အာဆင်နယ်ခြေစွမ်းအရမ်းကောင်းလာရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ အော်ဒီဂွါဒ်
မာတင် အော်ဒီဂွါဒ်က အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို အမီလိုက်နိုင်အောင် ဂိုးပေါက်ရှေ့မှာ ကောင်းမွန်တဲ့ အဆုံးသတ်နိုင်စွမ်း ပြန်လည်ရှာတွေ့ခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်ဟာ စနေနေ့ညက ဘန်လေကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲရရှိခဲ့ပြီဖြစ်ပြီး ဂန်းနားတွေဟာ ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ၄ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်လေနဲ့ပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒီဇင်ဘာလအစောပိုင်းနောက်ပိုင်း ပထမဆုံး သွင်းဂိုးကို သွင်းယူခဲ့တဲ့ အော်ဒီဂွါဒ်က အသင်းဖော်တွေအနေနဲ့ ဂိုးပေါက်ရှေ့မှာ ယုံကြည်ချက် ပြန်လည် ရရှိနေတာကို မြင်တွေ့ရတာ ဝမ်းသာနေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာနည်းနည်း ပျောက်ဆုံးနေခဲ့တာက ဒါပဲလို့ ထင်တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲအနည်းငယ်အတွင်း ကျွန်တော်တို့ ဂိုးရှေ့မှာ အရမ်းကောင်းမွန်ခဲ့တယ်။ ကျွန်တော်တို့ ပင်နယ်တီဧရိယာထဲမှာ လူတွေအများကြီး ရှိနေပြီး ပင်နယ်တီဧရိယာဝန်းကျင်မှာလည်း ဂိုးသွင်းနိုင်တဲ့ အခြေအနေတွေအများကြီးရှိခဲ့တယ်။ အဲဒီတော့ ဟုတ်ပါတယ်။ အဲဒါက အရမ်းကောင်းခဲ့ပါတယ်။ နောက်ဆုံးပွဲက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် တကယ်ကောင်းတဲ့ပွဲကို ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီတိုင်းပဲ ဆက်ကစားသွားရမယ်။ ရာသီကုန်ဖို့က အဝေးကြီးလိုသေးပြီး ကျွန်တော်တို့ အရာတော်တော်များများမှာ တိုးတက်အောင် လုပ်နိုင်ပါသေးတယ်။ ခံယူချက်နဲ့ ဆိုင်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဒီတိုင်း ဆက်သွားချင်နေပြီး ဆက်ပြီးတော့ တိုးတက်ချင်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာတော့ ဗုဒ္ဓဟူးနေ့မှာ ပေါ်တိုအိမ်ကွင်းကို သွားကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အပေါ်မှာ အာရုံစိုက်နေပြီဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မာတင္ ေအာ္ဒီဂြါဒ္က အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္ကို အမီလိုက္ႏိုင္ေအာင္ ဂိုးေပါက္ေရွ႕မွာ ေကာင္းမြန္တဲ့ အဆုံးသတ္ႏိုင္စြမ္း ျပန္လည္ရွာေတြ႕ခဲ့တဲ့ အသင္းေဖာ္ေတြကို ခ်ီးက်ဴးခဲ့ပါတယ္။
အာဆင္နယ္ဟာ စေနေန႔ညက ဘန္ေလကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ပရီးမီးယားလိဂ္ ၅ ပြဲဆက္ ႏိုင္ပြဲရရွိခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြဟာ ေဆာင္းရာသီအားလပ္ရက္မတိုင္ခင္ ၄ ပြဲမွာ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ၂၁ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘန္ေလနဲ႔ပြဲမွာ အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီး ဒီဇင္ဘာလအေစာပိုင္းေနာက္ပိုင္း ပထမဆုံး သြင္းဂိုးကို သြင္းယူခဲ့တဲ့ ေအာ္ဒီဂြါဒ္က အသင္းေဖာ္ေတြအေနနဲ႔ ဂိုးေပါက္ေရွ႕မွာ ယုံၾကည္ခ်က္ ျပန္လည္ ရရွိေနတာကို ျမင္ေတြ႕ရတာ ဝမ္းသာေနတာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ ေဆာင္းရာသီအားလပ္ရက္မတိုင္ခင္ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္မွာနည္းနည္း ေပ်ာက္ဆုံးေနခဲ့တာက ဒါပဲလို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ပြဲအနည္းငယ္အတြင္း ကြၽန္ေတာ္တို႔ ဂိုးေရွ႕မွာ အရမ္းေကာင္းမြန္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာထဲမွာ လူေတြအမ်ားႀကီး ရွိေနၿပီး ပင္နယ္တီဧရိယာဝန္းက်င္မွာလည္း ဂိုးသြင္းႏိုင္တဲ့ အေျခအေနေတြအမ်ားႀကီးရွိခဲ့တယ္။ အဲဒီေတာ့ ဟုတ္ပါတယ္။ အဲဒါက အရမ္းေကာင္းခဲ့ပါတယ္။ ေနာက္ဆုံးပြဲက အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ တကယ္ေကာင္းတဲ့ပြဲကို ကစားႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီတိုင္းပဲ ဆက္ကစားသြားရမယ္။ ရာသီကုန္ဖို႔က အေဝးႀကီးလိုေသးၿပီး ကြၽန္ေတာ္တို႔ အရာေတာ္ေတာ္မ်ားမ်ားမွာ တိုးတက္ေအာင္ လုပ္ႏိုင္ပါေသးတယ္။ ခံယူခ်က္နဲ႔ ဆိုင္တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ဒီတိုင္း ဆက္သြားခ်င္ေနၿပီး ဆက္ၿပီးေတာ့ တိုးတက္ခ်င္ေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ လက္ရွိမွာေတာ့ ဗုဒၶဟူးေန႔မွာ ေပၚတိုအိမ္ကြင္းကို သြားကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္အေပၚမွာ အာ႐ုံစိုက္ေနၿပီျဖစ္ၿပီး ၂၀၁၆-၂၀၁၇ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News