အာဆင်နယ်နဲ့ချဲလ်ဆီးတို့စိတ်ဝင်စားမှုခံနေရတဲ့ အမ်ဘာပေကို အကြံပေးလိုက်တဲ့ အွန်နရီ 1024 576 coyg

အာဆင်နယ်နဲ့ချဲလ်ဆီးတို့စိတ်ဝင်စားမှုခံနေရတဲ့ အမ်ဘာပေကို အကြံပေးလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ခီလီယန် အမ်ဘာပေကို ရာသီကုန်တဲ့အထိ ပီအက်စ်ဂျီမှာ ဆက်နေဖို့ တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပဲရစ်မှာ အနာဂတ် မရေမရာဖြစ်နေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက ဇာတ်လမ်းအပြီး စာချုပ်သက်တမ်း နောက်ဆုံးလအနည်းငယ်နဲ့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အမ်ဘာပေရဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းဟာ အမှန်တကယ်တော့ ၂၀၂၄ ခုနှစ်အထိသာ ဖြစ်ပြီး ကစားသမားက စိတ်ပါမှသာ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ပေးထားတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီစာချုပ်ပါ အချက်ကို အသက်သွင်းရမယ့်အချိန် ရောက်လာခဲ့ချိန်မှာတော့ အမ်ဘာပေက အသက်မသွင်းဖို့ ရွေးချယ်ခဲ့တာကြောင့် ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ ကြယ်ပွင့်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အရေးကနေ ရှောင်လွှဲနိုင်ဖို့ နည်းမျိုးစုံ စဉ်းစားနေရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်သစ် ချုပ်မလား၊ အသင်းကနေ ချက်ချင်းထွက်မလား ရာဇသံပေးခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက အဖြေပြန်မပေးခဲ့ဘဲ ဆော်ဒီ အာရေဗျက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ တုံ့ပြန်မှုကြောင့် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက ဒေါသထွက်ခဲ့ပြီး ပထမအသင်းကနေ ဖယ်ရှားခဲ့ပြီးနောက် ရာသီကြို ဂျပန်ခရီးစဉ်မှာ ချန်လှပ်ပြီး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက်ပိုင်း အမ်ဘာပေကိုပဲ ပြန်လည်ခေါ်ယူခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်း ကစားသမားနဲ့ အသင်းကြား အဆင်ပြေပြီး စာချုပ်သစ် ချုပ်မလိုလို သတင်းတွေ ထွက်ခဲ့ပေမယ့် ခုထိတော့ အမှန်တကယ် ဘာမှ ဖြစ်မလာသေးတာဖြစ်ပါတယ်။

အခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အမ်ဘာပေအနေနဲ့ ပြည်ပကလပ်တွေနဲ့ တရားဝင် အကြိုသဘောတူစာချုပ်အတွက် ဆွေးနွေးခွင့်ရရှိတော့မှာဖြစ်တာကြောင့် အာဆင်နယ်၊ ချဲလ်ဆီးတို့အပါအဝင် အသင်းအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အွန်နရီက အမ်ဘာပေကို အနာဂတ်အတွက် ဆုံးဖြတ်ချက် မချခင် ဒီရာသီကုန်တဲ့အထိ ပီအက်စ်ဂျီနဲ့ ဆက်နေဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်သာ အမ်ဘာပေဆိုရင် အသင်းပြောင်းမှာမဟုတ်ပါဘူး။ ခင်ဗျား စခဲ့တာကို ခင်ဗျား အဆုံးသတ်ချင်မှာပါ။ ခင်ဗျား ဘာကြောင့် ထွက်သွားချင်ရမှာလဲ။ ခင်ဗျား လိဂ်ဖလားကို အနိုင်ရနိုင်သေးတယ်။ သူ ပီအက်စ်ဂျီကို ချစ်ပါတယ်။ ခင်ဗျား အဲဒါကို နားလည်ရမယ်။ သူ့အသင်းကို သူ ချစ်တယ်။ သူက အဲဒီကပဲလေ။ သူ့ကို ကျွန်တော် ရာသီကုန်အထိ ဆက်နေစေချင်တယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန ထြက္ခြာႏိုင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ခီလီယန္ အမ္ဘာေပကို ရာသီကုန္တဲ့အထိ ပီအက္စ္ဂ်ီမွာ ဆက္ေနဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ ျပင္သစ္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ သတင္းေတြ ထြက္ေပၚေနတဲ့ အသင္းေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကေတာ့ ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပဲရစ္မွာ အနာဂတ္ မေရမရာျဖစ္ေနခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက ဇာတ္လမ္းအၿပီး စာခ်ဳပ္သက္တမ္း ေနာက္ဆုံးလအနည္းငယ္နဲ႔ နီးကပ္လာေနၿပီ ျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္းမွာ အမ္ဘာေပရဲ႕ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းဟာ အမွန္တကယ္ေတာ့ ၂၀၂၄ ခုႏွစ္အထိသာ ျဖစ္ၿပီး ကစားသမားက စိတ္ပါမွသာ တစ္ႏွစ္ထပ္မံ သက္တမ္းတိုးခြင့္ေပးထားတာျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

