အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ 1024 576 coyg

အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ

ကီရန် တီယာနီက အာဆင်နယ်ကနေ ရီးရဲလ် ဆိုစီဒက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြ အာတီတာနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဇင်ချန်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့် မရရှိတော့တာဖြစ်ပြီး ယခုရာသီမှာလည်း ဂန်းနားတွေရဲ့ ပွဲနေ့ လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

စကော့တလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြားရှိခဲ့တာဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်က ယခုအပတ်အစောပိုင်းမှာ အာဆင်နယ်နဲ့ တီယာနီအတွက် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

တီယာနီက အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် အာတီတာအပေါ်မှာ ပြင်းထန်တဲ့ ခံစားချက်မျိုးမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာဖြစ်ပြီး ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့အတွက်သာ အသင်းကို စွန့်ခွာခဲ့တာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အသင်းကို စွန့်ခွာခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော် များများစားစား မကစားခဲ့ရလို့ပါ။ ကျွန်တော်က ပွဲအများကြီးကစားချင်ခဲ့ပြီး အဲဒီအတိုင်း ရီးရဲလ် ဆိုစီဒက်မှာ လုပ်ဖို့ ကြိုးပမ်းချင်ပါတယ်။ ကျွန်တော် အာဆင်နယ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ရီးရဲလ်က ကျွန်တော့်ကို ဒီမှာရှိစေချင်ခဲ့တယ်ဆိုတာ သိနေပြီး ဒီက လူတွေဆီကနေ ချစ်ခြင်းတရားကို ခံစားရတာ အရမ်းကောင်းပါတယ်။ စပိန်နိုင်ငံမှာ နေရပြီး ဒီမှာ နေရတဲ့ အတွေ့အကြုံနဲ့ လာလီဂါမှာ ကစားရတဲ့ အတွေ့အကြုံက ကျွန်တော် အရမ်း ဂုဏ်ယူရတဲ့အရာပါ။ ကျွန်တော့်အတွက် ဒီမှာ အရာအားလုံးကောင်းကောင်း ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ အသင်းက အရမ်းကို အကောင်းမြင်စိတ်ရှိရမယ်လို့ ထင်တယ်။ သူတို့တွေက ချန်ပီယံလိဂ်မှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ သူတို့တွေ ပြီးခဲ့တဲ့ရာသီမှာ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျွန်တော် အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ကျွန်တော်တို့ အဲဒီတာဝန်ကို လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်(ချန်ပီယံလိဂ်မှာ ကစားဖို့)။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ကီရန္ တီယာနီက အာဆင္နယ္ကေန ရီးရဲလ္ ဆိုစီဒက္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ နည္းျပ အာတီတာနဲ႔ ဘာျပႆနာမွ မရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ဇင္ခ်န္ကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ပြဲထြက္ခြင့္ မရရွိေတာ့တာျဖစ္ၿပီး ယခုရာသီမွာလည္း ဂန္းနားေတြရဲ႕ ပြဲေန႔ လူစာရင္းထဲမွာ ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

စေကာ့တလန္လက္ေ႐ြးစင္ေနာက္ခံလူကို ေခၚယူခ်င္တဲ့ အသင္းေတြ အမ်ားအျပားရွိခဲ့တာျဖစ္ၿပီး ရီးရဲလ္ ဆိုစီဒက္က ယခုအပတ္အေစာပိုင္းမွာ အာဆင္နယ္နဲ႔ တီယာနီအတြက္ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

တီယာနီက အမ္းမရိတ္စ္ကေန ထြက္ခြာခဲ့ရတဲ့အေပၚ အာတီတာအေပၚမွာ ျပင္းထန္တဲ့ ခံစားခ်က္မ်ိဳးမရွိဘူးလို႔ ရွင္းရွင္းလင္းလင္း ေျပာဆိုခဲ့တာျဖစ္ၿပီး ပုံမွန္ပြဲထြက္ကစားခြင့္ရရွိဖို႔အတြက္သာ အသင္းကို စြန႔္ခြာခဲ့တာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အသင္းကို စြန႔္ခြာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ကြၽန္ေတာ္ မ်ားမ်ားစားစား မကစားခဲ့ရလို႔ပါ။ ကြၽန္ေတာ္က ပြဲအမ်ားႀကီးကစားခ်င္ခဲ့ၿပီး အဲဒီအတိုင္း ရီးရဲလ္ ဆိုစီဒက္မွာ လုပ္ဖို႔ ႀကိဳးပမ္းခ်င္ပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္နဲ႔ ဘာျပႆနာမွ မရွိပါဘူး။ရီးရဲလ္က ကြၽန္ေတာ့္ကို ဒီမွာရွိေစခ်င္ခဲ့တယ္ဆိုတာ သိေနၿပီး ဒီက လူေတြဆီကေန ခ်စ္ျခင္းတရားကို ခံစားရတာ အရမ္းေကာင္းပါတယ္။ စပိန္ႏိုင္ငံမွာ ေနရၿပီး ဒီမွာ ေနရတဲ့ အေတြ႕အႀကဳံနဲ႔ လာလီဂါမွာ ကစားရတဲ့ အေတြ႕အႀကဳံက ကြၽန္ေတာ္ အရမ္း ဂုဏ္ယူရတဲ့အရာပါ။ ကြၽန္ေတာ့္အတြက္ ဒီမွာ အရာအားလုံးေကာင္းေကာင္း ျဖစ္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။ အသင္းက အရမ္းကို အေကာင္းျမင္စိတ္ရွိရမယ္လို႔ ထင္တယ္။ သူတို႔ေတြက ခ်န္ပီယံလိဂ္မွာ ရွိေနဖို႔ ထိုက္တန္ပါတယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ရာသီမွာ အရမ္းေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရး ျပဳလုပ္ခဲ့ၿပီးျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒီတာဝန္ကို လုပ္ေဆာင္သြားရမယ္လို႔ ထင္ပါတယ္(ခ်န္ပီယံလိဂ္မွာ ကစားဖို႔)။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet