအထားမရှိတော့တာဖြစ်ပါတယ်။
ဂျာမန်နဲ့ ဥရောပဘောလုံးအထူးကျွမ်းကျင်သူ ကီဗင် ဟတ်ချက်က အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံနေမှုအပေါ်မှာ သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပြီး ဘွန်ဒက်စ်လီဂါအသင်းကြီးက ဂန်းနားတွေအပေါ် ဘယ်လိုမြင်နေမလဲဆိုတာကို ပြောပြခဲ့ပါတယ်။
“သူတို့တွေ ပျော်ရွှင်နေမှာမဟုတ်ပါဘူး။ သူတို့တွေ စိုးရိမ်နေကြလိမ့်မယ်။ ဘာလို့ဆိုတော့ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ လုပ်ခဲ့တာတွေကို သူတို့လည်း မြင်ခဲ့ကြမှာမို့လို့ပါ။ သူတို့တွေက ပေါ်တိုနဲ့ပွဲမှာ အာဆင်နယ်က အနိုင်ရမယ့် နည်းလမ်းကို ရှာတွေ့ခဲ့တာကို မြင်ခဲ့ပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ ဒီလိုပြိုင်ပွဲမှာ အနိုင်ခဲ့မယ်ဆိုရင် အဲဒီလိုမျိုး စိတ်ကသိကအောင့်ဖြစ်စရာ ပွဲမျိုးတွေကို ဖြတ်သန်းခဲ့ရမှာမို့လို့ အဲဒါက အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အာဆင်နယ်နဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ၅-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီ ၁၆ သင်းရှုံးထွက်အဆင့်မှာ နောက်ဆုံးတွေ့ဆုံခဲ့တုန်းက ဂျာမန်ကလပ်က နှစ်ကျော့ပေါင်း ၁၀-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၇ နှစ်အကြာ ဒီနေ့အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်တို့ သိခဲ့ဖူးတဲ့ အာဆင်နယ်မဟုတ်တော့ဘဲ ဂန်းနားတွေဟာ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ ဥရောပညချမ်းတွေ ဆက်လက်ပိုင်ဆိုင်နိုင်ဖို့အတွက် အရာအားလုံးကို လုပ်ပြနိုင်တယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပေါ်တိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာမှန်ပေမယ့်လည်း လက်မြှောက်အရှုံးပေးလိုစိတ် တစ်စက်မှမရှိခဲ့ဘဲ အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း ပထမအကျော့ လာဇီယို အိမ်ကွင်းတုန်းက ရှုံးနိမ့်ခဲ့ပြီးမှ အိမ်ကွင်းမှာ အနိုင်ရလို့ နောက်တဆင့် တက်နိုင်ခဲ့တာဖြစ်လို့ အမ်းမရိတ်စ်မှာ ဂန်းနားတွေကို သရေနဲ့ အရှုံးကလွဲရင် မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်ကလည်း အာဆင်နယ်ဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစသင်းဖြစ်ပြီး ထိပ်တန်းအဆင့် ခြေစွမ်းကို ၂ နှစ်ဆက်တိုက် တည်တည်ငြိမ်ငြိမ်နဲ့ ပြသနေတာကြောင့် အန္တရာယ်ရှိတဲ့အသင်းဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ရှေ့မှာ စိတ်ကူးကြည့်နိုင်တဲ့ အခက်ခဲဆုံးလမ်းက ကျိန်းသေပေါက်ရှိနေပါတယ်။ အခု ကျွန်တော်တို့ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ကစားရတော့မယ်။ အာဆင်နယ်က ၂ နှစ်လောက် ထိပ်တန်းအဆင့်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနေခဲ့တဲ့အသင်းပါ။ အဲဒါက တသမတ်တည်းပဲ။ အန္တရာယ်ရှိတဲ့အသင်းပါ။ သူတို့တွေ ဂိုးတွေ အများကြီး သွင်းယူနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအတွက် ကြိုတင်ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ရဲ့အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။”လို့ တူဟယ်က ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်နဲ့ တွေ့ဆုံနေမှုနဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာတီတာရဲ႕ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး ဂန္းနားေတြက ဒီရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ ၿပိဳင္ပြဲထဲမွာရွိေနေပမယ့္လည္း ဘိုင္ယန္ကေတာ့ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္မယ့္အေနအထားမရွိေတာ့တာျဖစ္ပါတယ္။
ဂ်ာမန္နဲ႔ ဥေရာပေဘာလုံးအထူးကြၽမ္းက်င္သူ ကီဗင္ ဟတ္ခ်က္က အာဆင္နယ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ေတြ႕ဆုံေနမႈအေပၚမွာ သူ႔ရဲ႕ အျမင္ကို ေျပာၾကားခဲ့ၿပီး ဘြန္ဒက္စ္လီဂါအသင္းႀကီးက ဂန္းနားေတြအေပၚ ဘယ္လိုျမင္ေနမလဲဆိုတာကို ေျပာျပခဲ့ပါတယ္။
“သူတို႔ေတြ ေပ်ာ္႐ႊင္ေနမွာမဟုတ္ပါဘူး။ သူတို႔ေတြ စိုးရိမ္ေနၾကလိမ့္မယ္။ ဘာလို႔ဆိုေတာ့ အာဆင္နယ္က ဒီရာသီ ပရီးမီးယားလိဂ္မွာ လုပ္ခဲ့တာေတြကို သူတို႔လည္း ျမင္ခဲ့ၾကမွာမို႔လို႔ပါ။ သူတို႔ေတြက ေပၚတိုနဲ႔ပြဲမွာ အာဆင္နယ္က အႏိုင္ရမယ့္ နည္းလမ္းကို ရွာေတြ႕ခဲ့တာကို ျမင္ခဲ့ပါလိမ့္မယ္။ ခင္ဗ်ားအေနနဲ႔ ဒီလိုၿပိဳင္ပြဲမွာ အႏိုင္ခဲ့မယ္ဆိုရင္ အဲဒီလိုမ်ိဳး စိတ္ကသိကေအာင့္ျဖစ္စရာ ပြဲမ်ိဳးေတြကို ျဖတ္သန္းခဲ့ရမွာမို႔လို႔ အဲဒါက အရမ္းကို အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ အာဆင္နယ္နဲ႔ ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ ၅-၁ ရလဒ္နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၂၀၁၆-၂၀၁၇ ရာသီ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေနာက္ဆုံးေတြ႕ဆုံခဲ့တုန္းက ဂ်ာမန္ကလပ္က ႏွစ္ေက်ာ့ေပါင္း ၁၀-၂ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ၇ ႏွစ္အၾကာ ဒီေန႔အာဆင္နယ္ဟာ ဘိုင္ယန္ျမဴးနစ္တို႔ သိခဲ့ဖူးတဲ့ အာဆင္နယ္မဟုတ္ေတာ့ဘဲ ဂန္းနားေတြဟာ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနခဲ့တဲ့ ဥေရာပညခ်မ္းေတြ ဆက္လက္ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အရာအားလုံးကို လုပ္ျပႏိုင္တယ္ဆိုတာကိုလည္း ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။
အာဆင္နယ္ဟာ ေပၚတိုကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့တာမွန္ေပမယ့္လည္း လက္ေျမႇာက္အရႈံးေပးလိုစိတ္ တစ္စက္မွမရွိခဲ့ဘဲ အသင္းအဖြဲ႕စိတ္ဓာတ္ကို ျပသခဲ့တာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ကလည္း ပထမအေက်ာ့ လာဇီယို အိမ္ကြင္းတုန္းက ရႈံးနိမ့္ခဲ့ၿပီးမွ အိမ္ကြင္းမွာ အႏိုင္ရလို႔ ေနာက္တဆင့္ တက္ႏိုင္ခဲ့တာျဖစ္လို႔ အမ္းမရိတ္စ္မွာ ဂန္းနားေတြကို သေရနဲ႔ အရႈံးကလြဲရင္ ေမွ်ာ္လင့္ႏိုင္မွာမဟုတ္ပါဘူး။
ဘိုင္ယန္ျမဴးနစ္နည္းျပ ေသာမတ္စ္ တူဟယ္ကလည္း အာဆင္နယ္ဟာ ဥေရာပရဲ႕ အေကာင္းဆုံးအသင္းေတြထဲက တစသင္းျဖစ္ၿပီး ထိပ္တန္းအဆင့္ ေျခစြမ္းကို ၂ ႏွစ္ဆက္တိုက္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပသေနတာေၾကာင့္ အႏၲရာယ္ရွိတဲ့အသင္းျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ရဲ႕ ေရွ႕မွာ စိတ္ကူးၾကည့္ႏိုင္တဲ့ အခက္ခဲဆုံးလမ္းက က်ိန္းေသေပါက္ရွိေနပါတယ္။ အခု ကြၽန္ေတာ္တို႔ ဥေရာပရဲ႕ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းနဲ႔ ကစားရေတာ့မယ္။ အာဆင္နယ္က ၂ ႏွစ္ေလာက္ ထိပ္တန္းအဆင့္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားေနခဲ့တဲ့အသင္းပါ။ အဲဒါက တသမတ္တည္းပဲ။ အႏၲရာယ္ရွိတဲ့အသင္းပါ။ သူတို႔ေတြ ဂိုးေတြ အမ်ားႀကီး သြင္းယူႏိုင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအတြက္ ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕အရည္အေသြးကို ကြၽန္ေတာ္တို႔ သိပါတယ္။”လို႔ တူဟယ္က ကြာတားဖိုင္နယ္အဆင့္မွာ အာဆင္နယ္နဲ႔ ေတြ႕ဆုံေနမႈနဲ႔ပတ္သက္ၿပီး ေျပာဆိုသြားပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News