အဲဒီစာခ်ဳပ္ပါ အခ်က္ကို အသက္သြင္းရမယ့္အခ်ိန္ ေရာက္လာခဲ့ခ်ိန္မွာေတာ့ အမ္ဘာေပက အသက္မသြင္းဖို႔ ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီဟာ လာမယ့္ေႏြရာသီမွာ ၾကယ္ပြင့္ကစားသမားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဆုံးရႈံးရမယ့္အေရးကေန ေရွာင္လႊဲႏိုင္ဖို႔ နည္းမ်ိဳးစုံ စဥ္းစားေနရတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီက အမ္ဘာေပကို စာခ်ဳပ္သစ္ ခ်ဳပ္မလား၊ အသင္းကေန ခ်က္ခ်င္းထြက္မလား ရာဇသံေပးခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက အေျဖျပန္မေပးခဲ့ဘဲ ေဆာ္ဒီ အာေရဗ်က ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈ ရရွိခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ တုံ႔ျပန္မႈေၾကာင့္ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြက ေဒါသထြက္ခဲ့ၿပီး ပထမအသင္းကေန ဖယ္ရွားခဲ့ၿပီးေနာက္ ရာသီႀကိဳ ဂ်ပန္ခရီးစဥ္မွာ ခ်န္လွပ္ၿပီး ဖိအားေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာသီအစပိုင္းမွာ ရလဒ္ေတြ ဆိုး႐ြားခဲ့ၿပီးေနာက္ပိုင္း အမ္ဘာေပကိုပဲ ျပန္လည္ေခၚယူခဲ့ရတာျဖစ္ၿပီး အဲဒီေနာက္ပိုင္း ကစားသမားနဲ႔ အသင္းၾကား အဆင္ေျပၿပီး စာခ်ဳပ္သစ္ ခ်ဳပ္မလိုလို သတင္းေတြ ထြက္ခဲ့ေပမယ့္ ခုထိေတာ့ အမွန္တကယ္ ဘာမွ ျဖစ္မလာေသးတာျဖစ္ပါတယ္။

အခုလာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အမ္ဘာေပအေနနဲ႔ ျပည္ပကလပ္ေတြနဲ႔ တရားဝင္ အႀကိဳသေဘာတူစာခ်ဳပ္အတြက္ ေဆြးေႏြးခြင့္ရရွိေတာ့မွာျဖစ္တာေၾကာင့္ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔အပါအဝင္ အသင္းအမ်ားအျပားနဲ႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ အြန္နရီက အမ္ဘာေပကို အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ မခ်ခင္ ဒီရာသီကုန္တဲ့အထိ ပီအက္စ္ဂ်ီနဲ႔ ဆက္ေနဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္သာ အမ္ဘာေပဆိုရင္ အသင္းေျပာင္းမွာမဟုတ္ပါဘူး။ ခင္ဗ်ား စခဲ့တာကို ခင္ဗ်ား အဆုံးသတ္ခ်င္မွာပါ။ ခင္ဗ်ား ဘာေၾကာင့္ ထြက္သြားခ်င္ရမွာလဲ။ ခင္ဗ်ား လိဂ္ဖလားကို အႏိုင္ရႏိုင္ေသးတယ္။ သူ ပီအက္စ္ဂ်ီကို ခ်စ္ပါတယ္။ ခင္ဗ်ား အဲဒါကို နားလည္ရမယ္။ သူ႔အသင္းကို သူ ခ်စ္တယ္။ သူက အဲဒီကပဲေလ။ သူ႔ကို ကြၽန္ေတာ္ ရာသီကုန္အထိ ဆက္ေနေစခ်င္တယ္”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet