အာဆင်နယ်ကို ရှုံးခဲ့ပေမယ့် လေမလျှော့သေးတဲ့ မန်စီးတီးကြယ်ပွင့် 1024 576 coyg

အာဆင်နယ်ကို ရှုံးခဲ့ပေမယ့် လေမလျှော့သေးတဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီး ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားက ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဂန်းနားတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က တနင်္ဂနွေနေ့ ဝင်ဘလေမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွန်မြူနတီဒိုင်းကို ရရှိသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ဗင်းဆင့် ကွန်ပနီရဲ့အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းကို တစ်ရာသီလုံး စိန်ခေါ်ခဲ့တာဖြစ်ပြီး ယခုလာမယ့်ရာသီမှာလည်း မန်ချက်စတာစီးတီးအတွက် အဓိကပြိုင်ဘက်အဖြစ် ယူဆခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာက လာမယ်ံရာသီသစ်မတိုင်ခင် လူစာရင်းကို အင်အားဖြည့်တင်းထားတာဖြစ်ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဒီဘရိုင်းနားက မြောက်လန်ဒန်ကလပ်အသင်းနဲ့ပတ်သက်ပြီး စိတ်မပူဘဲ ၂၀၂၃-၂၀၂၄ ရာသီမှာ အသင်း ၈ သင်း၊ ၉ သင်းလောက်က စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်ရာသီမတိုင်ခင် အာဆင်နယ်အသင်းကို မန်ချက်စတာစီးတီးရဲ့ အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားလားလို့ မေးမြန်းခဲ့ရာမှာ ဒီဘရိုင်းနားက “၈ သင်း၊ ၉ သင်းလောက်ပေါ့။ အဲဒီတော့ ကျွန်တော် သူတို့နဲ့ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်ပါဘူး။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဘရိုင်းနားက ယခုနွေရာသီ အာဆင်နယ်ရဲ့ ကစားသမားခေါ်ယူမှုတွေကို ချီးကျူးခဲ့ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ တင်းဘားတို့အားလုံးကို ကစားသမားကောင်းတွေလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေက ကစားသမားကောင်းတွေလို့ ထင်တယ်။ သူတို့တွေက သူတို့မှာ ဘာလိုအပ်လဲဆိုတာကို ကြည့်ပြီးတော့ သူတို့ကို ဝယ်ယူခဲ့တာပါ။ သူတို့တွေအားလုံးပွဲထွက်ပါဝင်ကစားပေးခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ သူတို့တွေဟာ သူတို့အတွက် ကြီးမားတဲ့ခေါ်ယူမှုတွေဆိုတဲ့အဓိပ္ပာယ်ပါ။ အားလုံးက သူတို့အသင်းကို သူတို့ ကြည့်ကြပြီး အသင်းတိုင်းက ပိုက်ဆံအများကြီးရှိပါတယ်။ အဲဒီတော့ ဒီလိဂ်မှာ ရှိတဲ့အားလုံးကလည်း အမြဲတမ်း ငွေကြေးသုံးစွဲနေပြီး ကျွန်တော်တို့ အဲဒါကို သိပါတယ်။ နှစ်တိုင်း ပိုပိုပြီး ခက်ခဲလာပါတယ်။ တစ်နည်းမဟုတ် တစ်နည်း ကျွန်တော်တို့ ရှိနေတဲ့နေရာကို ထိန်းသိမ်းဖို့ ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet