အာဆင်နယ်ကို မစွန့်ခွာချင်တော့တဲ့ ပေါင် ၄၅ သန်းတန်ကြယ်ပွင့် 1024 576 coyg

အာဆင်နယ်ကို မစွန့်ခွာချင်တော့တဲ့ ပေါင် ၄၅ သန်းတန်ကြယ်ပွင့်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ငွေကြေးအများအပြား သုံးစွဲပြီး ကစားသမားအများအပြား ခေါ်ယူခဲ့ပြီး လက်ရှိမှာတော့ ကစားသမားထွက်ခွာမှုအပေါ်မှာ အာရုံစိုက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယခုနွေရာသီမှာ သုံးစွဲထားတဲ့ ပေါင်သန်း ၂၀၀ ကျော်ကို ပြန်လည် ရှာဖွေဖို့အတွက် လိုအပ်နေတာဖြစ်ပြီး နာမည်ကြီး ကစားသမားအချို့ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဖိုလာရင် ဘာလိုဂန်နဲ့ ဆမ်ဘီ လိုကွန်ဂါတို့ဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ များနေပြီး သောမတ်စ် ပါတေးကလည်း ဆော်ဒီ အာရေဗျနဲ့ ဂျူဗင်တပ်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ သောမတ်စ် ပါတေးထွက်ခွာဖို့က ဖြစ်နိုင်ခြေ နည်းသည်ထက် နည်းလာပုံပေါ်တယ်လို့ သိရပြီး ဂါနာကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်မှာ ပျော်ရွှင်နေပြီး အထိုင်ကျနေပုံပေါ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ကစားသမားတွေ ရောင်းထုတ်ဖို့ လိုအပ်နေတယ်။ သောမတ်စ် ပါတေးက အပြောင်းအရွှေ့စျေးကွက်အစမှာ သတင်းတွေထွက်ခဲ့ပေမယ့် သူ့ကို ကြည့်ရတာ ပျော်ရွှင်နေပြီး အထိုင်ကျနေပုံပေါ်တယ်။ အာဆင်နယ်က သူ့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး လိုချင်ပါလိမ့်မယ်။ သူက ဒီကလန် ရိုက်နဲ့အတူ ကွင်းလယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ခင်ဗျား ခံစားရတာလည်း မြင့်တက်လာပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက သောမတ်စ် ပါတေးကို ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေတယ်ဆိုရင်တောင်မှပဲ တော်တော်လေး စဉ်းစားစရာဖြစ်ပြီး ဂန်းနားတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် အမ်းမရိတ်စ်မှာ အရင်ကထက် လူအင်အားပိုကောင်းဖို့ အရေးကြီးလာပြီဖြစ်ပါတယ်။

ဒါကြောင့် တူညီတဲ့ နွေရာသီတစ်ခုတည်းမှာပဲ ပထမပွဲထွက်ကွင်းလယ်ကစားသမား နောက်ထပ်တစ်ဦးကို ထွက်ခွာခွင့်ပေးစရာအကြောင်းမရှိဘဲ တကယ်လို့ ထွက်ခွာခွင့်ပေးခဲ့မယ်ဆိုရင်လည်း အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့တစ်ခုသာဖြစ်နိုင်ပြီး ပါတေးသာ ဆက်နေမယ်ဆိုရင်တော့ အာဆင်နယ်အတွက် သတင်းကောင်းဖြစ်လာမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet